www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာစစ်တပ် ဆိုင်းတောင်အနီး ဆိုင်းအောင်ရွာအတွင်းသို့ ပရမ်းပတာပစ်ခတ် Saturday, September 08, 2012

ဗမာစစ်တပ် ဆိုင်းတောင်အနီး ဆိုင်းအောင်ရွာအတွင်းသို့ ပရမ်းပတာပစ်ခတ်

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီခွဲခန့်တွင် ဆိုင်းအောင်ရွာအနီးတောထဲတွင် ပုန်းအောင်းနေသော ဗမာစစ်သားများသည် KIA ပြည်သူ့စစ်တို့ထောင်ထားသော မိုင်းနင်းမိပြီး ၁၀ ဦး ကျော်ခန့် ဒဏ်ရာရရှိသွားပါသည်။ စိတ်ဆိုးဒေါသထွက်နေသော ဗမာစစ်သားများသည် လက်နက်ကြီးလက်နက်ငယ် များဖြင့် ဆိုင်းအောင်ရွာအတွင်းသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် လူ ၄ ဦးထက်မနည်း ဒဏ်ရာရရှိပြီး၊ နေအိမ်တစ်လုံး ပျက်စီးသွားပါသည်။ လမ်းသွားလမ်းလာများကိုလည်း ဒူးထောက်၊ လက်မြှေက်ခိုင်းကာ ဆဲရေးတိုင်းထွာကာ ရိုက်နှက်ကြောင်း၊ အချို့ မှ   သေနတ်သံများ   ကြောင့်  ကြောက်လန့်ကာ ထွက်ပြေးလာသဖြင့် စစ်သားများ၏ အော်သံကို မကြားဘဲ ဆက်သွားမိသဖြင့် တရုတ်လူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်ခံခဲ့ရပါသည်။ ၀မ်းဗိုက်တွင် ထိခိုက်သွားပြီး ဖားကန့် ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း သတင်းရရှိပါသည်။ 

ထိုစစ်သားများသည် ကျောက်စိမ်းကုမ္မဏီဝင်း အနောက်ဖက်ရှိ တောင်ပေါ်မှ ဆိုင်းအောင်ရွာအတွင်းသို့   သေနတ်များဖောက်ကာဝင်ရောက်လာခြင် ဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုပါသည်။ 

ပဒိုင်းတောင်( ဖရီဘွမ်) တွင် ဗမာစစ်သား ၆ ဦးကျ ဆိုင်းတောင်နမ့်မှော်အနီး ပဒိုင်းတောင်တွင် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၉ နာရီခန့်တွင် တောတွင်းတွင်ပုန်းအောင်းနေ တာမခန်မှ ဗမာစစ်တပ်သည် စစ်ကြောင်းချီလာရာ အသင့် စောင့်ဆိုင်းနေသော KIA တပ်ရင်း ၆ မှ မျိုးချစ်ပြည်သူ့စစ်များနှင့် တိုက်ပွဲဖြစ်ကာ ၆ ဦး ခန့် ကျဆုံးသွားကြောင်း အရာရှိတစ်ဦးက အတည်ပြုပြောကြားလာပါသည်။ ထိုစစ်တပ်မှာ တာမခန်သို့   ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ကျဆုံးသွားသော စစ်သားများ၏ လက်နက်များကို ကိုင်ဆောင်ကာ စစ်သားတစ်ဦးလျှင် လက်နက် ၂ လက်စီဖြင့် တာမခန်ဖက်သို့ ဆုတ်ခွာသွားသည် ဟု အရပ်သား မျက်မြင်တစ်ဦးက အတည်ပြုပြောကြားလာပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers