www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့် ဆိုင်းတောင် မိုးသည်းထန်မှုကြောင့် ရေကြီး Tuesday, June 12, 2012

ဖားကန့် ဆိုင်းတောင် မိုးသည်းထန်မှုကြောင့် ရေကြီး

June (12) bat Lahkawng
ဇွန်လ ၁၁ ရက်နေ့ည ၉ နာရီမှစ၍ ရွာသွန်းခဲ့သောမိုးကြောင့် ဖားကန့်၊ ဆိုင်းတောင်မြို့များတွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၃ နာရီခန့်မှစ၍ ရေကြီးမှုများဖြစ်ခဲ့ပါသည်။ နံနက် ၇ နာရီခန့်ရောက်သောအခါ   ရေကျသွားသော်လည်း ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဆိုင်းတောင်ဒေသခံများက ပြောကြားလာပါသည်။

တံတားကြီးတစ်စင်းပျက်စီးနေစဉ် အဝေးပြေးကားဂိတ်များ ရေလွမ်းမိုးသွားပြီး ခရီးသည်တင်ကားများလည်း   ရေနစ်သွားကြောင်း၊ ဆိုင်းတောင်နှင့် ဖားကန့်မြို့သို့သွားရာ တံတားကြီးတစ်စင်းနှင့်   ကျောင်းသူကျောင်းသားများ အားထားရာ တံတားငယ်တစ်စင်း ပျက်စီးသွားကြောင်း၊ ယခုအခါ ဆိုင်းတောင်သို့ ကျောင်းလာတက်မည့် ကျောင်းသား များ သွားလာရေးခက်ခဲသွားပြီဖြစ်ပါသည်။

ကျောင်းသွားရန်တံတားမရှိတော့ နေအိမ်အများစုနှင့် ဆိုင်းခန်းများ ရေလွမ်းသွားကြောင်း အချို့ဆိုင်များရေ၀င်သဖြင့် ဆိုင်မဖွင့်နိုင်ကြောင်း၊ စီးပွားရေးထိခိုက်ကြောင်း ဒေသခံများက   ပြောကြားလာပါသည်။   ယခုအချိန်သည် မိုးဦးကာလသာရှိသေးသဖြင့် ဒေသခံ အများစုမှာ ယခုကဲ့သို့   ရေကြီးလာလိမ့်မည်ဟုမယူဆသဖြင့် ပျက်စီးဆုံးရှုံးမှုများပိုများခဲ့ခြင်းဖြစ်ပါသည်။ ဒေသခံများ၏ အဆိုအရ လွန်ခဲ့သော ၇ နှစ်ခန့်မှစ၍ ဆိုင်းတောင်မြို့များသို့ ပုံမှန်ရေကြီးလာကြောင်း၊ နှစ်စဉ်နှင့်အမျှ ဒေသခံများမှာ   ရေကြီးမှုဒဏ်ကိုခံစားနေရကြောင်း ဒေသခံတစ်ဦးကပြောကြားပါသည်။ ဤသို့ဖြစ်ရခြင်းမှာ အာဏာပိုင် အဆက်ဆက် သည် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများနှင့် ပူးပေါင်းကာ ကျောက်စိမ်း အလွန်အကျွံတူးဖော်ခြင်း၊ ဥရုချောင်းတစ်လျှောက် မြေစာတူးခြင်း၊ မြေစာ ဖို့ခြင်းများ   ပြုလုပ်သဖြင့် ရေစီး ရေလာပြောင်းကာ ယခုကဲ့သို့ လူနေမြို့များသို့ ရေကြီးခြင်းများ   ဖြစ်ပေါ်လာပါသည်။ 

အဝေးပြေးယဉ်စခန်းနှင့် ဘုရားကျောင်း ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်သော်လည်း အာဏာပိုင်အစိုးရမှ   ပြည်သူလူထုအား ကူညီထောက်ပံ့မှုများ မရှိသည့်အပြင် ကုမ္မဏီများကိုလျှော်ကြေးမတောင်းနိုင်အောင် အကာအကွယ်ပေးထားပါသည်။ ကုမ္မဏီအများစုမှာ ဒေသခံ တိုင်းရင်းသားအမည်ခံ   နိုင်ငံခြားသားပိုင်များသာဖြစ်ပါသည်။ ကုမ္မဏီပိုင်ရှင်အမျာစုသည် မိုးတွင်းကာလ တွင် ဖားကန့်ဒေသဠ်   နေထိုင်ခြင်းမရှိဘဲ အခြားမြို့ကြီးများဠ်သာနေထိုင်ပါသည်။  သူတို့၏လုပ်ရပ်ကြောင့် ရေကြီးလာသော်လည်း   ဒေသခံများသာ နှစ်စဉ်နှင့်အမျှခံစားနေရပါသည်။ နေအိမ်တစ်လုံးသည် ရေနှစ်၍ ပြန်လည်တူးဖော်လိုပါက သိန်း ၅၀ မှ သိန်း ၂၀၀ အတွင်းကုန်ကြောင်း၊ ပြန်လည်မတူးနိုင်ပါက မိမိနေအိမ်များဆုံးရှုံးကြောင်း   ဒေသခံတစ်ဦးက ရှင်းပြပါသည်။

အိမ်မြှေက်ခမတတ်နိုင်၍ ဆုံးရှုံးရသောအိမ်တစ်လုံးဖားကန့်ဒေသသည် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်ရာ ဒေသ ဖြစ်ပါသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ လုပ်ကိုင်စားသောက်ရာဒေသ ဖြစ်ပါသည်။ ယူရိုငွေ သန်းချီတန်ကျောက်စိမ်း ထွက်ရာဒေသဖြစ်သော်လည်း အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်လုပ်ဆောင်ထားခြင်းမရှိကြောင်း၊   ရေစီးရေလာကောင်းမွန်အောင် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ အစိုးရအဆက်ဆက် လဒ်စားပြီး   ဒေသခံများကောင်းကျိုး၊ ရပ်ရွာ ဖွံ့ဖြိုးရေးများ လုပ်ဆောင်မှုမရှိကြောင်း၊ သတ္ထုတွင်းဝန်ကြီးဌာနသည်လည်း   ကျောက်စိမ်းတူးဖော်ခြင်းတွင် ဥပဒေနှင့်မညီသော်လည်း မျက်ကွယ်ပြုထားကြောင်း၊ ဒေသခံများ၏ ဆင်းရဲဒုက္ခကိုလည်း လစ်လျူရှုထားကြောင်း ဒေသခံတစ်ဦးကရှင်းပြပါသည်။

ပေါများလှသော ကုမ္မဏီပိုင်ယန္တာရားများ စာရေးသူအနေဖြင့် ဖားကန့်ဒေသတွင် မြေကော်စက်(ဘက်ဖိုး) များ၊ မြေသယ်ကားများ သောင်းချီ ရှိပါသည်ကိုမျက်ဝါးထင်ထင် မြင်တွေ့ပါသည်။ မိုးတွင်းကာလတွင်   ကျောက်စိမ်းကုမ္မဏီများရပ်နား၍ စက်ယန္တာရားများ ရပ်နားထားသည်ကိုလည်း မြင်ပါသည်။ သို့သော် ထိုစက်ယန္တာရားများဖြင့် ဒေသခံများအတွက် လမ်းခင်းပေးခြင်း၊   ရေနှုတ်မြောင်းဖော်ပေးခြင်းများ လုပ်ဆောင်ပေးသည်ကို မတွေ့ရသောကြောင့် အလွန်အံ့သြမိပါသည်။ လူစိတ်ကောရှိသေးလား၊ လူတွေမှဟုတ်ရဲ့လား ဟုအကြိမ်ကြိမ်တွေးမိပါသည်။ ဒေသခံများ၏ အိမ်များရေနစ်မည်ကိုစိုးရိမ်သောကြောင့် အမြင့်သို့မြှောက်ရန် လိုအပ်သော မြေစာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ မြေသယ်ကားတစ်စီးလျှင် ကျပ် ၁ သောင်းခွဲဖြင့် ပြန်လည်၍ ၀ယ်ယူနေရပါသည်။ အစိုးရဆိုသည်မှာ   ပြည်သူလူထုမျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။ ယခုမှာထိုသို့မဟုတ် အစိုးရသည် ပြည်သူလူထုအကျိုးမကာကွယ်နိုင်သည့်အပြင် ကုမ္မဏီများနှင့်ပူးပေါင်း၍ ကိုယ်ကျိုးရှာနေခြင်းမှာ လွန်စွာအကျည်းတန်လှပါသည်။ စစ်မှန်သောဒီမိုကရေစီစနစ်ဟု အသံကောင်း ဟစ်နေသော အတွက်ပြန်လည်စဉ်းစားစရာ ပုစ္ဆာတစ်ပုဒ်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

မောင်ရှင်းလင်း
၁၂/၆/၂၀၁၂

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers