www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
KIA တပ်ရင်း(၆)တွင်ပြုလုပ်သော (၅၂) နှစ်မြောက် KIO နေ့အခမ်းအနား Sunday, October 28, 2012

KIA တပ်ရင်း(၆)တွင်ပြုလုပ်သော (၅၂) နှစ်မြောက် KIO နေ့အခမ်းအနား

အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီတွင် KIA တပ်မဟာ (၂)လက်အောက်ခံ၊ တပ်ရင်း (၆) တွင်  (၅၂) နှစ်မြောက် KIO အထိမ်းအမှတ်နေ့ အဖြစ်ကျင်းပပြုလုပ်ခဲ့ပါသည်။ KIO/KIA အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ကျောက်စိမ်းကုမ္မဏီများမှတာဝန်ရှိသူများ၊ ယဉ်ကျေးမှုကော်မတီမှတာဝန်ရှိသူများ၊ အလွှာအသီးသီးမှ ဒေသခံ ကချင်ပြည်သူများ စုစုပေါင်း တစ်ထောင်ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ KIO ဌာနချုပ်မှ ပေးပို့လာသော သ၀န်လွှာတွင် KIO အဖွဲ့အစည်းကြီးဖြစ်ပေါ်လာပုံ သမိုင်းနှင့် လက်ရှိ KIO ၏ နိုင်ငံရေးရပ်တည်ချက်၊ ရှေ့ဆက်သွားမည့် မူဝါဒများ ကို အများပြည်သူ သိစေရန်ရှင်းလင်းတင်ပြခဲ့ပါသည်။ KIA တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ လည်း KIA ဖားကန့်ဒေသ၏ စစ်ရေးနိုင်ငံရေး၊ စီးပွါးရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများအား ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အထူးသဖြင့် ကျောက်စိမ်း ကုမ္မဏီများအရေးကို ဦးစားပေးပြောကြားခဲ့ပါသည်။ ဗမာအစိုးရက တာဝန်မယူလစ်လျူရှုထားခဲ့မှုကြောင့် ကျောက်စိမ်းကုမ္မဏီများ လုယက်ခိုးယူခြင်းခံခဲ့ရသဖြင့် ဆုံးရှုံးမှုကြီးမားခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသော ကုမ္မဏီဖောက်ထွင်းမှုသည် KIA နှင့်သက်ဆိုင်မှုလုံးဝ မရှိကြောင်း၊ ဆက်လက်၍ အစိုးရက လစ်လျူရှုထားသော ကုမ္မဏီများအား KIA တပ်ရင်း (၆)မှ  အတတ်နိုင်ဆုံး အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္မဏီဖောက်ထွင်းမှု၊ လုယက်မှု ကျူးလွန်သူများအား ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အစည်းအဝေးအား နေ့လည် ၁၂ နာရီ ခွဲခန့်တွင် ရုပ်သိမ်းခဲ့ပြီး တည်ခင်း ထားသော အစားအသောက်များဖြင့် ဧည့်သည်တော်များအား တည်ခင်းကျွေးမွေးခဲ့ပါသည်။ 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers