www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
UNFC ဘာလဲ၊ ဘယ်လဲ Tuesday, May 15, 2012

UNFC ဘာလဲ၊ ဘယ်လဲ

ယနေ့ UNFC ဘာတွေလုပ်နေလဲ… အစည်းအဝေးတွေခွလုပ်၊ ထုတ်ပြန်ကြေငြာချက်တွေပဲ ထုတ်နေလို့ ဘယ်လောက်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရရှိခဲ့ပြီလဲ။ UNFC ရဲ့ ဦးတည်ချက်က ဘာလဲ၊ ရပ်တည်ချက်က ဘာလဲ၊ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ ဒါတွေကို UNFC ပြန်လည်းဆန်းစစ်ဖို့လိုနေပြီလို့ထင်မိတယ်။

ကချင်တိုင်းရင်းသာ ကေအိုင်အေ အစိုးရကို ဗမာစစ်အစိုးရက ပြည်ပရန်သူသဖွယ် တိုက်ခိုက်ချေမှုန်း နေတဲ့အချိန် UNFC ဆိုတဲ့သူတွေက ဘာတွေလုပ်နေကြသလဲ။ မပြောမပြီး၊ မတီးမမြည် ဆိုသလို ပြောရ တီးရပါဦးမယ်။ UNFC ဆိုတာကလည်း ဖွတ်ကြား လို့ပဲထင်နေမိတယ်။ ပုဆိုးခြုံပြီးလက်သီးပြနေတဲ့ အဖွဲ့တစ်ခုသာသာပဲရှိပါတယ်။ ရန်သူကို ၀ိုင်းဝန်း တိုက်ထုတ်ဖို့၊ တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့ ထင်ပြီး ယုံကြည်အားကိုးမိခဲ့ပါတယ်။ တဖြည်းဖြည်းတော့ တိုင်းရင်းသားအရေးတွေကို ဂရုမစိုက်၊ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်လူမျိုးကို ကိုယ်ကလမ်းမှားကို လွှဲပေးနေတဲ့ သူတွေဖြစ်လာနေပါတယ်။ ဘာအတွက်တော်လှန်ရေးကိုလုပ်နေကြတာလဲ။ ကိုယ့်အိတ်ဖောင်းဖို့လား။ ကိုယ့်ကိုယ်ကျိုးစီးပွား အတွက်လား။ ကိုယ့်မိသားစုအတွက်လား။ ငြိမ်းချမ်းရေး ဒီလောက်တောင်လိုချင်နေရင် ဘာဖြစ်လို့ တော်လှန်ရေး အမည်ခံနေရတာလဲ။ ဘာဖြစ်လို့ နာမည်အပျက်ခံပြီး သူပုန်ဆိုတဲ့ အမည်ကိုခံယူ ထားကြရတာလဲ။

UNFC အဖွဲ့မှာ ပါဝင်တဲ့ အတိုင်းရင်းသားတွေကို ပြန်ကြည့်မယ်ဆိုရင်၊ ကရင် တကယ်ဆိုရင် ကရင်တပ်မတော်ဟာ တိုင်းရင်းသားတွေထဲမှာ အင်းအားအကြီးဆုံး အဖွဲ့ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာ ကရင်တပ်မတော်ဟာလည်း ဘာမှမရှိတော့ပါဘူး။ အချင်းချင်း မနာလိုမှုတွေ၊ အာဏာရယူလိုမှုတွေကြောင့် ကွဲကြ၊ ပြဲကြ ဘာမှမရှိတော့ပါဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ကာကွယ်ဖို့နေနေသာသာ ကိုယ့်လူမျိုးအချင်းချင်းပဲ တိုက်ကြ၊ ခိုက်ကြ၊ ကွဲကြ၊ ပြဲကြ။ ဒီလို အချင်းချင်းကြားမှာတောင် မစည်းလုံးနိုင်ခဲ့ရင် ဗမာအစိုးရကို ဘယ်လိုတိုက်ထုတ်ကြမှာလဲ။ ဘယ်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းယူကြမှာလဲ။ ဗမာအစိုးရကို ခုခံတိုက်ခိုက်ဖို့နေနေသာသာ ကိုယ့် အချင်းချင်းတိုက်ခိုက်နေကြတာနဲ့ သေကြ ကြေကြ။ ဘယ်မှာလည်း စစ်အင်အား။ ဘယ်မှာလဲ လက်နက်အင်အား။ ဒီလိုအခြေအနေမှာ ကရင်အမျိုးသားတွေတောင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဗမာအစိုးရက ဘယ်လိုပေးမှာလဲ။

ချင်းအမျိုးသားတပ်မတော် ကိုပြန်ကြည့်မယ်ဆိုရင်လည်း အင်အား တစ်ထောင်ကျော်ကျော်သာ ရှိပါတော့မယ်။ ဘယ်လို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းယူမှာလဲ။ ဗမာစစ်အစိုးရက တိုက်ချင်တဲ့ အချိန် ၀င်တိုက်သွားလို့ရတယ်။ ချင်းပြည်နယ်ထဲမှာ ချင်းလူမျိုးတွေကော ရှိပါသေးရဲ့လား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နေနေသာသာ ကိုယ့်လူမျိုးနဲ့ ချင်းပြည်နယ်ဆိုတဲ့ နာမည်ကို မြန်မာပြည်ကနေပျောက်မသွားအောင်ကို သတိထားရမဲ့အခြေအနေဆိုက်နေပါပြီ။

ရှမ်းပြည်တပ်မတော်လည်း ဘာမှမထူးပါဘူး။ ဗမာစစ်တပ်က အင်အားနည်းနည်းသုံးပြီး စစ်ရေးဆင်လာတာနဲ့ ကိုယ့်ဌာနချုပ်ကိုတောင် ပစ်ထားရဲတဲ့ တပ်မတော်ကို ဗမာအစိုးရက ဘယ်လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးနိုင်မှာလဲ။ အင်းအားကြီးတဲ့ ၀ တပ်မတော်ကို ဗမာအစိုးရက ခွဲထုတ်နိုင်ခဲ့တယ်။ ဗမာအစိုးရပြီးရင် မြန်မာပြည်မှာ လက်နက်အင်းအား၊ လူအင်အား အကြီးဆုံးဖြစ်တဲ့ ၀ တပ်မတော်ကို ရှမ်းပြည်တပ်မတော်ကသာမက တိုင်းရင်းသားတွေအားလုံးထဲ ကကို ဗမာစစ်အစိုးရက ဖဲ့ထုတ်နိုင်ခဲ့တယ်။ ဒါဟာ ရှမ်း အမျိုးသားတွေအချင်းချင်း မစည်းလုံးနိုင်ခဲ့လို့ပါပဲ။

ကရင်နီ (ခေါ်) ကယား အမျိုးသားတပ်မတော် ဘယ်မှာလဲ စစ်အင်အား၊ ဘယ်မှာလဲ လက်နက်အင်အား။ တစ်ထောင်သာသာရှိတဲ့ အင်းအားနဲ့ ဗမာစစ်အစိုးရစစ်တပ်ကို ဘယ်လိုခုခံ တွန်းလှန်နိုင်မှာလဲ။ ငြိမ်းချမ်းရေး စကားပြောနေကတည်းကကို အရှုံးပေးလက်မြှောက်နေတာနဲ့ ဘာမှမထူးတော့ပါဘူး။ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း ဘာမှ ထူးမခြားနားပါဘူး။ အားလုံးက အတူတူနဲ့ အနူနူတွေကြီးပါပဲ။

ဒီလိုပဲ UNFC အဖွဲ့ဝင်တွေအားလုံး အူတူတူ၊ အတတလုပ်နေမဲ့အတူတူ အဖွဲ့ဝင်တွေ အားလုံး စည်းစည်းလုံးလုံးနဲ့ ရန်သူ ဗမာတပ်မတော်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် UNFC အဖွဲ့ဝင် တိုင်းရင်းသားတွေ အားလုံး လိုချင်နဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရမှာ မြေကြီးလက်ခတ်မလွဲပါဘူး။ ဒီလိုမဟုတ်ပဲ အချင်းချင်းကွဲပြဲနေမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ရန်သူဖြစ်တဲ့ ဗမာအစိုးရက ပွဲလှန့်ပြီး ဖျာဝင်ခင်းသွားမှကတော့ ဧကန်မုချပါပဲ။ UNFC ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး အတူတကွ ပူပေါင်းလက်တွဲသွားဖို့ လိုအပ်နေပါပြီ။

ခုချိန် ဗမာအစိုးရက ကချင်လူမျိုးတွေကို အမျိုးပြုတ် တိုက်ခိုက်ချေမှုန်းနေတာကို ကေအိုင်အို/ကေအိုင်အေ တပ်မတော်က ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်နေတဲ့အချိန် UNFC အဖွဲ့ဝင် တိုင်းရင်းသားတွေအားလုံးလည်း ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေကနေပြီး ဗမာအစိုးရကို ရရာနည်းလမ်း နဲ့ တိုက်ခိုင်ချေမှုန်းနေမယ်ဆိုရင် ဗမာအစိုးရအတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ခုချိန်ဟာ တိုင်းရင်းသားတွေ အားလုံးအတွက် အချိန်ကောင်း၊ အခါကောင်းပါ။ ကေအိုင်အို အစိုးရကို ထိုးစစ်ဆင်မိတဲ့ ဗမာအစိုးရဟာ နောင်တရနေလောက်ပါပြီ။ အောက်ပြည် အောက်ရွာဘက်က ဗမာစစ်တပ်တွေလည်း ကချင်ပြည်နယ်ကို အကုန်ပို့ထားလို့ ကုန်သလောက်ရှိ နေပါပြီ။ ဗမာစစ်တပ်တွေကလည်း စစ်ပမ်းနေကြပါပြီ။ ဗမာစစ်တပ်တွင်းမှာလည်း အကွဲကွဲ အပြဲပြဲ တွေဖြစ်နေကြကုန်ပါပြီ။ ဗမာစစ်တပ်မှာ ၀ါရင့် စစ်သားကြီးတွေကုန်သလောက်ရှိနေလို့ ခုချိန်မှာ ရှေ့တန်းစစ်မျက်နှာပြင်ကို ကလေးစစ်သားတွေပဲ ပို့နေကြပါတယ်။

ခုချိန်မှာ UNFC အဖွဲ့ဝင်တွေအားလုံးကို ပြောချင်ပါတယ်။ အဖွဲ့ကြီးရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက် တွေကို ထင်ထင်ရှားရှားမြင်အောင်ကြည့်ပါ။ လက်တွေ့အလုပ်လုပ်ပါ။ ကေအိုင်အို/ ကေအိုင်အေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ပါ။ ရရာလက်နက်အင်အား လူအင်အားနဲ့ ကိုယ့်နယ် ကိုမြေက ဗမာစစ်တပ်တွေကို တိုက်ထုတ်ပါ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ကိုယ့်လူမျိုးတွေကို စည်းရုံးပြီး ရဲရဲရင့်ရင့် ဗမာစစ်တပ်ကို တိုက်ထုတ်ပါ။ အချိန်ကောင်း အခါကောင်း ရောက်နေပါပြီ။

မွတ်နော်
၁၅/၅/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers