www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
KIA ယောင်ဆောင်ပြီး ငွေလိုက်တောင်းသူများကိုဖမ်းမိ Thursday, September 06, 2012

KIA ယောင်ဆောင်ပြီး ငွေလိုက်တောင်းသူများကိုဖမ်းမိ

KIA အယောင်ဆောင်ပြီး ငွေလိုက်တောင်းနေသူ ၃ ဦးအား နမ့်မှော်တွင် ပြည်သူလူထု၏ သတင်းပေးချက်အရ သြဂုတ်လ ၁၄ ရက်နေ့တွင်ဖမ်းဆီးရမိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး၊ အခြားတစ်ဦးမှာ မသင်္ကာသူဖြစ်ကြောင်း တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆)မှ အရာရှိတစ်ဦးက ဆိုပါ သည်။ မူးယစ်ဆေးဝါး သုံးစွဲသူနှစ်ဦးမှာ ငွေလိုသဖြင့် လုပ်မိလုပ်ရာလုပ်မိကြောင်းထွက်ဆိုသဖြင့် တစ်ပတ်ခန့် ထိန်းသိမ်းထားပြီး ဆုံးမပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ အခြားတစ်ဦးမှာ စစ်တပ်နှင့် ပတ်သက်သူ ဖြစ်နိုင်ကြောင်း၊ စစ်သား တစ်ဦး၏ မထင်မရှားဓါတ်ပုံ တစ်ပုံနှင့် ရဲစခန်းမှ အရာရှိများနှင့် စစ်တပ်မှ အရာရှိများ၏ ဖုန်းနံပါတ် ပါသော စာအုပ်ငယ်တစ်အုပ်လည်း သိမ်းဆည်းရမိကြောင်း၊ ထိုသူအား အရေးယူနိုင်ရန် ဆက်လက် ထိန်းသိမ်းထား ကြောင်း၊ ၎င်းကဆက်လက်ပြောပြပါသည်။ အမှန်မှာ ထိုသူများသည် KIO အစိုးရ၏ အခွန်ကောက်ပုံစံကို သေချာမသိသောကြောင့်သော်လည်းကောင်း၊ KIO အစိုးရအား ဆပ်ကြေးကောက်သည့် အဖွဲ့အစည်း အဖြစ်မြင်စေရန် ဗမာစစ်တပ်၏ လုပ်ဆောင်ချက်လည်းဖြစ်နိုင်ကြောင်း၊ ယခုအခါ ဗမာစစ်တပ်တွင် စခုန်တိန်ရင်းနှင့် လဆန်အောင်ဝါတို့၏ ကချင်စကားပြောနိုင်သောတပ်သားအချို့ ဗမာစစ်တပ်ထဲတွင်ပါဝင် နေပြီး ၎င်းတို့အားအသုံးချ၍ KIO အစိုးရ နာမည်ပျက်အောင်၊ ပြည်သူလူထု အမြင်မှားစေရန်ရည်ရွယ်ချက် ရှိရှိပြုလုပ်နေကြောင်း၊ ကချင်လူထုကထင်မြင်နေကြပါသည်။  ကေအိုင်အေ တပ်ရင်း (၆) မှအရာရှိက  “ဒီခေတ်က ဆပ်ကြေးကောက်တဲ့ခေတ်မဟုတ်တော့ဘူးလေ၊  ဗမာအစိုးရက အခုထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုဆို လူသတ်၊ ဆပ်ကြေး ကောက်စတဲ့ အဖွဲ့များအဖြစ်မြင်စေရန် ၀ါဒဖြန့်နေတုန်းဘဲ၊ သတင်းအမှောင်ချလို့ရတဲ့ခေတ်မဟုတ်တော့ဘူး၊ ကျွန်တော်တို့ က အစိုးရတစ်ရပ်အဖြစ် ရပ်တည်နေတာကြာပါပြီ၊ ဘယ်သူက အစိုးရဆန်ပြီး၊ ဘယ်သူက သူပုန်ဆန်တယ် ဆိုတာ ပြည်သူလူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ် “ ဟုသူ၏ အမြင်ကိုပြောပြ ပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers