တော်တော်ဆိုးတဲ့လူကြီး
ဗိုလ်ချုပ်အကြီး ဦးနေဝင်း-တော်တော်ဆိုးတဲ့ လူကြီးမင်း
ဦးနုထံမှ အာဏာယူ-အုပ်ချုပ်စီမံ နားမလည်သူ၊
ဥာဏ် မမှီတော့ အခက်အခဲ-မျိုးစုံတွေ့တော့ဒုက္ခဘဲ။
၁၉၆၃ မှာ- ပေါ်လဆီအသစ်ကိုသူစရှာ၊
စစ်သူကြီးများ ခေါ်ယူတွေး-အတိုင်ပင်ခံနဲ့သူဆွေးနွေး။
ထွက်လာအဖြေ-မောလောက်ပေ၊
ပညာတတ်တွေ-သူဌေးတွေ၊
ပြည်ပရောက်အောင်-ဒို့ကြံဆောင်
နည်းမျိုးစုံနဲ့ ပထုတ်မယ်-လုံးဝ ဆင်းရဲစေရမယ်။
ဒါမှဒို့တွေတနိုင်တပိုင်-ဆင်းရဲသားတွေစိတ်ချနိုင်၊
ကျန်သူဌေးနဲ့ ပညာတတ်-ဒို့ကိုထောက်ခံမတ်တတ်ရပ်။
လူမျိုးစုနဲ့ တိုင်းရင်းသား-အုပ်ချုပ်ခက်တဲ့တောင်ပေါ်သား၊
တရောင်တည်းဖြစ်အောင်-ရေရှည်ဆောင်၊
နောက်ဆုံးဒို့အရောင်-ဖြစ်သွားအောင်၊
အရောင်ဖျော်နေတဲ့အချိန်-တိုင်းရင်းသားများစိတ်တွေပိန်၊
ကိုယ့်မြေဒေသစွန့်ပြေးဖို့-နည်းမျိုးစုံနဲ့ကြံဆောင်စို့။
ပြည်သူလူထု ရေနဲ့တူ-သူပုန်တွေက ငါးနဲ့တူ
ရေခမ်းသွားတော့-ငါးနေစရာမရှိတော့။
ရေနဲ့တူတဲ့လူထုကို-ဒို့တွေအချိန်ယူ၊
လုံးဝခမ်းခြောက်သွားစေဖို့-ဒို့တွေလုပ်ကြစို့။
ဦးလူဆိုးကြီး မထင်မရှား-ဘဝတပါးပြောင်းလို့သွား
သူ့ပေါ်လဆီကျန်ရစ်ခဲ့-ရှင်သန်ပြီးနေခဲ့လေရဲ့။
ခုသမ္မတကြီးခက်ပြီလေ၊
ကမ္ဘာ့အဆင့် မမှီတယ်။
ပညာတတ်တွေပြန်ခေါ်လည်း၊
ထူးခြားမှု တွေ မရှိသေး။
သန်းကြွယ်သူဌေးလည်းဝေးသေးတယ်၊
ကမ္ဘာမှာ သိန်းစိန်မျက်နှာငယ်။
ခမ်းနားကြီးကျယ် နေပြည်တော်၊
ကချင်ပြည်က ငွေသားပေါ်။
သစ်နဲ့ကျောက်စိမ်း သူလုပ်စား၊
ပြည်သူကတော့ ဆင်းရဲသား။
ရေလည်းခမ်းခြောက်လို့ မသွား၊
ငါးတွေပိုလို့ အမျိုးပွား။
ဦးသိန်းစိန် ရဲ့ဦးနှောက်ပူ
ဒေါ်စုကြည်ရဲ့အကူအညီယူ၊
"ယောက်ျား စိတ်ညစ်ရင်သေ သတဲ့၊
မိန်းမ စိတ်ညစ် ရင် ရယ် သတဲ့ " နော်။ (ကချင် စကားပုံ)
မနောမြေ-စိန်
၂၂.၅.၂၀၁၂