www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
စစ်တပ်မှ တနိုင်းလီဒိုလမ်းမကြီး ပိတ်ထား Tuesday, June 19, 2012

စစ်တပ်မှ တနိုင်းလီဒိုလမ်းမကြီး ပိတ်ထား

June (19) bat Lahkawng
တနိုင်းမြို့အနီး၆မိုင်တံတား    (ဂွေတောင်ချောင်း) ဟာ ဦးအေးသိန်း၏ ဘိလပ်မြေတင်ဆောင်လာသော  ယူဒီကောင်ဒါ ကားကြီးကြောင့် ၃၀-၅-၂၀၁၂ ရက်က ကျိုးကျပျက်စီးသွားခဲ့ပါတယ်။ မြို့နယ်အစိုးရမှ ကားပိုင်ရှင်ထံမှဒဏ်ငွေအဖြစ်ကျပ် (သိန်းနှစ်ရာ) တောင်းယူပြီးပါပြီ။ သို့သော် တံတားကို ယနေ့ထိတိုင်ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိ၊ နွေရာသီ၌သွားလာရန် မဖြစ်စလောက်တံတားလေးသာ စီစဉ်ပေးထားလိုက်ပါတယ်။

နွေရာသီတံတားလည်း ချောင်းရေကြီးပြီး ယခုချိန်မှာပြန်လည်ပျက်စီးသွားခဲ့ပါပြီ။ စစ်အစိုးရ   ခေတ်အဆက်ဆက် ကတည်းက ပြန်လည် ပြုပြင်တည်ဆောက်ခြင်း မလုပ်ခဲ့သည့် ဟောင်းနွမ်းသွားသော တံတားများ အခုလို ကျိုးပျက်သွားလျှင် တရားခံရှာပြီး ခြိမ်းခြောက်ကာ ဒဏ်ငွေများတောင်းယူမှုတွေ အကြိမ်ကြိမ်ရှိခဲ့သော်လည်း ခိုင်ခန့်သည့်တံတားများ ယနေ့ထိတိုင်   ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိခဲ့ပါ။ မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်ရှိ တံတားတွေအားလုံးဟာ ဒုတိယကမ္ဘာစစ်၊ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းကတည်ဆောက်ထားသည့် သက်တမ်း ကုန်ဆုံးပြီဖြစ်သော တံတားများဖြစ်ပါတယ်။

၁၆-၆-၂၀၁၂ ရက်က လီဒိုလမ်းမပေါ်၊ နောင်းမှီကျေးရွာအနီးရှိ ရဲဘက်စခန်းခြုံရေးမိုင်းနင်းမိပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုကို အကြောင်းပြပြီး ခရီးသွားပြည်သူလူထုများအပေါ် မတရား ခြိမ်းခြောက်၊ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးကို ၁၇-၆-၂၀၁၂ ရက်ကစပြီး (နမ္မတီးမြို့အထက်၊ မရန်ကထောင်ကျေးရွာမှ တနိုင်းမြို့ စုပေါင်းဂိတ်အထိ) တနိုင်း ဒ.က.စ အမိန့်အရ ရက်အကန့်အသတ်မရှိ သွားလာရေးလမ်းကြောင်း ပိတ်ပစ်လိုက်ကြောင်း သိရတယ်။

အခုလိုလမ်းကြောင်းပိတ်ထားလိုက်ခြင်းမှာ ကျိုးကျသွားသော ၆ မိုင်တံတား (ဂွေတောင်ချောင်း) ပြန်လည် မလုပ်နိုင်၍ မိုးရာသီ၌ ဖြတ်သန်းသွားလာနိုင်ရန် ဇက် (စက်လှေ) တခုအလောတကြီး တိတ်တိတ်ပုန်း စီစဉ်ပြုလုပ် နေကြရခြင်းကြောင့်သာဖြစ်ပါတယ်။ စစ်အစိုးရ၏ ယခုလိုလုပ်ရပ်တွေကြောင့် ရာနှင့်ချီသောစီးပွားရေး ကုန်သည်များနှင့် ပြည်လူထုများဟာ  သွားလာရေးခက်ခဲမှုနှင့်ရင်ဆိုင်ကြုံတွေ့နေကြကြောင်း ဒေသခံတဦးထံမှ သိရှိရပါတယ်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers