ဗျူဟာမှူးမှ ရပ်မိရပ်ဖများအား အစည်းအဝေးခေါ်ယူပြီး ငြိမ်းချမ်းရေးစာတင်းခိုင်း
သြဂုတ်လ ၂၈ ရက်နေ့တွင် ဗျူဟာကုန်းတွင် ဖားကန့်ရှိ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမှ တာဝန်ရှိလူကြီးများကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးအတွက် စာတင်ခိုင်သည်ဟု ဘာသာရေးအသိုင်းအ၀ိုင်းမှ သိရှိရပါသည်။ ယခုအချိန်တွင် ဗမာစစ်တပ်သည် စစ်ရေးအထိနာနေသဖြင့် စစ်ရေးအရ အချိန်ဆွဲပြင်ဆင်ရန် ယခုကဲ့သို့ ရပ်မိရပ်ဖများကို အသုံးချ လာခြင်းဖြစ်သည်ဟု အများကယူဆကြပါသည်။ ငြိမ်းချမ်းရေးကောက်မတီအဖြစ် ရပ်မိရပ်ဖ(၅၅) ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး စာတင်ခဲ့ခြင်းဖြစ်သည်။ ဖားကန့်ဒေသ နာမည်ကြီးအသင်းတော်များဖြစ်ည် ကချင်နှစ်ခြင်းအသင်းတော်မှ သင်းအုပ် ဆရာကြီးဦးဘောင်တူးဂျာ၊ ကက်သလစ်အသင်းတော်မှ ဆရာကြီး ဘလားဂမ်အောင်နှင့် အခြားကချင်ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများမှ လူကြီးများပါဝင်နေသည် ကိုအံ့သြစွားတွေ့ရှိရပါသည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်း အပေါ် ကချင်လူထုအကြား သဘောထားအမျိုးမျိုးကွဲဖြားနေပြီး အများစုမှာ သဘောမကျဖြစ်နေကြပါသည်။
ကချင်လူငယ်တစ်ဦးက “ဗမာတွေက အခုမှ စစ်ရှောင်ဖြစ်တာလေ၊ ကျွန်တော်တို့ ကချင်တွေက စစ်ရှောင်နေတာ တစ်နှစ်ကျော်သွားပြီ၊ ဘယ်သူကဘာလာလုပ်ပေးလို့လဲ၊ ဗမာတွေက ကချင်လူကြီးတွေကို အသုံးချပြီး သူတို့လိုချင် တာတွေကိုလုပ်သွားတာပါ။” ဟုသူ၏ အမြင်ကိုပြောပြပါသည်။ KBC စစ်ရှောင်အသင်းသားတစ်ဦးက “လိုင်ဇာဘက်မှာ ကချင်လူမျိုးတွေ ၇ သောင်းကျော်ကို တစ်နှစ်ကျော်အထိ KIO ကတာဝန်ယူထားတယ်လေ၊ ကျွန်နော်တို့ အခုစစ်ရှောင်တာ ၁၀ ရက်တောင်မရှိသေးဘူး၊ အခက်အခဲတော့ဖြစ်တာပေါ့။ သို့ပေမဲ့လည်း ကချင်လူမျိုးတို့ရသင့် ရထိုက်တဲ့ အခွင့်အရေးကို တိုက်ယူနေတာဖြစ်တဲ့အတွက် ပေးဆပ်မှုတော့ရှိရမှာပေါ့။ အခု ဗမာစစ်တပ်က မနိုင်သေးလို့ ငြိမ်းချမ်းရေးစကားထွက်တာပါ၊ ထိန်ချုပ်နိုင်သွားရင် ကချင်လူမျိုးတွေအတွက်အတွေးရဲဘူး။ KBC သင်းအုပ်ဆရာ တစ်ဦးရဲ့ ပါဝင်မှုကိုတော့ သဘောမကျတာတော့ အမှန်ပါ။” ဟု သူ၏အမြင်ကို ပြောကြားလာပါသည်။
ဆိုင်းတောင် နှစ်ခြင်းအသင်းတော်မှ သင်းထောက်တစ်ဦးက “ဘာသာရေးဆရာတွေက လက်နက်ကိုင်နှစ်ဖွဲကြားမှာ နေတတ်ရတယ်လို့ထင်ပါတယ်။ ကိုယ့်လူမျိုးရဲ့ သဘောထားကို နားလည်ရမယ်၊ တဖက်လူမျိုးရဲ့ အထာကိုလည်း သိရမယ်လေ၊ ဟိုက ဘာအကြံအစဉ်နဲ့ လုပ်ခိုင်းလည်းမသိဘဲ ဇွတ်ကမယ်ဆိုရင် နောက်ဆုံးမှာ ကိုယ်ပြုမိတဲ့ အမှားအတွက် နောင်တရတတ်တယ်လေ။” ဟု သူ၏ ယူဆချက်ကိုထုတ်ပြောလာပါသည်။
ယခုအခါ ဗမာအစိုးရတပ်များသည် စစ်ကြောင်းများခွဲကာ ဖားကန့်သို့ အလုံးအရင်းဖြင့် ချီတက်လာနေကြောင်း၊ ရန်ကုန်လေယာဉ်တွင်လည်း ကချင်ပြည်သို့ ပို့ဆောင်မည့် စစ်ဆင်ရေးနှင့်သက်ဆိုင်သည် အရာများပြင်ဆင် နေကြောင်းလည်း ထောက်လှမ်းရေး သတင်းအရ သိရှိရပါသည်။
ယခုကဲ့သို့ လူမျိုးဖြုတ်တိုက်ပွဲဆင်နွဲနေသည့် ဗမာအစိုးရတပ်ထံမှ ငြိမ်းချင်းရေး မျှော်လင့်နေသော ကချင်လူမျိုးအား နားမလည်နိုင်ဖြစ်နေပါသည်။ မိမိလည်ပင်းကို လှီးဖြတ်မည့် လက်နက်ပေါ်မှ ပျားရည်စက်အားတပ်မက်နေသကဲ့သို့ ဖြစ်နေပါသည်။
မောင်ရှင်းလင်း
၃၀/၈/၂၀၁၂



