www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မဒဲန်ရွာသားများ၏ ဥစ္စာပစ္စည်းများကို ဗမာစစ်တပ်မှ လုယူ Wednesday, October 24, 2012

မဒဲန်ရွာသားများ၏ ဥစ္စာပစ္စည်းများကို ဗမာစစ်တပ်မှ လုယူ

အောက်တိုဘာ (၂၄) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်း ကားမိုင်းမြို့အနီး မဒဲန်ကျေးရွာတွင် အောက်တိုဘာ (၂၂) ရက်နေ့ ဗမာအစိုးရ၏ တပ်မ (၈၈) မှ စစ်ကြောင်းများရောက်ရှိလာပြီး ရွာသားများ၏ ငွေကြေး၊ ဥစ္စာပစ္စည်းများကို လုယူပြီး၊ ရွာသူရွာသားများ ကိုလည်း ညှင်းပန်းနှပ်စက်ခဲ့ကြောင်း သတင်းရရှိပါသည်။ အောက်အိုဘာ (၂၂) ရက် ည (၈း၀၀ မှ ၉း၀၀) နာရီအတွင် ဗမာစစ်သားများမှ မဒဲန်ရွာမှ ကချင်နှစ်ခြင်း သင်းထောက်ဆရာ ဦးလဟီးခေါင်ဒေါင် နေအိမ်မှ ဦးလဟီးခေါင်ဒေါင်၏ အမှုတော်ထမ်း (၂၅) နှစ်ပြည့်ဂျူဗလီ အထိမ်းအမှတ် ရွှေလက်စွပ် (၂) ကွင်း၊ နားဒေါင်း  (၁) စုံနှင့် အ၀တ်အစားများကို လုယူသွားကြောင်း၊ ဆက်လက်ပြီး ဦးထိန်မန်ယော် ၏ ဈေးဆိုင်မှ ကုန်ပစ္စည်းများကိုလည်း ဗမာစစ်သားများ ကြိုက်နှစ်သက်ရာများကို ယူသွားပြီး၊ ကျန်ပစ္စည်းများကို အကုန်ဖျက်ဆီးထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်သားများမှ မဒဲန်ကျေးရွာသား ဦးဇခုန်ဇော်ခါး (အသက် (၄၀) ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက်သိရှိရပါသည်။ 
ဤဗမာအစိုးရ စစ်တပ်များသည် မဒဲန်ကျေးရွာမှ ထွက်ခွာသွားပြီး နန့်ဟိုင်ကျေးရွာသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း၊ စစ်အင်းအား (၄၀) ခန့်က လွယ်ဆိုင်ရွာတွင်နေရာယူထားကြပြီး၊ အင်အား (၃၀) ခန့်မှာ မိုက်ခရိုဝေ့ပ်ရှိရာ တောင်ကုန်းပေါ်တွင်နေရာယူထားကြောင်း စုံစမ်းသိရှိရပါသည်။ ဗမာအစိုးရစစ်တပ်များ သည် ဘွမ်ဆိုင်း တောင်ပေါ်တွင် လက်နက်ကြီးများ တပ်ဆင်ရန် ပြင်ဆင်နေလျက်ရှိကြောင်းလည်း သတင်းရရှိပါသည်။

There was a torturing and robbing  in Ma Den village, it is near the Kamiang and between the Hpakant – Kamiang road, under the KIA (2nd) Brigade area, western Kachin state, on 22nd October. At 08:00 – 09:00 PM on that day, the Burmese troops from the (88) division arrived in the Ma Den village, thieved two golden ring (which the Church gave him as a 25 years’ service of Deacon), one golden ornamental ear plug and some dresses from Ma Den Baptist church’s deacon Lahi Hkawng Dau house. And continuously, the Burmese soldiers robbed that the valuable things and destroyed the rest of the shop from Htingman Yaw grocery shop. Moreover, the Burmese troops arrested the Zahkung Zau Hka (40 years old  age) from that village.  That same Burmese troops left from Ma Dang village and went on to Nam Hai village. As soon as they arrived, (40) Burmese soldiers took security on Loi Seng village, (30) soldiers settled on Microwave hill. And again, these troops were arranging to set up heavy artillery weapon on Bum Sai Mountain.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers