www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့်ဝန်ထမ်းများအား ဗမာအစိုးရတာဝန်မယူကြောင်းနှုတ်မိန့်ထုတ် Monday, September 10, 2012

ဖားကန့်ဝန်ထမ်းများအား ဗမာအစိုးရတာဝန်မယူကြောင်းနှုတ်မိန့်ထုတ်

တိုက်ပွဲများဖြစ်နေသော ဖားကန့်ဒေသတွင် ဗမာအစိုးရ၀န်ထမ်းများအား ၃ ရက်အတွင်း မိမိအစီအစဉ်ဖြင့် ပြန်ရန်၊ ထိုရက်ကျော်သွားပါက ၎င်းတို့၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း၊ လျှော်ကြေးပေးမည်လည်း မဟုတ်ဟုတ်ကြောင်း ဗမာအစိုးရ ဌာနဆိုင်ရာ အသီးသီးမှ လူကြီးများက နှုတ်မိန့်ဖြင့် ပြောဆိုခဲ့ကြောင်း ၀န်ထမ်းလောကမှ သိရှိရပါသည်။ ဗမာအစိုးရ ၀န်ထမ်းများသည် ယခုကဲ့သို့ အစိုးရ၏ တာဝန်မယူမှုကို အလွန်မကျေမနပ်ဖြစ်နေကြကြောင်းသိရှိရပါသည်။ ယခုအခါ လက်နက်အားကိုးဖြင့် ပြည်သူလူထုကို မတရား ဖိနှိပ်အုပ်ချုပ်ခဲ့သော ရဲများ၊ စရဖ၊ ‘စ’ သုံးလုံး၊ မူးယစ်ရဲများ၊ မီးသတ်သမားများသည် မိမိတို့၏ တပ်စခန်း တွင်လည်းမအိပ်ရဲဘဲ ဆွေမျိုးများ၊ အသိမိတ်ဆွေများထံ လိုက်အိပ်နေရကြောင်း၊ အလွန်ထိတ်လန့် ဖြစ်နေကြောင်းသိရှိရပါသည်။ ၎င်းတို့မှာ ဖားကန့်မှ ပြန်လျှင်လည်းမလုံခြုံ၊ ဆက်နေလျှင်လည်း အသက် အန္တရာယ်စိုးရိမ်ရနှင့် သွေးလန့်နေကြပါသည်။ အစိုးရ၀န်ထမ်းအချို့မှာ ကတုံးတုံးပြီး ဘုန်းကြီးဟန်ဆောင်ကာ၊ အချို့မှာ မော်တော်ယဉ်တွင် သံဃာအလံထောင်ပြီး အချို့မှာ ခရီးသည်ဟန်ဆောင်ကာဖားကန့်မှ ထွက်ခွါနေကြပါသည်။ အစိုးရ၀န်ထမ်းများသည် ၀ဋ္ဋ်လည် နေသည်ဟု ဒေသခံအများကယူဆနေကြပါသည်။ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ အရာရှိက လက်နက်မပါဘဲ ခရီးသည်အနေနဲ့ဆင်းရင်တော့ အားလုံးကို ခွင့်ပြုပါတယ်၊ လုံခြုံရေးအရတော့ စစ်ဆေးမှုတော့ရှိပါတယ် ဟုပြောကြားလာပါသည်။ ယခုအခါ ဗမာအစိုးရတပ်တို့ နေ့စဉ်ရက်ဆက် ထိုးစစ်ဆင်နေသဖြင့် စစ်ပြေးဒုက္ခသည် ကိုးထောင်ကျော်လာပြီး ပြည်သူ အများ ဖားကန့်ဒေသအားစွန့်ခွာနေကြပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers