www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မူနဲ့မလုပ်၊ လူနဲ့ အလုပ်လုပ် Tuesday, October 30, 2012

မူနဲ့မလုပ်၊ လူနဲ့ အလုပ်လုပ်

အောက်တိုဘာ (၃၀) အင်္ဂါ
ကေအိုင်အိုနဲ့ အစိုးရအဖွဲ့တွေတွေ့တာ အခုမှ မဟုတ်တော့ တာ အားလုံးအသိဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ၃-၄ ခေါက် တွေ့ကြတုံး က ဗိုလ်ချုပ်ဂွမ်မော်နဲ့ တခြား ကေအိုင်အို ထိပ်တန်းခေါင်းဆောင်တွေလာကြပါတယ်။ ဒါပေမဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အဖွဲ့မှာ တကယ်တမ်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ၊ ရည်ရွယ်ချက် သီခြားမရှိမှုနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ သူတွေမပါရှိတာကြောင့် နောက်ပိုင်းမှာ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့အခြေအနေကိုရောက်သွားတာပါ။

နောက်ပိုင်း ဦးအောင်သောင်းကနေ ဦးအောင်မင်းကိုပြောင်းတော့လဲ မိုင်ဂျာယန်မှာတွေ့ကြတော့ ဗိုလ်ချုပ်ဂွမ်မော်တို့လာပါသေးတယ်။ ဦးအောင်မင်းရဲ့ အဆိုအရ တပ်ဖက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေပါမှ၊ တပ်ကိစ္စဆွေးနွေးနိုင်မယ်ဆိုပြီး ဘာမှ ရေရာတဲ့ တိုးတက်မှုဆိုတာမရှိခဲ့ပါဘူး။ အဲဒီတစ်ခေါက်ကျတော့ နည်းနည်းထူးခြားတယ်။ ထူးခြားတယ်ဆိုတာက ဦးအောင်မင်းတို့ရဲ့ နိုင်ငံရေးအမြတ်ထုပ်မှုလေးပေါ့။ ဗိုလ်ချုပ် ဂွမ်မော်မလာလို့ စစ်ဖက်ဆိုင်ရာတွေပြန်သွားတယ်၊ ဒါကြောင့် တပ်ဖက်ဆိုင်ရာတွေ မဆွေးနွေးနိုင်ဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပြီး အဖြေမထွက်တာဟာ ဗိုလ်ချုပ်ဂွမ်မော်မလာလို့ ဆိုပြီး ခပ်ညံ့ညံ့ အကြောင်းပြချက်ပေးပြီး သိက္ခာဆယ်ချင်တာသိပ်သိသာနေပါတယ်။ နောက်တစ်ခုတွေ့နိုင်တာက ငြိမ်းချမ်းရေး ရနိုင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး အဖွဲ့မှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ အခုထိ မရှိသေးပဲ လူနဲ့ အလုပ်လုပ်နေပါတယ်ဆိုတဲ့ သဘောပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကေအိုင်အေဖက်မှာ ဗိုလ်ချုပ်ဂွမ်မော် မပါလဲ တပ်ဖက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေပါဝင်ပါတယ်။ တပ်ဖက်ဆိုင်ရာဆွေးနွေးနိုင်သူတွေပါဝင်ပါတယ်။ ဒီလိုအခြေအနေမှာ ဦးအောင်မင်း အနေနဲ့ ဗိုလ်ချုပ်ဂွမ်မော် မလာလို့ တပ်ဖက်ဆိုင်ရာ မဆွေးနွေးနိုင်ဘူးဆိုတာဟာ အစိုးရအဖွဲ့အနေနဲ့ မူနဲ့ အလုပ်လုပ်တာမဟုတ်ပဲ လူနဲ့အလုပ်လုပ်နေတာဆိုတာ ကိုဖော်ပြလိုက်တာပါ။


နောက်တစ်ချက်က ကေအိုင်အို ဌာနချုပ်ရှိတဲ့နေရာကို ၁၀၅ မမ ပစ်တယ်ဆိုတာပါ။ ဒီကိစ္စပြောကြတော့ ၁၀၅ မမ ပစ်ခွင့်ကို ကက(ကြည်း) ကပဲ ပစ်မိန့်ပးခွင့်ရှိတယ်လို့ ဦးအောင်မင်းရှင်းကြောင်း ဖတ်လိုက်ရတယ်။ ဒီလိုဆိုရင် ကက (ကြည်း) က ပစ်ခွင့်ပေးလို့ ၁၀၅ မမနဲ့ အထက်အမြောက်တွေ ပစ်ကြတာပေါ့။ ဒါဆိုရင် သမ္မတကြီး အပစ်ရပ်ဖို့ အမိန့်ထုပ်ထားတယ်ဆိုတာဟာ မမှန်ကန်နိုင်ဘူးလို့ ယူဆလို့ရနိုင်ပါတယ်။ ဘာဖြစ်လို.လဲဆိုတော့ သမ္မတကြီးက အပစ်ရပ်ဖို့ အမိန့်ပေးပေမဲ့ ကက(ကြည်း) က ၁၀၅ မမ နဲ့ အထက် အမြောက်တွေပစ်ဖို့အမိန့်ပးပြီးနေ့စဉ်၊ နေ့စဉ် အလုံးရေ ဆယ်ချီ ပစ်နေကြတာကိုကြည့်ရင် အပစ်ရပ်ဖို့အမိန့်ပဲမထုပ်တာလား၊ ထုပ်တဲ့အမိန့်ကို ကက(ကြည်း) ကပဲ မလိုက်နာတာလားဆိုတာကိုဖော်ပြနေပါတယ်။

နောက်ပြီး တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်ဆိုတာ လူထုအစိုးရအောက်မှာရှိတာ စာဖတ်သူတို့ သိကြမှာပါ။ လူထုအစိုးရအနေနဲ့ တိုက်မိန့်ပေးခွင့်ရှိသလို တပ်ရုပ်သိမ်းမိန့် ပေးခွင့်လဲ ရှိပါတယ်။ ဒါပေမဲ့ ဒို့များ ရွှေမြန်မာပြည်ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီကြီးမှာတော့ တပ်ဖက်ဆိုင်ရာကို လူဝတ်လဲ ဗိုလ်ချုပ်ဟောင်း၊ လက်ရှိဝန်ကြီးများတောင် ပြောခွင့်မရှိပါဘူး။ ဒါဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီရဲ့အားနည်းချက်ကို ဖော်ပြနေသလို စစ်တပ်ရဲ့ လွမ်းမိုးမှုအောက်က ရုန်းထွက်နိုင်ခြင်းမရှိသေးဘူးလို့လဲ ယူဆလို့ရပါတယ်။ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုလျစ်လျူရှူပြီး၊ တပ်ဗိုလ်ချုပ်တွေက သူ့ကိုချစ်ကြောင်းပြောလိုပြော၊ တပ်ကြီးက အရေးပါကြောင်းပြောလိုပြောနဲ့ ဒို့များရွှေမြန်မာနိုင်ငံကြီး လူ့အခွင့်ရေးပေတံနဲ့သာ တိုင်းသာနိုင်တဲ့ ဒီမိုကရေစီစစ်မရသေးဘူးဆိုတာ သိသာနေပါတယ်။

ဒီလိုဒီမိုကရေစီမျိုးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူမရှိပဲ လူနဲ့ သာအလုပ်လုပ်မယ်ဆိုရင် ဦးအောင်မင်းမဆိုနဲ့ သမ္မတကြီး ကိုယ်တိုင်လာဆွေးနွေးလဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ ပစ်မိန့် ရပ်ထားတယ်ဆိုတာဟာ နိုင်ငံရေးအမျက်ထုပ်တာဖြစ်ပြီး တကယ်တန်းလက်တွေ့မှာ မရှိဘူးဆိုတာကို ၁၀၅ မမ အမြောက်ကိစ္စက ဖော်ပြနေပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့သာဆိုရင်ဖြင့် အချိန်တွေသာ ကြာသွားပါမယ်၊ ငြိမ်းချမ်းရေး ပန်းဟာဖြင့် ကချင်ပြည်နယ်နဲ့ အလှမ်းဝေးနေဦးမှာ ပါပဲခင်ဗျာ။

ဂျွန်ထိန်နန်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers