ဗမာအစိုးရ စစ်တပ်များ အပြစ်မဲ့ ရွာသားများကို ပစ်သတ်
အောက်တိုဘာ (၂၀) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း - ကားမိုင်းလမ်းပေါ်ရှိ နန့်ဟိုင်ကျေးရွာမှ ဦးအင်ခွမ်လတောင်ကို ဗမာအစိုးရ၏ တပ်မ (၈၈) လက်အောက်ခံ စစ်တပ်များ အောက်တိုဘာ (၂၇) ရက်နေ့ ညနေပိုင်း (၃း၀၀) နာရီခန့်တွင် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့အတူ ဗမာအစိုးရ စစ်တပ်များသည် မအူပင်ကျေးရွာမှ ဦးဆဂနော်ဂျာ ကိုလည်း ပစ်သတ်သွားခဲ့ကြောင်း ဆက်လက်သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်များသည် ကေအိုင်အေနှင့် ပစ်ပွားသော စစ်ပွဲများတွင် အကျအဆုံးများပြာလာပြီး အရှုံးများနှင့် ရင်ဆိုင်လာသောအခါ အပြစ်မဲ့ ရွာသားများကို ပစ်ခတ်သတ်ဖြတ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
