www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကွာရှင်း ပြတ်စဲရန် အလိုရှိ

ငါတို့ကချင်ပြည်၊ ကျောက်စိမ်းထွက်တဲ့မြေ၊ ဖါးကန့်ဒေသ၊ သြဂုတ်လ ၂၉ ရက်က၊ တပ်မတော်အစိုးရ၊ လက်နက်အလုံးအရင်းနဲ့တက်လာပြီး သကာလ၊ ကေအိုင်အိုကို အဓ္ဓတိုက်ခိုက်ခဲ့သော စစ်ပွဲကြီးကြောင့်၊မော်ထဲမှာ ကမ္ဘာပျက်တဲ့အလား၊ တမဟုတ်ချင်း၊ မရှုမလှ၊ စစ်သားတွေ မက၊ လူတွေသေ၊ အဖိုးတန် ရတနာတွေ၊ စက်ကရိယာ၊ ယန္တယား အကြီးစား စက်တွေ၊ ယမ်းတိုက်တွေ၊ မရေမတွက်နိုင်သော ကာလ တန်ဖိုးများစွာ ဆုံးရှုံးခဲ့ရသော သတင်းဆိုးကို အဝေးတနေရာက ကြားသိခဲ့ရပါတယ်။မမျှော်လင့်သောသတင်းဆိုးကို ကြားရစဉ်က၊ များစွာစိတ်မကောင်းဖြစ်မိပါတယ်လေ။
                   သို့သော်လည်း နောက်ဆွဲတွဲ သတင်းမှာ ဝမ်းနည်းဖွယ် မဟုတ်ဘဲ စိတ်ညစ်ဖွယ် ခံစားရမိပြန်ပါတယ်။ အကြောင်းအရာမှာ၊ မြန်မာခေါင်းဆောင်တို့၏ ထုံးစံအတိုင်း၊ အဖြူကို အမဲ၊ အမဲကို အဖြူ၊ အမှန်ကို အမှား၊ အမှားကို အမှန်၊ ကပြောင်းကပြန် ပြောတတ် ဆိုတတ် လွန်းသော အကျင့်ဆိုးကြောင့်ပါဘဲ။ အခုလည်းဘဲ တချက်ခုတ် နှစ်ချက်ပြတ်သဘော လုပ်ကြပြန်ပြီလေ။
                   မဟာပျက်စီးမှု ဖြစ်သွားရှာတဲ့ဝေအောင်ကမ္ဘာကုမ္ပဏီဟာ ဝတိုင်းရင်းသား “ဝေမိသားစု“ ပိုင်ကုမ္ပဏီ ဖြစ်သတဲ့။ ဒီလိုဆုံးရှုံးခြင်းခံရတော့၊ ဝတိုင်းရင်းသားတွေက၊ တပ်မတော်ကို အခဲမကြေ အညိုးထားမှာစိုးရိမ်ပြီပေါ့။ ကေအိုင်အေနဲ့ညီအကိုလည်းတော်ပြီး၊ ဝတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့၊ကေအိုင်အေတို့ဟာမဟာမိတ်ဖြစ်ခဲ့ကြတာကိုလည်း အစိုးရကသိထားတော့၊ သွေးထပ်ခွဲတဲ့ မကောင်းသတင်းကို ယုတ္တိမဲ့စွာ လွင့်လိုက်ပြီလေ။
                   “ကေအိုင်အေက၊ ဝေအောင်ကမ္ဘာထဲ၊ လက်နက်ခဲယမ်းမီးကျောက် တန်ချိန်များစွာကို ကြိုလှောင်ထားပြီး၊ တပ်မတော် ရဲဘော်တွေပြေးတက်ဝင်ရောက် လာတာနဲ့ remote-control ကိုအသုံးပြု ပစ်ဖေါက်ဖျက်ဆီး လိုက်တာ ဖြစ်တယ်“  တဲ့လ။ ယုတ္တိရှိရဲ့လား? အရပ်ကတို့။
                   ဝတိုင်းရင်းသားတွေကော ယုံကြည်မှာတဲ့လား? ဦးနှောက်ဥာဏ်မရှိတဲ့ နွားတွေရဲ့ အကျင့်ဆိုး လံကြုတ် စကားတွေမှန်း သိသာထင်ရှားလှပါတယ်။ ကြည့်လည်းလိမ်ကြ၊ ညှစ်ကြပါအုံး။တော်ကြာ- တချက်ခုတ်နှစ်ချက်ပြတ် မဟုတ်ဘဲ၊ တရှက်က နှစ်ရှက်ရ ဖြစ်သွားပါအုံးမယ်။ အပြစ်ကို တဖက်ထံ ပုံချတတ်တဲ့အကျင့်ဟာ ကလေးဆန်လွန်းပါတယ်။ လူကြီးလူကောင်း စကား၊ အရာရှိ စကားမပြောတတ်ကြတော့ဘူး ထင်ပါရဲ့။
                   မြန်မာ အစိုးရခေါင်းဆောင် တိုင်းဟာ၊ နိုင်ငံရေးပညာ မတတ်တဲ့ စစ်ခေါင်းဆောင်တွေချည်းဘဲလေ။ ဒါလောက်တော့ညံ့မှာပေါ့လို့- နိုင်ငံတကာက နားလည်ခွင့်လွတ် ပေးကြပြီး၊ စီးပွားရေးပေါင်းကြအုံးမှာပေါ့နော်။ ဒို့ကတော့ ဒီကောင့်တွေကို စိတ်ညစ်လိုက်တာ။ ဒါကြောင့် ဒီကောင်တွေနဲ့ မပေါင်းလို တော့တာ ပေါ့ကွာ။ အနိုင်ကျင့်ချင်တဲ့ စိတ်က ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ကြဘူးကွဲ့။ ကြာလေ ကြာလေ၊ သောက်ကျင့်တွေ ကပေါ်လေပါဘဲ။ ပေါင်းလို့ကို မပျော်ပါဘူး။ တသက် လုံးစိတ်ညစ်နေရတယ်။
                   ဒို့တိုင်းရင်းသားတွေရဲ့ ဘဝ ဟာ၊ ချစ်သူရည်းစား မဟုတ်ဘဲ၊ မိဘက အတင်းပေးစားလို့ ငြားခဲ့ကြတဲ့၊ အမူအကျင့်မတူ၊ အကြိုက်ချင်း ညှိလို့မရသော လင်မယားလို ဖြစ်နေပါပြီ။ လူသားဆန်စွာ၊ ငါတို့သီးသန့်လွတ်လပ်ဖြူစင်သော၊ စိတ်မညစ်ရသော ဘဝလှလှလေး ကို ထူထောင်ဖို့ ကြိုးစားနေကြပါပြီ။ အောင်မြင်ဖို့ကျိန်းသေ ပြီလို့ ရူပါရုံရထားပါပြီ။ ထို့ကြောင့်အားတင်းပြီးရုန်းကန်ကြပါစို့လို့-ကချင်တမျိုးသားလုံးကို ခွန်အားသစ်လောင်းပေးလိုက်ရပါတယ်။
                                                                                                                           
မနောမြေ - စိန်
၁၅/၉/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers