www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကြံစီဖန်တီး၍ မြစ်ကြိးနားမြို့မှ အမျိုးသမီးများကို ဆန္ဒထုတ်ဖေါ်ခိုင်းခြင်း

လာမည့် ဇူလိုင် ၂၈၊ ၂၀၁၂ ခုတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြ၍ ဆန္ဒထုတ်ဖေါ်ခြင်း ပြုလုပ်သွားမည်ဖြစ်သည်။  အဓိကဦးဆောင်သူအမျိုးသမီးများမှာ
၁၊ ဦးခမိုင်တန်- ကြံ့ခိုင်ရေးပါတီ၏ ဇနီးဒေါ်ဂျာခေါန်
၂၊ ဦးခက်ထိန်နန်- စီးလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီကချင်ပြည်နယ်ပါတီ၊ ကြံ့ခိုင်ရေးညီကိုပါတီ၏ ဇနီးဒေါ်နန်ဆိုင်း
၃၊ ဒေါ်လဂျွန်ဆိုင်းတောင်-ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်း -ကြံ့ခိုင်ရေးပါတီ၏ ညီမအရင်း
စုစုပေါင်း အမျိုးသမီး (၅) ဦးမှ ဦးဆောင်၍ ဟန်ပြဆန္ဒထုတ်ဖေါ်ခြင်းပြုလုပ်သွားမည်ဖြစ်သည်။

အခုလိုကြံ့ခိုင်ရေးအမျိုးသမီးများ ဦးဆောင်၍ ဆန္ဒထုတ်ဖေါ်ခြင်းအပေါ်မှာ  မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ပြည်သူများ၏ သဘောထားအမြင်က အစိုးရနှင့် ကြံ့ခိုင်ရေးပါတီပူးပေါင်း၍ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ကို တစ်ဖက်တတ် ချုံ့ချရန် ကြံစီဖန်တီးခြင်းသာဖြစ်သည်။ KIO/KIA ကသဘောထားတင်းမာ၍ ငြိမ်းချမ်းရေးကို မလိုလားသဖြင့် တိုက်ပွဲဆက်ဖြစ်ရသည်။ ထို့ကြောင့် ကျမတို့အမျိုးသမီးများနှင့်ကလေးငယ်များဒုက္ခရောက်နေခြင်းဖြစ်တယ်။  အစိုးရ၏ ထိုးစစ်ဆင်ခြင်းကို ရပ်နားရန် တောင်းဆိုမည့်အစား တစ်ဖက်တတ်KIO/KIA ကို ပစ်ခတ်ရပ်ဆိုင်းရေး အမြန်ဆုံးလုပ်ပေးပါရန် တောင်းဆိုခြင်းဖြစ်တယ်။

ယခုဆန္ဒပြရန် ဦးဆောင်နေသူများမှာ ကချင်ပြည်သူများအတွက် အမှန်တရားဘက်ကို ရပ်တည်ပေးသူများမဟုတ်ပါ။ အခုတလော မြန်မာအစိုးရအတွက် အမေရိကန်အစိုးရ၏ စီးပွားပိတ်ဆို့ခြင်းကို ရပ်ဆိုင်းပေးဖို့ရန် လွှတ်တော်မှာ အရေးတကြီးဆွေးနွေးဆုံးဖြတ်နေသော အချိန်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဠိပက္ခ မဖြေရှင်းနိုင်ခြင်းသည် စီးပွားရင်းနှီးမြုပ်နှံခြင်းအတွက် အဟန့်အတားတစ်ခုဖြစ်သည်။ ထိုအဟန့်အတားကို ကျော်ဖြတ်နိုင်ရန် ကြိုးစားနေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့်ကြံ့ခိုင်ရေးပါတီပူးပေါင်း၍ ကြံစီဖန်တီးခြင်းဖြစ်သည်။

ထူးခြားချက်။  ပြည်တွင်းပြည်ပ အရေးကြီးသော သတင်းမီဒီယာ DVB ရုပ်သံအပါအ၀င် ခရီးသွားစာရိတ်၊ နေထိုင်အခင်းအကျင်း၊ အစားအသောက်အားလုံးကို ဦးဆောင်စီစဉ်သူများမှ တာဝန်ယူပေးမည်ဖြစ်ကြောင်း သတင်းကြားရှိရသည်။

တခြားထူးခြားချက်တစ်ခုကတော့  ဇူလိုင် ၆၊ ၂၀၁၂ခုနှစ်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုပေါ်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် ဂျန်မိုင်ကောင်းနှစ်ခြင်းအသင်းတော်အတွင်း မှီခိုနေသော စစ်ပြေးဒုက္ခသည်များပူပေါင်း၍ အပစ်မဲ့ဖမ်းဆီးနှိပ်စက်ခြင်းပြုလုပ်ထားသော ဦးဘရန်ရှောင်ကို လွတ်ပေးရေး၊ မျှသစွာတရာစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးကို လိုလားသဖြင့် ကချင်ပြည်သူများ၏ ဆန္ဒထုတ်ဖေါ်သော သတင်းကို ပြည်တွင်းထုတ်ဝေဂျာနယ်မျာတစ်ခုမှ ရေးသားဖေါ်ပြ ခြင်းမရှိခဲ့ဘူး။ အံ့သြစရာပင်ဖြစ်သည်။ ပြည်တွင်း မီဒီယာများ၏ အခန်းကဏ္ဍက ဘယ်ဘက်ကို ကူညီနေသလဲ။ စဉ်းစားစရာပင်ဖြစ်သည်။ မေးခွန်းထုတ်စရာဖြစ်နေပြီ။

တရားမျှသမှုကိုလိုလားသူ တစ်ဦး

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers