www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်ရင်း ၆ ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ Wednesday, June 27, 2012

ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်ရင်း ၆ ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့

ဇွန်လ ၂၆ ရက်နေ့ ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ နယ်မြေတွင် KIO ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။ ဖားကန့်ဒေသခံအချို့နှင့် တပ်ရင်း ၆ မိသားစု အသိုင်းအ၀ိုင်းများ တက်ရောက် ခဲ့ပါသည်။ ထိုအခမ်းအနားသို့ တပ်ရင်း ၆ ၏ တပ်ရင်းမှူး အင်ခွမ်ဇော်ဒွဲတက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည်။ KIA အနေဖြင့်နှင့် မူးယစ်ဆေးဝါးများကို လူသားမျိုးနွယ်၏ ရန်သူအဖြစ်သတ်မှတ်ပြီး စဉ်ဆက်မပြတ် တိုက်ခိုက်ခြေမှုန်းနေကြောင်း၊ ဗမာအစိုးရအနေဖြင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးကို လက်နက် တစ်ခုသဖွယ် အသုံးပြုနေကြောင်း၊ မီဒီယာအချို့၏ KIA အပေါ်မူးယစ်ဆေးဝါးနှင့် သံသယရှိမှုကို မဟုတ်မှန်ကြောင်း သက်သေပြလိုကြောင်း၊ KIA အနေဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် ဗမာအစိုးရကဲ့သို့ ဆိုင်းပုဒ်များနှင့်သာ နှိမ်နှင်းခြင်းမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ကြောင်း၊ ယခုတစ်ကြိမ်မှလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ခေတ် အဆက်ဆက် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းများချမှတ်၍ လုပ်ဆောင်ခဲ့ကြောင်း၊ မီဒီယာအားနည်း၍ ပြည်သူလူထုအသိနည်းခဲ့ခြင်းသာဖြစ်ကြောင်း တပ်ရင်းမှူးကရှင်းပြခဲ့ပါသည်။

ထို့အပြင် တပ်ရင်း ၆ မှအရာရှိတစ်ဦးက ဖားကန့်ဒေသတွင် ဗမာအစိုးရ ရဲများနှင့် အထူးမူးယစ်ရဲများသည် ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများကို ပြန်လည်ဖြန့်ဝေရောင်းချရာ ဌာနချုပ် ဖြစ်နေ ကြောင်း ဗမာ့အစိုးရ ရဲများနှင့် အထူးမူးယစ်တပ်ဖွဲ့များသည် ၎င်းတို့၏ အလုပ်ကို သေချာစွာ မလုပ်သဖြင့် ယနေ့ အချိန်အထိ အောင်မြင်မှုမရကြောင်း သူ၏အမြင်ကိုပြောပြလာပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးနှင့် ပက်သက်ပြီး ဖမ်းဆီးထားသော သူများ ၁၁၂ ယောက်(ကျား ၉၄ ဦး+ မ ၁၈ ဦး) ရှိကြောင်း၊ ထိုအထဲတွင် ဝှေခါမှော်တွင် မူးယစ်ဆေးဝါးလာဖြန့်စဉ် ဖမ်းဆီးမိသော ဆိုင်းတောင် အထူးမူးယစ်ရုံးမှ ၀န်ထမ်းတစ်ဦး ပါရှိကြောင်း၊ အချို့မှာ အထူးမူးယစ်ဌာနနှင့် ပက်သက်သော သူမားလည်းပါဝင်ကြောင်း၊ မိမိသဘောဖြင့် မူးယစ်ဆေးဝါး ဖြတ်နေသော သူ ၅၈ ဦး( KIA ၀န်ထမ်း ၄၈ ဦးနှင့် သာမာန်ပြည်သူ ၁၀ ဦး) ရှိကြောင်း ဆက် လက်၍ ရှင်းပြပါသည်။
 ဖားကန့်ဒေသခံတစ်ဦးကမူ ‘ ဖားကန့်ဒေသမှာ ကျောက်စိမ်းပြီးရင် ဒုတိယ၀င်ငွေအကောင်းဆုံးက မူးယစ်လုပ်ငန်းလေ၊ ဒီတော့ လူတိုင်းလုပ်ချင်တာပေါ့၊ ဒါပေမဲ့တစ်ခုတော့ရှိတယ် သူက တစ်ခေါက် ရောင်းဝယ်ပြီးရင်၊ ဆက်ပြီးမရောင်းဘဲနေလို့မရတော့ဘူး၊ မူးယစ်ရဲတွေဆီက ယူပြီးမရောင်းလို့မရဘူး၊ ဒါက ဒီဒေသရဲ့အစဉ်အလာလေ၊ ကိုယ့်အဆက်အသွယ်နဲ့ကို ၀ယ်ပြီးရောင်းဖို့မစဉ်းစားနဲ့ တစ်ခါတည်း အဖမ်းခံရမယ်။ အဲဒီလိုလူမျိုးနဲ့ မရောင်းချင်တော့တဲ့သူမျိုးတွေဘဲအဖမ်းခံရလေ့ရှိတယ်‘ ဟုသူ၏ အမြင်ကို ရှင်းပြပါသည်။ သူကဆက်လက်ပြီး မေလတုန်းက ဆိုင်းတောင် မူးယစ်ရုံးနဲ့ ဘိန်းရောင်းခန်း နားမှာ မိုင်းကွဲသေးတယ်၊ KIA ကလုပ်တယ်လို့တော့ပြောကြတယ်၊ ဘယ်သူမှတော့မထိခိုက်ဘူး သတိပေးရုံ သက်သက်လို့ထင်တာပဲ ဟု ပြောကြားလာပါသည်။

တပ်ရင်း ၆ ၏မူးယစ်တိုက်ဖျက်နေ့တွင် ဘိန်းဖြူ ၅၃ပုလင်းခွဲ၊ ရာမ ၃၂၁၇ လုံး၊ ဘိန်းမဲပိတ်စ ၆ ပိဿာ ၆၀ ကျပ်သား၊ ဘိန်းစိမ်းအဆီ ၇ ပိဿာ၊ ဘိန်းမဲချက်ပြီးခဲ ၁၃၇ ထုပ်နှင့် ခပ်ပုန် ၁၀၀ တုံး မီးရှို့ဖျက်ဆီးခဲ့ ကြောင်း တပ်ရင်း၆ မှတရားဝင်ပြောကြားလာပါသည်။
    
စားရေးသူအမြင်အားဖြင့်ဆိုသော် ဗမာအစိုးရသည် မူးယစ်ဆေးဝါးကို အမြစ်ပြတ် ချေမှုန်းလိုသော စိတ်ဆန္ဒမရှိဘဲ လူမျိုးပြုန်းတီးရေးလက်နက်သဖွယ်အသုံးပြု နေသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားလှပါသည်။ ဗမာအစိုးရရဲနှင့် အထူးမူးယစ်ရဲများ၏ ခွင့်ပြုချက်ဖြင့်ဖွင့်ထားသော ဘိန်းခန်းများ ဖားကန့်မှော်ဒေသတွင် အလွယ်တကူတွေ့နိုင်ပါသည်။ မိသားစုတစ်စုတွင် မူးယစ်ဆေးစွဲနေသူ တစ်ဦးရှိပါက တစ်မိသားစုလုံး လူမှုရေးပြဿနာကြုံရတတ်ပါသည်၊ ထိုထက် ဘေးပတ်ဝန်းကျင်၊ မြို့ရွာများနှင့် ပြည်နယ်ကြီးတစ်ခုလုံး အထိ ထိခိုက်လာတတ်ပါသည်။ အနောက်နိုင်ငံများ တရုတ်ပြည်ကို သိမ်းလိုသော ကြောင့် ဘိန်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သကဲ့သို့ ကချင်ပြည်နယ်တွင် ဗမာအစိုးရက မူးယစ်ဆေးဝါးကို လက်နက်တစ်ခုအဖြစ်အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသဖြင့် ကချင် တစ်မျိုးသားလုံး မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ်သတ်မှတ်၍ ၀ိုင်းဝန်းဆန့်ကျင် သင့်ကြောင်း တင်ပြလိုက်ရပါသည်။

မောင်ရှင်းလင်း
၂၇/ ၆/ ၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers