www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့်မြို့အနီးတွင်တိုက်ပွဲဖြစ် Saturday, August 25, 2012

ဖားကန့်မြို့အနီးတွင်တိုက်ပွဲဖြစ်

August (25) bat Kru
KIA ၏တပ်စခန်းနှစ်ခုကို ရွှေ့ပေးရန်ဖိအားပေးရာမှ စတင်လာခဲ့သောတင်းမာမှုသည် ယခုအခါ တိုက်ပွဲများအသွင်သို့ ကူးပြောင်းသွားပြီဖြစ်ပါသည်။ သြဂုတ်လ ၂၄ ရက် ညနေ ၅ နာရီခန့်မှစ၍ ဗမာစစ်တပ်မှ KIA စစ်သားများကိုတွေ့သည်ဟုဆိုကာ KIA တပ်စခန်း မော်မောဘွမ် သို့ လက်နက်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်လာပါသည်။ ဖားကန့်ဗျူဟာကုန်းမှ နေ၍ လက်နက်ကြီးများဖြင့်လည်းပစ်ခတ်ကူခဲ့ပါသည်။ လက်နက်ကြီးအချို့သည် လူနေထူထပ်သော မှော်နေရာများအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြပါသည်။ တိုက်ပွဲမှာ နှစ်နာရီခန့်ကြာပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်းလည်းသိရပါသည်။ ဒေသခံများသည်အသက်အန္တာရာယ် ကြောက်လန့်ကာ ဖားကန့်သို့ ထွက်ပြေးလာကြပါသည်။ ညရေးညတာဖြစ်သဖြင့် အချို့မှာ နေစရာမရှိ၊ အိပ်စရာမရှိ အလွန် ဒုက္ခရောက်နေကြပါသည်။ စစ်ပြေးဒုက္ခသည်များ ထောင်ချီရှိနိုင်ကြောင်းဒေသခံတစ်ဦးကဆိုပါသည်။ 
KIA တပ်ရင်း ၆ မှအရာရှိတစ်ဦးက “ဗမာစစ်တပ်က ကျွန်တော်တို့ရဲ့ တပ်စခန်း မော်မောဘွမ် မှာ လှည့်လည်ပြီး ဓာတ်ပုံရိုက်ပြီးပြန်မှာဖြစ်ပါတယ်၊ နေပြည်တော်ကိုတင်ရမှာမို့လို့ပါတဲ့၊ အဲဒါကြောင့် မတိုက်ပေးပါနဲ့လို့ ဖားကန့်ဗျူဟာမှူး၏ ကိုယ်စားလှယ်က လာတောင်းဆိုတယ်လေ၊ ကျွန်တော်တို့ထိန်းချုပ်တဲ့ နယ်မြေကိုဝင်လာရင်တော့ တိုက်ရမှာဘဲလို့အကြောင်းပြန်လိုက်ပါတယ်” ဟုသူ၏ အမြင် ကိုပြောပြပါသည်။ 
ဖားကန့်ကချင်နှစ်ခြင်းအသင်းတော်မှ စစ်ပြေးဒုက္ခသည်တစ်ဦးက “ကျွန်တော်တို့ မော်မောဘွမ်မှာ KIA စစ်သားတွေနဲ့ အတူနေပါတယ် ဘာပြဿနာမှမရှိခဲ့ပါဘူး၊ အခုက ဗမာစစ်တပ်ကလာမယ်ဆိုတော့ တိုက်ပွဲဖြစ်ဖို့များတယ်လေ၊ အဲဒါကြောင့် KIA က လူထုတွေထိမှာစိုးလို့ ငါးရက်လောက်စောပြီး ဒုက္ခသည်စခန်းကို ရွှေ့ခိုင်းထားတာပါ။  အခုဒီမှာ ကြိုရောက်နေတော့ အားလုံးအဆင်ပြေတယ်လေ၊ အခုမှပြေးလာတဲ့သူတွေမနည်းဘူး၊ သူတို့နည်းနည်းဒုက္ခရောက်မယ်ထင်တယ်၊ နေရာထိုင်ခင်းက မလောက် တော့ဘူးလေ” ဟုစစ်ပြေးဒုက္ခသည်များ၏ အခြေအနေကိုရှင်းပြပါသည်။

ယခုအခါ ဖားကန့်တွင်စစ်ပြေးဒုက္ခသည်များ ထောက်ချီရောက်လာကြပြီး လမ်းဘေး၊ ဆိုင်အောက်၊ သစ်ပင်အောက်များတွင် နေရာရှာအိပ်စက်နေရပါသည်။ ခရစ်ယာန်အသင်းတော်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် လူမှုရေးအသင်းများက ကူညီဆောင်ရွက်ပေးနေကြောင်းသိရှိရပါသည်။ယခုအခါ ဖားကန့်တွင်စစ်ပြေးဒုက္ခသည်များ ထောက်ချီရောက်လာကြပြီး လမ်းဘေး၊ ဆိုင်အောက်၊ သစ်ပင်အောက်များတွင် နေရာရှာအိပ်စက်နေရပါသည်။ ခရစ်ယာန်အသင်းတော်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် လူမှုရေးအသင်းများက ကူညီဆောင်ရွက်ပေးနေကြောင်းသိရှိရပါသည်။ 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers