www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကချင်လူမျိုးများအတွက် မေးခွန်းထုတ်ရမည့် မြန်မာ့ဒီမိုကရေစီလမ်းစဉ် Friday, June 01, 2012

ကချင်လူမျိုးများအတွက် မေးခွန်းထုတ်ရမည့် မြန်မာ့ဒီမိုကရေစီလမ်းစဉ်

ဆိုင်းတောင် အမှတ် (၁၆) တပ်ရင်း
မြန်မာအစိုးရနှင့်ကချင်အစိုးရတို့အကြားဖြစ်ပွားနေသော   ပြည်တွင်းစစ်သည် ဇွန်လ ၉ ရက်နေ့တွင် ၁ နှစ် တင်းတင်း ပြည့်တော့မည်ဖြစ်ပါသည်။ လက်ရှိအချိန်အထိ အကြိမ်ကြိမ် ဆွေးနွေး ခဲ့ကြသော်လည်း စစ်မှန်သော အဖြေကိုမရှာနိုင်သေးပေ။ အဘယ့်ကြောင့်နည်းဟု အဖြေကိုဆန်းစစ်ကြည့် သောအခါ မြန်မာ အစိုးရ၏ တိုင်းရင်းသားများ၏ ရသင့်ရထိုက်သောအခွင့်အရေးကိုမပေးလိုကြောင်း၊ တိုင်းရင်းသား လူမျိုးများ ကို ဆက်လက်၍ ဖိနှိပ်သေးလိုကြောင်းသိသာထင်ရှားလှပါသည်။

ယခုအခါအစိုးရ၏ အတွင်းသဘောသည် ပို၍ပေါ်လွင်လာပါသည်။ ယခုအခါ ကချင်အစိုးရနှင့်   မြန်မာအစိုးရတို့ပူးတွဲထိန်းချုပ်ရာ ဖားကန့်မြို့နယ်တွင် အစိုးရစစ်တပ်များ ပိုမိုချထားပါသည်။ လူ့အခွင့် အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လာပါသည်။ ဖားကန့်မြို့နယ်၏ အဓိက တွင်းထွက် ဖြစ် သော  ကျာက်စိမ်း လုပ်ကွက်များကို မေလကုန်မှစ၍ ရပ်တန့်ခိုင်းထားပါသည်။ ကုမ္မဏီများ၏ စက်ယန္တရား များကို မိုးညှင်းမြို့နယ်ကျောက်စိမ်းရုံးသို့ ရွှေ့ပြောင်းရန်အမိန့်ပေးခဲ့ပါသည်။ ထို့အပြင် ဗျူဟားမှူး၏ အမိန့်ဖြင့် ရေမဆေး ( ကျောက်စိမ်းရှာဖွေသူ) များကိုလည်း ဖားကန့်ဒေသမှ ထွက်ခွာရန် ဖိအားပေးလာပါသည်။   ကျောက်စိမ်းရှာဖွေသူများကိုလည်း လိုက်လံဖမ်းဆီးသတ်ဖြတ်ခဲ့ပါသည်။ ယခုချိန်အထိ အပြစ်မဲ့သော   ကျောက်စိမ်းရှာဖွေ သူ ၄ ဦးကိုလည်း အစိုးရစစ်တပ်မှ သူပုန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ပါသည်။

ယခုအခါ ဖားကန့်မြို့နယ်တွင် ဗျူဟာမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ အားခေါ်ယူကာ ကျောက်စိမ်းမရှာရ၊ အရောင်းအ၀ယ်မလုပ်ရ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများအား နေရပ်ပြန်ရန် စသည့် အမိန့်များကို အကောင်အထည်ဖော်ရန် လက်မှတ်ထိုးခိုင်းကြောင်း ပြောကြားလာပါသည်။ ဖားကန့်မြို့နယ် သည် မြန်မာပြည်၏ အနယ်နယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့လာရောက်စီးပွါးရှာရာဒေသ   ဖြစ်ပါသည်။ ဧည့်သည်များကိုပြန်ခိုင်းခြင်းဆိုသည်မှာ အိမ်ရှင်ကချင်လူမျိုးများသာ ကျန်ရစ်ခဲ့စေရန် ဖြစ်ပါသည်။ ကချင်လူမျိုးများအား အခြားလူမျိုးများနှင့် ရောထွေး၍ မပြန်နိုင်စေရန် လမ်းတွင် တင်းကျပ်စွာစစ်ဆေးခြင်း၊ ကချင်လူမျိုးမှန်လျှင် သီးခြားခွဲ၍ စစ်ဆေးခြင်း၊ မှတ်ပုံတင်မပါလျှင် ဖမ်းဆီးစစ်ဆေးခြင်းများ   ပြုလုပ်လျှက်ရှိပါသည်။ အခြားလူမျိုးများ မြန်မာစစ်တပ်မှ ကချင်လူမျိုးများအပေါ် စိတ်ကြိုက် လူ့အခွင့်အရေးချိုးဖောက်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု   ဒေသခံများကယူဆလျှက်ရှိပါသည်။ ယခုအခါ ဖားကန့်ဒေသမှ နေ့စဉ်နှင့် အမျှ လူများစွာစွန့်ခွာလာကြပါသည်။
ဗမာစစ်တပ် အမြောက်ပစ်ခတ်လိုက်သော နေရာနှင့် ကျရောက်ပေါက်ကွဲသည့်နေရာ
ယခုကဲ့သို့ အခြေအနေရှုပ်ထွေးနေစဉ် မေလ ၃၁ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ ၀န်းကျင်ခန့်တွင် ဆိုင်းတောင် (ဆိပ်မူ) အခြေစိုက် အမှတ် ၁၆ ခြေမြန်တပ်ရင်း တွင် မိုင်းကွဲသည်ဟု အကြောင်းပြကာ ကချင်လူမျိုးများအထွတ်အမြတ်ထားရာ ဆိုင်းတောင်ဇုံနယ် ဆုတောင်းတောင်သို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးများသည် ဆုတောင်းတောင်၊ နေရာအနှံကျရောက်ပြီး တရုတ်နှစ်ခြင်းအသင်းတော် ၀င်းအတွင်း၎င်း နှင့် ဆိုင်းတောင် ကချင်နှစ်ခြင်းအသင်းတော်၏ အတွင်းရေးမှူး ဦးဇွန်ဇမ်ခေါင်ဂျုန်း၏နေအိမ်ဝင်း၎င်း 7 Star ကျောက်စိမ်းကုမ္မဏီဝင်းအတွင်း၎င်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ပေါက်ကွဲမှုကြောင့် 7 Star ၀န်ထမ်း ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါသည်။ တရုတ်နှစ်ခြင်းအသင်းတော်မှ လုံခြုံရေး ၀န်ထမ်းတစ်ဦးတစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသည်။   ဒေသခံတစ်ဦး၏အဆိုအရ စစ်တပ်ဝင်းအတွင်း   ထောင်ထားမိုင်းအား ခွေးနှင်း၍   ပေါက်ကွဲမှုဖြစ်သောကြောင့် မသင်္ကာ၍ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း အမှတ် ၁၆ တပ်ရင်းမှ ဗျူဟာသို့အစီရင်ခံစာတင်ထားသည် ဟုဆိုလာပါသည်။

သို့သော် ဒေသခံများ၏ အဆိုအရ အခင်းမဖြစ်ပွားမှီ မေ ၁၉ ရက်နေ့တွင် အမှတ် ၁၆ တပ်ရင်းမှူးနှင့် စစ်သည်တော် ၂၀ ဦးခန့်သည် ယခုအခင်းဖြစ်ပွားရာ ဆုတောင်းကုန်း၊ တရုတ်နှစ်ခြင်းအသင်းတော်၊ ကချင်နှစ်ခြင်းအသင်းတော်များသို့ လာရောက် စစ်ဆေး၊ မေးမြန်း၊ ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း၊ အစဉ်တပ်စခန်းမှ စောင့်ကြည့်နေကြောင်း စသဖြင့်ပြောဆိုလာပါသည်။ ထို့ကြောင့် ယခုဖြစ်ရပ်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုဖြစ်ကြောင်း ဒေသခံအများစုက ယူဆနေကြပါသည်။ ထို့အပြင် အခင်းမဖြစ်ပွားမှီ ၁ ရက်အလိုနှင့် အခင်းဖြစ်ပွားမည့် နံနက် တွင် အမှတ် ၁၆ တပ်မှ ကချင်လူငယ် ၄ ဦးအား သတ်ဖြတ်လိုက်သည်ဟူသော သတင်း ပြန့်နှံနေသည့်အချိန်နှင့် လည်းတိုက်ဆိုင်နေပါသည်။

ဘုရားကျောင်းအတွင်းသို့ ဗမာအစိုးရ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိသူ
သို့သော် ဒေသခံအများစုမှာ ယခုကဲ့သို့ စစ်တပ်၏ မတရားမဆင်မခြင်ပစ်ခတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဘာသာရေးဆိုင်ရာနေရာများကိုတိုက်မှု များကို အပြစ်တင်ဝေဖန်လျှက် ရှိပါသည်။ ပို၍ ဆိုးသည်မှာ အမှတ် ၁၆ တပ်ရင်းသည် ဆိုင်းတောင်မြို့လယ် ဆေးရုံးတည်ဆောက်မည့် နေရာတွင် နေရာယူထားပြီး ပြည်သူလူထုအား အကာအကွယ်ယူပြီး ပြည်သူလူထုအား လက်လွတ်စပယ် လုပ်ဆောင်မှုများမှာ စစ်မှန်သော ဒီမိုကရေစီနိုင်တော် သို့ချီတက် နေပါသည် ဟု အသံကောင်းဟစ် နေသော ဦးသိန်းစိန်အစိုးရအတွက် အလွန်ရှက်ဖွယ်ဖြစ်ပါသည်။ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည် ဟုဆိုသော အစိုးရတပ်များသည် လက်တွေ့တွင် ပြည်သူလူထုအား ညည်းပန်းနှိပ်စက်နေသူများ သာဖြစ်နေပါသည်။ ခရစ်ယာန်ကချင်သူပုန်တပ်များသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအား အစိုးရတပ်များရှိသည်ကို သိသော်လည်း ယနေ့အချိန်အထိ တိုက်ခိုက်မှုမျိုးမရှိသေးပေ။ ထိုထက်ပို၍ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို မြန်မာတပ်စခန်းပြုလုပ် ထားသည်မှာလည်း  အစိုးရတပ်၏ကြောက်လန့်မှုနှင့် သူပုန်များ၏ စည်းစနစ်ရှိမှုကိုဖော်ဆောင်နေပါသည်။   သို့သော် အစိုးရတပ်များသည် ခရစ်ယာန်ဘာသာနှင့် သက်ဆိုင်သောနေရာများ အားတိုက်ခိုက်နေသည်မှာ ကြိမ်ဖန်များစွာရှိနေပြီဖြစ်ပါသည်။  ထို့ကြောင့်ကချင်ပြည်သူများအတွက် အစိုးရစစ်တပ်သည် သူပုန်ဖြစ်နေပြီး ကချင်အစိုးရသာလျှင် သူတို့၏ စစ်မှန်သောအစိုးရ အားကိုးရသောအစိုးရဖြစ်လာပါသည်။
ဗမာစစ်တပ်ပစ်ခတ်လိုက်သော အမြာက်ကျည်ခွံများ
ဦးသိန်းစိန်အစိုးရအတွက် ကချင်ပြည်သူလူထုများမည်သို့ယုံကြည်ရမည်နည်း၊ ကချင်အရေးနှင့် ပက်သက်၍ စကား ၄ ကြိမ်တိတိမှားခဲ့ပါသည်။ ဘာလီကျွန်းအင်တာဗျူးတွင် ကချင်ကိုတိုက်လိုပါက နာရီပိုင်း၊မိနစ်ပိုင်းအတွင်းတိုက်၍ ရသည်ဟုခြိမ်းခြောက်ခဲ့သေးသည်။ ထိုးစစ်ရပ်ပါဟု ၂ ကြိမ် အမိန့် ပေးခဲ့သော်လည်း ပို၍ စစ်အင်အားများလာသည်။ လှိုင်ဇာကိုသိမ်းမည်မဟုတ်ဟု ဆိုသော်လည်း လှိုင်ဇာနှင့် ၄ မိုင်အလိုထိအစိုးရစစ်တပ်ရောက်လာပါသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးရာထူးကိုရထားသူသည် အဘယ့်ကြောင့် လူကြီးမဆန်သော အပြောဆိုမျိုးပြောနေသည် ကို သာမာန်လူတစ်ဦးအနေဖြင့် စာရေးသူနားမလည်နိုင်ပါ။
ဘုရားကျောင်းပိုင် ကားပျက်စီးသွား
ယနေ့အချိန်အထိ ကချင်အစိုးရသည် ကချင်လူမျိုးတို့ ရသင့်သော အခွင့်အရေးကိုရဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်သာတောင်းဆိုနေခြင်းသာဖြစ်ပါသည်။ သို့သော် အစိုးရ၏ ကချင်ပြည်သူလူထုအပေါ် ဆက်ဆံမှုမှာ  နိုင်ငံခြားသား တရုတ်လူမျိုးများနှင့် အိန္ဒိယလူမျိုးများထက်ပင်ပို၍ ဆိုးနေသည်မှာ ငြင်း၍ မရနိုင်ပါ။ ခွဲထွက်ရေးလမ်းကြောင်းသို့ တွန်းပို့နေသည်မှာ လက်ရှိအစိုးရသာဖြစ်နေပါသည်။ လက်ရှိဦးသိန်းစိန်အစိုးရဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ်ကို ကချင်လူမျိုးများ မည်သို့ ယုံကြည်ရမည်နည်း၊ ရာထူးအမြင့်ဆုံးသော သမ္မတပင်လျှင် လိမ်ငြာမှုများနှင့် နပန်းလုံးနေရချိန် ယုံကြည်မှုတည်ဆောက်ရန်၊ ငြိမ်းချမ်းရေးစကားများပြောဆိုရန်ကမ်းလှမ်းမှုများသည် ကချင်လူမျိုးများ အတွက် ပျက်လုံးသဖွယ်ဖြစ်နေပါသည်။ ကချင်လူမျိုးများ၏ မေးခွန်းများကို ဦးသိန်းစိန်အစိုးရ ဖြေနိုင်လိမ့်မည်ဟု စာရေးသူ မယုံကြည်ပါ။ သို့ဖြစ်၍ မြန်မာ့ဒီမိုကရေစီလမ်းစဉ်ကို ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဦးဇံထဇင် က “ ဒီမိုကရေစီပြောင်းပြန်” ဟုဆိုခဲ့သလို စာရေးသူအနေဖြင့် “ဒီမိုကရေစီစောက်ထိုး” ဟုသာဆိုချင်ပါတော့သည်။

 မောင်ရှင်းလင်း
၁၊၆၊၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers