www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့်ဒေသသို့ အစိုးရတပ်များ စစ်အင်အားအလွန်အကျွံတိုးချဲ့ Tuesday, October 02, 2012

ဖားကန့်ဒေသသို့ အစိုးရတပ်များ စစ်အင်အားအလွန်အကျွံတိုးချဲ့

ဖားကန့်ဒေသို့ တစ်ကျော့ပြန်တိုက်ပွဲများပြင်းထန်လာသည်မှာ တစ်လကျော်လာပြီ ဖြစ်ပါသည်။ ဖားကန့် ဒေသတွင် KIA နှင့်တိုက်ခိုက်ခဲ့သောတိုက်ပွဲများတွင် အစိုးရဖက်မှ အထိခိုက်အကျအဆုံး များလွန်းသည့် အပြင် ကချင်ပြည်နည်၏ အဓိကစီးပွါးရေးမြို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် အစိုးရဖက်မှ ယခုလို စစ်အင်အားကို အလွန်အကျွံသုံးလာခြင်းဖြစ်ကြောင်း ဒေသခံများကယူဆလျှက်ရှိပါသည်။ ယခုအခါ ဖားကန့်ဒေသသို့ အစိုးရ စစ်တပ် တပ်မ (၃၃) နှင့် တပ်မ (၈၈) တို့၏ တပ်ရင်း ပေါင်း (၁၂) ရင်းဖြင့် တိုက်ခိုက်ရန် အစီစဉ် ဆွဲထားကြောင်း၊ ခြေလျှင်တပ်များ KIA တို့ထိန်းချုပ်ထားသောနယ်မြေများကို ကျော်လွန်နိုင်ခြင်းမရှိသည့်အပြင် အကျအဆုံးများလွန်းသဖြင့် လေတပ်အကူအညီဖြင့် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်ကဆိုပါသည်။ ဖားကန့်ဒေသတွင် ဗျူဟာမှူး (၃) ဦးနှင့်အတူ  တပ်ရင်း (၉) ရင်းရောက်ရှိနေပြီး ကျန်ဗျူဟာမှူးတစ်ဦးမှာမှာ တပ်ရင်း (၃)ရင်းနှင့် မိုးကောင်း ၊ကားမိုင်းလမ်းကျောတွင်ရောက်  ရှိနေကြောင်း သိရှိရပါသည်။ သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် KIA အားထိုးစစ်ဆင်ခြင်းမရှိကြောင်း၊ ခုခံကာကွယ်ခြင်းသာဖြစ်ခြင်းနှင့် အစိုးရတပ်များ ရိက္ခာပို့ဆောင်ခြင်းသာဖြစ်ကြောင်း ပြောဆိုသွားသည်ကို တွေ့မြင်ရပါသည်။ သို့သော် ဖားကန့်ဒေသသို့ တပ်ရင်း ၁၂ ရင်း၊ ဗျူဟာမှူး ၄ ဦးဖြင့် လေတပ်အကူအညီများဖြင့် ရိက္ခာပို့ဆောင်သော အစိုးရတပ်အား စာရေးသူတသက် မကြားဖူးပါ။ ထိုသို့ စစ်အင်အားများအလုံးအရင်းဖြင့် ချီတက် လာရာတွင်လည်း ကချင်အိမ်တွေ အကုန်မီးရှို့ပစ်မယ်ဟု ကြွေးကြော်ကာတက်လာခြင်းဖြစ်သဖြင့် အစိုးရစစ်တပ်ဟု ခေါ်ဆိုရန်ခက်ခဲပြီး ဗမာသူပုန်များဟု ခေါ်ရမည်ဟုပင် တွေးမိလာပါသည်။ သမ္မတ၏ ပြောကြားချက်ကတမျိုး၊ ၀န်ကြီးဦးအောင်မင်း၏ လုပ်ရပ်က တစ်မျိုး၊ ကာချုပ်မင်းအောင်လှိုင်၏ လုပ်ရပ်က တစ်မှောက်၊ နှုတ်ဆိတ်နေသောလွှတ်တော်က တစ်ဖုံ အူကြောင်ကြားအစိုးရကို ကချင်လူမျိုးတို့ မည်သို့ ယုံကြည်ရမည်နည်း။ မည်သို့ပင်ဆိုစေကာမူ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) မှ အရာရှိတစ်ဦးက အစိုးရစစ်တပ်တွေ ဘယ်လောက်တက်လာပါစေ၊ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့အသင့်ပါဘဲ၊ ပြင်းထန်စွာတုန့်ပြန်သွားမှာပါ ဟု သူ၏ အမြင်ကိုပြောကြားလာပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers