www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
လူ့ငရဲခန်း နှင့် စစ်ပြေးဒုက္ခသည်စခန်း Tuesday, July 03, 2012

လူ့ငရဲခန်း နှင့် စစ်ပြေးဒုက္ခသည်စခန်း

မြို့ပေါ်ရှိဒုက္ခသည်စခန်းများဟာ နာဇီငရဲခန်းများပမာ။ အစိုးရဆိုသူတွေရဲ့ အကာအကွယ် အောက်မှာ ခိုလှုံလာကြသူ  စစ်ရှောင်ဒုက္ခသည် ကချင်ပြည်သူ လူထုရဲ့ အခြေအနေဟာ တနေ့ပြီးတနေ့ ဆိုးသထက်ဆိုးလာပြီး ထောင်ချောက် မိတဲ့ သားကောင်များပမာ၊   ကယ်ဆယ်ရေးစခန်း မဟုတ်တော့ဘဲ နာဇီငရဲခန်းအသွင်သို့ ကူးပြောင်း လာနေသည်ကို နှလုံးသားရှိသူတိုင်း သတိထားမိဖို့ နိုးဆော်အပ်ပါတယ်။

အမှန်မှာတော့ အစိုးရကို မိဘသဖွယ် အားကိုးလို့၊ အစိုးရရဲ့ အကာအကွယ်အောက်မှာ လုံခြုံမှုရမယ်ထင်လို့၊ စစ်ဖြစ်နေတဲ့ ကျေးလက်ဒေသမှာ မနေချင်လို့၊ သားသမီးများအတွက် ပညာရေးထိခိုက်မှာစိုးလို့၊ သက်ကြီးရွယ်အိုများ အတွက် ဆေးရုံနဲ့ကင်းကွာသွားမှာစိုးလို့၊ မိသားစုတွေ တကွဲတပြား ဖြစ်သွားမှာစိုးလို့၊ စစ်ဖြစ်နေတဲ့ကာလ အတောအတွင်း လုံခြုံစိတ်ချရတဲ့နေရာမှာ နွေးနွေးထွေးထွေး နေချင်လို့ ယခုလို အစိုးရရှိရာမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသူတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့်ထင်သလိုဖြစ်မလာဘဲ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးကြီးရဲ့ ပိုက်ကွန်ထဲမှာ စစ်ရှောင်ကချင်ပြည်သူတွေခမျာ သနားစရာကြီး ထောင်ချောက်မိနေကြရှာတယ်။ ဘီလူးကြီးကတော့ ကိုယ်ကြိုက်တဲ့အချိန်မှာ အရှင်လတ်လတ် စားချင်ရာစား၊ ၀ါးချင်ရာဝါး၊ ဆော့ကစားချင်ရာကစား၊အတားအဆီးမဲ့ လောကကြီးကို စောက်ထိုးမှောက်လှန် ကိုယ်ပိုင်ဟန်နဲ့ စတိုင်လ်ဖန်ပြီး ပီတိခံနေကြတယ်။ ဘယ်သူက ဘာများတတ်နိုင်သလဲပေါ့။ လွန်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမန်တွေဟာ ဂျူးလူမျိုး ၆သန်းကို ငရဲခန်းသွင်းပြီး အဆိပ်ဓာတ်ငွေ့ဖြင့် အရှင်လတ်လတ် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ အသွင်တူ၊ သဏ္ဍာန်တူ၊ လုပ်ရပ်ချင်းတူ၊ စိတ်ဓာတ်ချင်းတူနေတာကို ကမ္ဘာတခွင် သတိထားမိဖို့ အချိန်တန်ပြီ။ ယနေ့ကချင်လူမျိုးတွေဟာ ၆သန်းမရှိပါ။ အဓိကလိုအပ်တာက ထောင်ချောက်ထဲက ဒုက္ခသည်များကို ကယ်ထုတ်ဖို့ထက် ဒီမိုကရေစီအရေခြုံထားတဲ့ စစ်အာဏာရှင်တွေရဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်လာအောင် အကြင်နာတရား၊ မေတ္တာတရား၊ လူသားပကတိ ပြန်လည်ဖြစ်လာစေဖို့ အရေးကြီးပါတယ်။ ဆိုလိုရင်းဟာ ဟိုတခါတုန်းက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နာဇီတွေလဲ  ဒီချိန်မှာ မေတ္တာတရားပြည့်ဝတဲ့ လူကောင်းပကတိ  ဖြစ်လာရလို့ ငြိမ်းချမ်းသာယာတဲ့ လောကကို တည်ဆောက်နိုင်ခဲ့တာဖြစ်တယ်။

ယနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာမှာ အစိုးရအမည်ခံတွေ တောင်းဆိုတာက အပစ်အခတ်ရပ်စဲရေးဖြစ်ပြီး KIO တွေတောင်းဆိုနေတာက နိုင်ငံရေးအရ ဆွေးနွေးရေးဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအချက်နှစ်ခုရဲ့ သဘောသဘာဝဟာ အစိုးရအမည်ခံတွေရဲ့ စိတ်ကူးစိတ်သန်းက စစ်အာဏာတည်တံ့ခိုင်မြဲရေးဖြစ်ပြီး KIO ရဲ့ စိတ်ကူးစိတ်သန်းက ပြည်ထောင်စု မပြိုကွဲရေးဖြစ်နေကြောင်း တွေ့မြင်ရပါတယ်။ ဒီစိတ်ကူးစိတ်သန်းနှစ်ခုရဲ့ လက်တွေ့ကျင့်ကြံနေပုံဟာလဲဘဲ အစိုးရတပ်မတော်တွေက ကချင်မျိုးသုဉ်းစစ်ဆင်ရေးဖြစ်ပြီး KIOတွေက ကျူးကျော်လာသူကို ခုခံတိုက်ထုတ်ရေး ဖြစ်နေတာ တွေ့ရပြန်ပါတယ်။

သမိုင်းဖြစ်ရပ်မှန်အရ ပြောစတမ်းဆိုရင်လဲ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရသည်မှာ ကချင်လူမျိုးတွေရဲ့ အသက်သွေးချွေးတို့နဲ့ အုတ်မြစ်ချထားတဲ့အပေါ် ကချင်ခေါင်းဆောင်များရဲ့ သဘောထားကြီးမှုကြောင့် ဖြစ်လာရတယ်ဆိုတာ ကမ္ဘာကသိပေမယ့် နိုင်ငံ့သမိုင်းမှာမရှိတာ ၀မ်းနည်းဖွယ်ရာကောင်းပါတယ်။ လက်ရှိစစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းများ သင်ရိုးညွန်းတမ်း တွေမှာလဲ ဗမာတွေက စိတ်သဘောထားကြီးလို့သာ တိုင်းရင်းသားအခေါ်ခံ၊ အဆင့်နိမ့်သတ်မှတ်ခံ လူနည်းစုတွေကို ပြည်နယ်ကိုယ်စီ ခွဲဝေပေးရခြင်းဖြစ်ကြောင်း ပါရှိနေတာသိရှိရပါတယ်။ အမှန်တရားဆိုတာ အခိုက်အတန့်မျှ ဖိနှိပ်ဖုံးကွယ်ထားနိုင်ပေမယ့် ဇာတ်သိမ်းခန်းအထိ ဖျောက်ဖျက်ပစ်နိုင်မယ့် အရာမဟုတ်ပါ။

လောကမှာဘယ်အာဏာရှင်မှ သက်ဆိုးမရှည်နိုင်ပါ။ ကချင်လူမျိုးကို မျိုးပြုတ်စစ်ဆင်ရေး (Genocide) လုပ်လို့မရနိုင်ပါ။ ဒုက္ခသည်စခန်းများကို ငရဲခန်းအဖြစ် ပြုမူနေခြင်းဟာ လုံးဝလူမဆန်တဲ့လုပ်ရပ်၊ အစိုးရမဟုတ်တဲ့လုပ်ရပ်၊ မိမိလည်ပင်းထဲမိမိကိုယ်တိုင် ကြိုးကွင်းစွပ်ယူတဲ့ လုပ်ရပ်၊ လူမိုက်အတွေးအခေါ် သာလျှင်ဖြစ်ကြောင်း စေတနာကောင်းဖြင့် ထပ်လောင်း နိုးဆော်အပ်ပါတယ်။ နမူနာလေးတခု သင်ခန်းစာယူဖို့ ဖတ်ရှုကြပါစို့။

Adolf Eichmann (1906-1962), Nazi official responsible for the murder of almost 6 millions of Jews during World War II. (1939-1945). Eichmann joined the Nazi secret police in 1934, and when the Germans annexed Austria in 1938, he was given the job of deporting Jews from that country, in accordance with Nazi anti-Semitic policy. During World War II he was in charge of “the final solution of the Jewish problem,” in the course of which Jews from all over German-occupied Europe were sent to Auschwitz death camps to be exterminated. After the war Eichmann disappeared, but in 1960 Israeli agents located him in Argentina, abducted him, and took him to Israel. Tried in Jerusalem and convicted of crimes against humanity, he was hanged two years later.

ကျေးတောသားမောင်ပေါက်ကြိုင်း
တာလောကြီး
၂၀၁၂ခုနှစ်၊ ဇူလိုင် (၃)ရက်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers