www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဦးတေဇ၏ ထူးကုမ္မဏီက ၉ တန်းကျောင်းသားလေး၏ ကျောက်စိမ်းကိုသိမ်းဆည်း Wednesday, June 27, 2012

ဦးတေဇ၏ ထူးကုမ္မဏီက ၉ တန်းကျောင်းသားလေး၏ ကျောက်စိမ်းကိုသိမ်းဆည်း

ဇွန်လ ၁၇ ရက်နေ့စနေနေ့တွင် ကောင်ဆန်မှော်မှ အဖ ဦးမရန်ဇော်ထန်နှင့် ဒေါ်လဖိုင်ထုဆိုင်တို့၏ သား မောင်ထွယ်အောင် အသက် ၁၇ နှစ် (၉ တန်းကျောင်းသား) သည် ကျောင်းပိတ်ရက်အားလပ်ရက်တွင် မိဘများ၏ ငွေကြေးအခက်အခဲကို ကူညီရန်ဖြေရှင်းရန် စွန့်ပစ်မြေစာပုံတွင် ကျောက်စိမ်းရှာဖွေခဲ့ပါသည်။   တောင်ကျရေမြောင်းကြားမှ ရေမဆေးကျောက်စိမ်း ပိဿာ ၂၀ ခန့်ရရှိခဲ့ပါသည်။ ထိုကျောက်စိမ်းအား ထူးကုမ္မဏီက ၎င်းတို့နှင့်သက်ဆိုင်သည်ဟုဆိုကာ ကုမ္မဏီတာဝန်ခံ ဦးကျော်ဇောလင်း၊ ကြီးကြပ်ရေးမှူး ဦးညီညီအောင်တို့မှ မတရားသိမ်းယူခဲ့ပါသည်။
ထိုကိစ္စကိုဒေသခံများက မကျေမနပ်ဖြစ်ကာ တပ်ရင်း ၆ သို့ အကူအညီ တောင်းခံသဖြင့် တပ်ရင်း ၆ လက်အောက်ခံ တပ်ခွဲ ၉ မှ တပ်ခွဲမှူး လခန်ခါးမှ ဦးဆောင်ကာ ဇွန်လ ၂၄ ရက်နေ့တွင် ထူးကုမ္မဏီ တာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ တရားမျှတ စွာ ဖြေရှင်းပေးခဲ့ပါသည်။ ကိုးတန်းကျောင်းသားလေးအား ကုမ္မဏီကကျောက်စိမ်းယူမည်လော၊ ငွေယူမည် လောဟုမေးသောအခါ ထိုကျောင်းသားလေးက ထိုက်တန်သောငွေကြေးသာ ရရှိလိုကြောင်း ပြောကြား သဖြင့် ကျောက်စိမ်းတန်ဖိုး ကျပ်ငွေ ၅ သိန်းကုမ္မဏီက ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့အပြင်ဒေသခံများက ကုမ္မဏီများ၏ မတရားကျောက်သိမ်းဆည်းမှုများကိုတိုင်ကြားလာသဖြင့် တပ်ခွဲမှူးသည် ကောင်စံ၊ တောင်းကော့၊ ကရင်ချောင်၊ စဘော့၊ နမ့်မှော် စသည့်မှော်ဒေသရှိ ကုမ္မဏီများမှ တာဝန်ခံများနှင့် ရပ်ရွာ လူကြီးများကို ခေါ်ယူကာ ဇွန်လ ၂၄ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တပ်ခွဲမှူးက နိုင်ငံတော်အစိုးရအနေဖြင့် တရားဝင် ကုမ္မဏီများကို ပိတ်သိမ်းထားချိန် တွင် ဒေသခံများအား ကုမ္မဏီခြံဝန်းမှ လွဲ၍ လုပ်ကွက်များတွင် လက်ဖြင့် လွတ်လပ်စွာ ကျောက်စိမ်း တူးဖော် ခွင့်၊ ရေမဆေး ကျောက်စိမ်း ရှာခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ ဒေသခံများထံမှ သိမ်းယူထားသော ကျောက်စိမ်းများအား ပြန်လည်ပေးအပ်ရန်နှင့် ဗမာစစ်သားနှင့် ရဲများအားကိုးဖြင့် ပြည်သူလူထုအား အနှောင့်အယှက်မပေးရန် သတိပေးခဲ့ပါသည်။ အကယ်၍ ပြည်သူမျက်နှာကိုမထောက်ဘဲ ကျောက်များကို မတရား သိမ်းဆည်းမည်၊ ဒေသခံများကို ရိုက်နှက်ဖမ်းဆီးမည်ဆိုပါက ကုမ္မဏီကသာ တာဝန်ခံရမည် ဖြစ်ကြောင်း တပ်ခွဲမှူးက သတိပေး ခဲ့ကြောင်း ဒေသခံများက ပြောကြားလာပါသည်။

ယခုအခါတွင် ဖားကန့်ဒေသတွင် KIA ထိန်းချုပ် ရာမှော်ဒေသများတွင် ပြည်သူလူထု လွတ်လပ်ပျော်ရွှင်စွာ ကျောက်စိမ်းရှာဖွေနေကြောင်း ဒေသခံများက ပြောကြားပါသည်။ KIA အရာရှိတစ်ဦးက ‘လွန်ခဲ့တဲ့အပတ်က ဂွေခါမှော်မှာ ကျောက်စိမ်း သိန်း ၁၀၀၀ ကျော်တန်ကျောက်တစ်လုံးထွက်တယ်၊ အဲဒါကျောက်ပိုင်ရှင်က သိန်း ၁၀၀ လာလှူသွားတယ်၊ ကျွန်တော် တို့က တော့ ဘယ်လောက်ရရင် ဘယ်လောက်ပေးရမယ်ဆိုတာသတ်မှတ်ထားတာမရှိပါဘူး၊ အပြန် အလှန် ယုံကြည်မှုပါ၊ သူတို့လွတ်လွတ်လပ်လပ်ကျောက်တူးဖို့ကျွန်တော်တို့က ကာကွယ်ပေးထားတယ်၊ ဒါကို သူတို့က ပြန်ပြီးကျေးဇူးဆပ်တယ်လို့ဘဲယူဆပါတယ် ‘ ဟုပြောကြားလာပါသည်။ ဗမာအစိုးရ ထိန်းချုပ်ရာ မှော်များတွင် ကျောက်စိမ်းတူးဖော်ခွင့်ပိတ်ထားပါသည်။
 
မောင်ရှင်းလင်း
၂၇/ ၆/ ၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers