www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာအစိုးရအား အလုပ်ကျွေးပြုနေသော တာမခံမှ မူးယစ်ဘုရင်လင်မယားအား KIA တပ်ရင်း ၆ မှ ဖမ်းဆီး Tuesday, July 24, 2012

ဗမာအစိုးရအား အလုပ်ကျွေးပြုနေသော တာမခံမှ မူးယစ်ဘုရင်လင်မယားအား KIA တပ်ရင်း ၆ မှ ဖမ်းဆီး

ဇူလှိုင်လ ၂၂ ရက်နေ့တွင် တာမခံမှ မူးယစ်ဆေးဝါးမျိုးစုံရောင်းဝယ်ဖောက်ကားသူ ဦးဒရှီဂမ်မွန်းနှင့် ဒေါ်သက်ရှည် တို့လင်မယားအား ဖားကန့်အခြစိုက် KIA တပ်ရင်း ၆မှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါသည်။ ထိုလင်မယားအား KIA တပ်ရင်း ၆ မှ ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဗမာအစိုးရ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လိုင်းကြေးဆောင်ကာ တာမခံတွင် မူးယစ်ဆေးဝါးများကို လွတ်လွတ်လပ်လပ်ရောင်းဝယ်ဖောက်ကားခဲ့ပါသည်။ ‘ဦးဒရှီဂမ်မွန်း လင်မယားက အတိုင်းအတာကို လွန်လွန်းနေပြီ၊ နောက်ပြီး ပြည်သူလူထုကလည်း အရမ်းထိလာတယ်၊ ဒါကြောင့် အခုလိုဖမ်းဆီးရတာပါ’ ဟု KIA အရာရှိတစ်ဦးက မှတ်ချက်ပေးပါသည်။ ဦးဒရှီဂမ်မွန်း၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဌာနဆိုင်ရာ များအား တစ်လလျှင် ကျပ်ငွေ ၄၅ သိန်းခန့်ပေးဆာင်ရကြောင်းသိရပါသည်။ ဆက်လက်၍ ၎င်းက မည်သည့် ဌာနဆိုင်ရာများကိုမည်မျှပေးရသည်၊ မည်သူကလာယူသည် စသဖြင့်လည်းထွက်ဆိုသွား ပါ သည်။
၁။ တာမခံရဲတပ်ဖွဲ့စခန်းအား ၅ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအားပေးရ။
၂။ တာမခံအထူးမူးယစ်တပ်ဖွဲ့အား ၁၀ သိန်းပေးဆောင်ရ၊ ကိုမောင်နိုင်ဆိုသူအားပေးရ။
၃။ စ.ရ.ဖ တပ်ဖွဲ့အား ၃ သိန်းပေးဆောင်ရ၊ လူစေလွှတ်ယူဆောင်ခိုင်း။
၎။ S.B အဖွဲ့အား ၃ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအား ပေးဆောင်ရ။
၅။ ခရိုင် (DN) အဖွဲ့အား ၅ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအားပေးဆောင်ရ။
၆။ ဖားကန့်နယ်ထိန်းအဖွဲ့အား ၅ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအားပေးဆောင်ရ။
၇။ တာမခံ ရယက အဖွဲ့အား ၅ သိန်းပေးဆောင်ရ၊ ကိုလှရွှေဆိုသူ လာယူ။
၈။ ဖားကန့် မယက အဖွဲ့အား ၃ သိန်း ဆောင်ရ၊ ကိုထွန်းထွန်းဆိုသူလာယူ။
၉။ စ.စ.စ အဖွဲ့အား ၃ သိန်းပေးဆာင်ရ၊ ကိုထွန်းထွန်းဆိုသူလာယူ။
၁၀။ စစ်ကြောင်းများအား အနည်းဆုံး ၃ သိန်းပေးဆောင်ရ၊ တပ်ကြပ်တစ်ဦးဦးလာယူ။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers