www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကချင်စစ်ဘေးဒုက္ခသည်များ တရုတ်မှထွက်ခွါ Friday, August 24, 2012

ကချင်စစ်ဘေးဒုက္ခသည်များ တရုတ်မှထွက်ခွါ

တရုတ်ပြည်နောင်တောင်းရှိ စခန်းများတွင်တနှစ်နီးပါးခိုလှုံခဲ့ကြသည့် ကချင်ဒုက္ခသည်များတရုတ်ပြည်မှ ပြန်လည်ပို့ ဆောင်ခံခဲ့ရပါသည်။ သြဂုတ်လ ၁၈ - ၂၁ ရက်နေ့ အထိမိမိအစီအစဉ်ဖြင့် စခန်းများမှ စတင်ထွက်ခွာခဲ့ကြသူများရှိသလို။ ၂၂ရက်နေ့ တွင် တရုတ်အာဏာပိုင်များကိုယ်တိုင် စခန်းများ ကိုစောင့်ကြပ်ကာ ယန်လုစခန်းနှင့် လောင်းဖိုင်စခန်းမှ ဒုက္ခသည်များအား မြန်မာပြည်နယ်စပ်သို့ ပို့ ဆောင်ခဲ့ကြပါသည်။ ထိုစခန်းရှိဒုက္ခသည်များအား မန်ဝိန်းကြီး(မန်စီမြို့ နယ်) အစိုးရအုပ်ချုပ်နယ်မြေနှင့် လနဇွပ်ဂျာစခန်း(ကေအိုင်အိုအုပ်ချုပ်နယ်မြေ) သို့ ရွေ့ ပြောင်းပို့ ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ၂၃ရက်နေ့  တွင် ငါနောင်ပါစခန်းမှလူများကို ပို့ ဆောင်ရွေ့ ပြောင်းပေးခဲ့ကြသည်။ ၂၃ရက်နေ့ တွင် မန်ဝိန်းကြီးသို့ ပြန်မည့် သူများအား KMSS (Karuna Myanmar Social Service) မှ ကားများဖြင့်လာကြိုပေးခဲ့ပါသည်။ လနဇွပ်ဂျာစခန်းကိုပြန်မည့်သူများအား တရုတ်အစိုးရစီစဉ်ပေးသောကားများဖြင့်ပို့ ဆောင်ပေးခဲ့ပါသည်။ 
တရုတ်အစိုးရမှာ ဒုက္ခသည်ပို့ ဆောင်ရေးအတွက် လူစီးဘစ်ကား(၁၂)စီး။ ကုန်တင်ယာဉ် ၅စီးနှင့်ခေါက်တုံ့ ခေါက်ပြန်ပို့ဆာင်ပေးပါသည်။ ငှါနဆိုင်ရာများမှ အရာရှိအရာကြီး။ ငယ်ပေါင်း ၁၀၀ ခန့်  (ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ စစ်သား များကလဲ တဲများကိုဖြိုချခြင်း၊ ပစ္စည်းများကို ကားပေါ် ပစ်တင်ပးခြင်းဖြင့်ကူညီခဲ့ကြပါသည်။ 

ဓာတ်ပုံရိုက်သူများအားခေါ်ယူစစ်ဆေးခြင်း။ ကင်မရာများနှင့်ဖုန်းများကို ယာယီသိမ်းဆည်း ထားလိုက်ခြင်းများ။ လူများစခန်းထဲမှမထွက်ခွာခင် တဲများကိုဖြိုချခြင်းများဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းရွက်ကြသည်ကိုတွေ့ ခဲ့ရပါသည်။ 
ပြောင်းရွေ့သည့် စခန်းများသို့ရောက်သည့်အခါလဲ ပစ္စည်းတင်သည့်ကားနှင့် လူနှင့်တခြားစီဖြစ်တော့ အထုတ်အပိုးပျောက်သူပျောက်။ အိပ်ယာပျောက်သူပျောက်ဖြစ်ခဲ့ကြသည်။

ဒုက္ခသည်များမှာ ငိုသူငို၊ ၀မ်းနည်းသူဝမ်းနည်း၊ စခန်းမှထွက်ခွာသွားကြသည်ကိုတွေ့ ခဲ့ရပါသည်။ 
အရေးပေါ်လိုအပ်ချက်များ
(၁) အစားအသောက်
(၂) ဆေးဝါး (ဓာတု နှင့်တိုင်းရင်းဆေး)
(၃) ရေနှင့်အိမ်သာ
(၅) နေရာထိုင်ခင်း
(၆) အမျိုးသမီးလစဉ်သုံးပစ္စည်း
(၇)သက်ကြီးရွယ်အိုနှင့်ကလေး၊ ကိုယ်ဝန်ဆောင်များအတွက်အာဟာရ
(၈) ကလေးဖိနပ်

ဒေါ်မေလီအောင်
Spoke person of WPN
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers