သိပ်ချစ်လို့
v သိပ်ချစ်လို့ သိပ်ကို ခံစား ရပါတယ်။
ဒို့တွေစစ်ကြီးတိုက်တာ ခံနေရတယ်။
တနှစ်ကျော်ပြီ။
အိုးပစ် အိမ်ပစ် ရွာပစ်နဲ့၊
ပြေးနေရတာ - ဆယ့်သုံးလ ရှိနေပြီ။
ပိုင်ဆိုင် သမျှ ကျွဲနွား ကြက်ဝက် ဘဲ မကျန်၊
ဆန်စပါးနဲ့ ခြံထဲ က သစ်သီးဝလံ၊
အစီအစဉ် မရှိ ဗြုန်းစားကြီး၊
ထပြေးရတော့ - ကလေးတွေပါရင် ပြီးရောပေါ့။
စားစရာမပါ၊ အဝတ်မပါ၊ စောင်မပါနဲ့၊
မိသားစုတွေ - ငုတ်တုတ် ခံခဲ့ရတယ်ကွဲ့။
အိုကွယ်- ယာယီ တည်းခိုရာ၊ ဒုက္ခသည် စခန်းမှာ၊
ဂရုဏာရှင်များ ကျွေးမွေးတာ၊ မဝတဝစားခဲ့ကြရတယ်။
ဖြစ်သလိုနေ - ဖြစ်သလိုစား၊
တနှစ်ကျော်ပြီဆိုတော့၊
စားဝတ်နေရေး ၊ ကလေး ပညာရေး
အဆင်ပြေ တန်သလောက်တော့ ပြေနေ ပါပြီလေ။
သို့သော် - ရွာကို တော့ သိပ်လွမ်းတာပေါ့။
v သိပ်ချစ်လို့ သိပ်ကို ခံစားရပါတယ်။
စစ်မြေပြင် ကို ကြည့်လိုက်ပါအုံး။
မကြာခဏ ထိုးစစ်ဆင် လို့ မဆုံး။
သူတို့ ရဲဘော်လည်း အတုံးအရုံး။
ဒို့ရဲဘော်လည်း အလွတ် မရုန်း။
သဲသဲ မဲမဲ ပြည်တွင်း စစ်တဲ့၊
နိုင်ငံတကာ ကဲ့ရဲ့ လေရဲ့။
“ကချင် ကို တိုက်ခိုက် မှုရပ်ပါ”ဟု၊
ကမ္ဘာက ဘယ်လိုတားတား - အရေးမလုပ်။
“တကမ္ဘာလုံး ကလည်း -
သိန်းစိန် တယောက်ထဲကို မနိုင်ဘူးဘဲ”။
v သိပ်ချစ်လို့ သိပ်ကို ခံစားရပါတယ်။
ပြည်တွင်း စစ်ဖြစ်ရာမှာ၊
တွေ့သမျှ မိန်းမ ဆွဲချလာ၊
တောထဲ တောင်ထဲ မုဒိမ်းမှုကဲ၊
လူမဆန်တဲ့ ခွေးမျိုးဘဲ။
ပေါ်တာဆွဲလည်း ပြန်မလွှတ်
မုဒိမ်းမှု ပြုပြီး ရှင် မထား၊
ရက်ရက် စက်စက် သတ်စားပစ်ကြတယ်။
KIA ရဲဘော် ဖမ်းမိရင်၊
ပြန်လမ်း မရှိ တော့ ဘူးရှင်။
အမဲဖျက်သလို ဖျက်ပစ်ကြတယ်၊
တပိုင်းတစစီ လုပ်ပစ်တယ်လေ။
သြော် - “ရန်ညှိုး က ကြီးမားလေစွ၊
ကချင်ကို ဗမာပြု မရလို့ - တဲ့ဗျ။”
v သိပ်ချစ်လို့ သိပ်ကိုခံစားရပါတယ်။
လွတ်လပ်စွာ မနေရ၊
လွတ်လပ်စွာ သက်မရှင်ရ၊
လွတ်လပ်စွာ မကိုးကွယ်ရ၊
လွတ်လပ်စွာ ကျောင်းမနေရ။
လွတ်လပ်စွာ လယ်မလုပ်ရ၊
လွတ်လပ်စွာ မသွား မလာရ။
လူ့အခွင့် အရေးတွေ ဆုံးရှုံးကြ။
ကိုယ့်မြေ ကိုယ့်ဒေသ၊ ဘိုးဘွားစဉ်ဆက်။
မောင်းထုတ် ပြောင်းရွေှ့ခံနေရ၊
ကျီးလန့် စာစား နေရတဲ့ ဘဝ၊
နေ့ပါ ညပါ စိတ်မချမ်းသာ၊
ဘယ်လို သက်ရှင် ရမလဲဗျာ။
v သိပ်ချစ်လို့ သိပ်ကိုခံစားရပါတယ်။
တက္ကသိုလ်ကျောင်းသား လူငယ်များ၊
ကချင်ဆို၊ စစ်အေး စစ်ဆင်ရေးနဲ့ ငြား။
မူးယစ်ဆေးဝါး နဲ့ ဖျက်ဆီးတယ်၊
လူညွှန့်တုံး ပစ်စေတယ်လေ။
သိန်းစိန်ကြီးရယ် - သင့်အကြံကုန်ပြီလား?
ဥာဏ်နီ ဥာဏ်နက် တွေကပွား၊
ကချင်ကို ဘာကြောင့် အညှိုးထား၊
ရက်စက်မှု နည်းလမ်းတွေကများ။
v သိပ်ချစ်လို့ သိပ်ကိုခံစားရပါတယ်။
ဘယ်လိုဘဲ ရက်စက်ပါစေ၊
တောင်ပေါ်သားများ လူ့ခွင့်အရေး
အပြည့်အဝ ရအောင် ယူမယ်လေး။
မနောမြေ - စိန်
၎.၇.၂၀၁၂
ဒို့တွေစစ်ကြီးတိုက်တာ ခံနေရတယ်။
တနှစ်ကျော်ပြီ။
အိုးပစ် အိမ်ပစ် ရွာပစ်နဲ့၊
ပြေးနေရတာ - ဆယ့်သုံးလ ရှိနေပြီ။
ပိုင်ဆိုင် သမျှ ကျွဲနွား ကြက်ဝက် ဘဲ မကျန်၊
ဆန်စပါးနဲ့ ခြံထဲ က သစ်သီးဝလံ၊
အစီအစဉ် မရှိ ဗြုန်းစားကြီး၊
ထပြေးရတော့ - ကလေးတွေပါရင် ပြီးရောပေါ့။
စားစရာမပါ၊ အဝတ်မပါ၊ စောင်မပါနဲ့၊
မိသားစုတွေ - ငုတ်တုတ် ခံခဲ့ရတယ်ကွဲ့။
အိုကွယ်- ယာယီ တည်းခိုရာ၊ ဒုက္ခသည် စခန်းမှာ၊
ဂရုဏာရှင်များ ကျွေးမွေးတာ၊ မဝတဝစားခဲ့ကြရတယ်။
ဖြစ်သလိုနေ - ဖြစ်သလိုစား၊
တနှစ်ကျော်ပြီဆိုတော့၊
စားဝတ်နေရေး ၊ ကလေး ပညာရေး
အဆင်ပြေ တန်သလောက်တော့ ပြေနေ ပါပြီလေ။
သို့သော် - ရွာကို တော့ သိပ်လွမ်းတာပေါ့။
v သိပ်ချစ်လို့ သိပ်ကို ခံစားရပါတယ်။
စစ်မြေပြင် ကို ကြည့်လိုက်ပါအုံး။
မကြာခဏ ထိုးစစ်ဆင် လို့ မဆုံး။
သူတို့ ရဲဘော်လည်း အတုံးအရုံး။
ဒို့ရဲဘော်လည်း အလွတ် မရုန်း။
သဲသဲ မဲမဲ ပြည်တွင်း စစ်တဲ့၊
နိုင်ငံတကာ ကဲ့ရဲ့ လေရဲ့။
“ကချင် ကို တိုက်ခိုက် မှုရပ်ပါ”ဟု၊
ကမ္ဘာက ဘယ်လိုတားတား - အရေးမလုပ်။
“တကမ္ဘာလုံး ကလည်း -
သိန်းစိန် တယောက်ထဲကို မနိုင်ဘူးဘဲ”။
v သိပ်ချစ်လို့ သိပ်ကို ခံစားရပါတယ်။
ပြည်တွင်း စစ်ဖြစ်ရာမှာ၊
တွေ့သမျှ မိန်းမ ဆွဲချလာ၊
တောထဲ တောင်ထဲ မုဒိမ်းမှုကဲ၊
လူမဆန်တဲ့ ခွေးမျိုးဘဲ။
ပေါ်တာဆွဲလည်း ပြန်မလွှတ်
မုဒိမ်းမှု ပြုပြီး ရှင် မထား၊
ရက်ရက် စက်စက် သတ်စားပစ်ကြတယ်။
KIA ရဲဘော် ဖမ်းမိရင်၊
ပြန်လမ်း မရှိ တော့ ဘူးရှင်။
အမဲဖျက်သလို ဖျက်ပစ်ကြတယ်၊
တပိုင်းတစစီ လုပ်ပစ်တယ်လေ။
သြော် - “ရန်ညှိုး က ကြီးမားလေစွ၊
ကချင်ကို ဗမာပြု မရလို့ - တဲ့ဗျ။”
v သိပ်ချစ်လို့ သိပ်ကိုခံစားရပါတယ်။
လွတ်လပ်စွာ မနေရ၊
လွတ်လပ်စွာ သက်မရှင်ရ၊
လွတ်လပ်စွာ မကိုးကွယ်ရ၊
လွတ်လပ်စွာ ကျောင်းမနေရ။
လွတ်လပ်စွာ လယ်မလုပ်ရ၊
လွတ်လပ်စွာ မသွား မလာရ။
လူ့အခွင့် အရေးတွေ ဆုံးရှုံးကြ။
ကိုယ့်မြေ ကိုယ့်ဒေသ၊ ဘိုးဘွားစဉ်ဆက်။
မောင်းထုတ် ပြောင်းရွေှ့ခံနေရ၊
ကျီးလန့် စာစား နေရတဲ့ ဘဝ၊
နေ့ပါ ညပါ စိတ်မချမ်းသာ၊
ဘယ်လို သက်ရှင် ရမလဲဗျာ။
v သိပ်ချစ်လို့ သိပ်ကိုခံစားရပါတယ်။
တက္ကသိုလ်ကျောင်းသား လူငယ်များ၊
ကချင်ဆို၊ စစ်အေး စစ်ဆင်ရေးနဲ့ ငြား။
မူးယစ်ဆေးဝါး နဲ့ ဖျက်ဆီးတယ်၊
လူညွှန့်တုံး ပစ်စေတယ်လေ။
သိန်းစိန်ကြီးရယ် - သင့်အကြံကုန်ပြီလား?
ဥာဏ်နီ ဥာဏ်နက် တွေကပွား၊
ကချင်ကို ဘာကြောင့် အညှိုးထား၊
ရက်စက်မှု နည်းလမ်းတွေကများ။
v သိပ်ချစ်လို့ သိပ်ကိုခံစားရပါတယ်။
ဘယ်လိုဘဲ ရက်စက်ပါစေ၊
တောင်ပေါ်သားများ လူ့ခွင့်အရေး
အပြည့်အဝ ရအောင် ယူမယ်လေး။
မနောမြေ - စိန်
၎.၇.၂၀၁၂
