www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဥပဒေရဲ့ အထက်မှာ ဘုန်းတော်ကြီးများလည်းရှိတယ် Wednesday, April 18, 2012

ဥပဒေရဲ့ အထက်မှာ ဘုန်းတော်ကြီးများလည်းရှိတယ်

စာရေးသူ ဤဆောင်းပါးရေးဖို့ အတော်လေးသတ္တိမွေးခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ကိုအခြေခံနေတဲ့ ပြဿနာဖြစ်နေလို့ပါဘဲ။ တစ်ဖက်ကကြည့်ပြန်တော့လည်း လူများစုကိုး ကွယ်တဲ့ ဘာသာ တစ်ခုက လူနည်းစုကိုးကွယ်တဲ့ ဘာသာတစ်ခုကို နှိပ်ကွပ်မှုလို့ဆိုရင်လည်း မမှားပါဘူး။ ဒီမိုကရေစီနိုင်ငံသစ်ဆီဦးတည်သွားနေပါတယ် ဆိုတဲ့ အစိုးရရဲ့ စကားတွေဟာလည်း သံသယဖြစ်ဖွယ် ကောင်းလာပါတယ်။

ကံဆိုးမှုတွေက မဖိတ်ခေါ်ဘဲ သင်္ကြအကျနေ့မှာ ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာက အစ္စလာမ် ဗလီဝင်းမှာစတင်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က စတင်ပြီး ၀တ်ပြုကိုးကွယ်ခဲ့တဲ့ဗလီလို့ဆိုရင်လည်း မမှားဘူး။ အစ္စလာမ်ဘာသာဝင် ၇၀၀ လောက်ရှိတဲ့ ဆိုင်းတောင်မှာ ဘုရားဝတ်ပြုသူ ၄၀၀ လောက်ရှိတယ်လို့ သိရတယ်။ လူဦးရေ ၁၅၀ လောက်သာဆန့်တဲ့ ဗလီကို ချဲ့ထွင်ဖို့ကြိုးစားရာမှ ပြဿနာကစတင်လာပါတော့ တယ်။ ဆိုင်းတောင်အုပ်ချုပ်ရေးမှူးကိုတိုင်ကလည်းအစ္စလာမ်ဘာသာဝင်ဖြစ်နေပြန်တော့ ပြဿနာကပိုပြီးရှုပ် ထွေးလာတယ်။ ဆိုင်းတောင်ဒေသခံတွေနဲ့ ဘုန်းတော်ကြီးတချို့ အထက်ကို အကြိမ်ကြိမ်စာတင်ပေမဲ့လည်း ထူးခြားမှုမရှိလာဘူး လို့သိရတယ်။ နောက်ဆုံးတော့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်ဖြုတ်ပေး ဖို့ကစ္စနဲ့ အခန်းဟောင်းဖြုတ်ပေးဖို့ကိစ္စတွေကိုပြောဆိုလာတယ်လို့သိရတယ်။ ဒီလ ၇ ရက်နေ့ကစပြီး ၀တ်မပြုရဘူးဆိုတဲ့ ဆိုင်းဘုတ်လည်း လာချိတ်သွားတယ်လို့သိရတယ်။ နောက်ဆုံးမတော့ ၁၃ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျောင်းထိုင်ဘုန်း တော်ကြီး ၅ ပါးနဲ့ သံဃာအပါး ၁၅၀ ခန့်က ဗလီကျောင်းဝန်းကို စတင်ဖြိုဖျက်ဖို့ ကြိုးစားလာပါတော့တယ်။ ထိုအချိန်မှာ ဆိုင်းတောင်အုပ်ချုပ်ရေးမှူး က “အရှင်ဘုရား ကျွန်တော်တို့ မနက်ဖြန်ခါဖျက်ပေးပါ့မယ်” လို့ ပြောပေမဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတပါးက “ကုလားပါးစပ်က အရှင်ဘုရားလို့လဲမခေါ်နဲ့၊ ကုလားပါးစပ်က မနက်ဖြန်ဖြုတ်ပေးမယ်ဆိုတဲ့ ကတိကို လည်းမယံဘူး” ဆိုပြီး တုန့်ပြန်တာကိုပြန်ကြားမိလိုက်ပါတယ်။ နာရီပိုင်း အတွင်း လာကြည့်တဲ့ပြည်သူ ၃၀၀၊ ၄၀၀ ခန့်ရှိသွား ပါတယ်။ လက်သမားတွေကို ခေါ်ပြီးဖျက်ခိုင်းတယ်လို့ သိရ ပါတယ်။ ည ၉း၀၀ နာရီလောက်ရောက်တော့ စစ်ကြောင်း တစ်ခုက ဖြန်ဖြေရမဲ့အစား လုံခြုံရေးယူပေးနေတာကို မြင်တွေ့လိုက်ရပါတယ်။ စိတ်ကြိုက် ဖျက်ပြီးတော့ အချိုရေတွေ၊ ရေသန့်ဘူးတွေတောင် အလှူလုပ်ပြီးပျော်ရွှင် နေတာကို ၀မ်းနည်းစွာတွေ့ခဲ့ရပါတယ်။ အသက် အန္ဒရာယ်စိုးရိမ်ပြီး မိသားစုလိုက် ထွက်ပြေးနေတဲ့ မိသားစု တွေကိုလည်း စိတ်မကောင်းစွာနဲ့ ငေးကြည့် မိပါတယ်။ မတရားမှုပြုကျင့်နေတာကို သိပါလျက်နဲ့ အားပေးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရအာဏာပိုင်တွေ၊ ဘုန်းတော်ကြီးတွေကို စာရေးသူနားမလည်နိုင်ခဲ့ပါ။ တကယ်တော့ ဤကိစ္စက သာသနာရေးဝန်ကြီးဌာနက ဥပဒေအရ ဖြေရှင်းရမယ့်ပြဿနာပါ။ သာသနာရေးဝန်ကြီးဌာနက မရှင်းနိုင်လို့ ဘုန်းတော်ကြီးများက ၀င်ရှင်း လိုက်တဲ့သဘောသက်ရောက်နေပါတယ်။ ဤအရာသည် ဥပဒေမဲ့ပြု ကျင့်ခြင်း သက်သက်သာဖြစ်သည်ဟု စာရေးသူကယူဆမိပါသည်။

အိမ်ပြန်ရောက်တော့ စာရေးသူ အတော်လေး စိတ်မကောင်းကြီးစွာနဲ့ ပြန်လည်စဉ်းစားမိတယ်။ တချိန်တုန်းက ဖားကန့်ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်ခွင့် ပိတ်ပင်ထားတဲ့ကိစ္စတွေ၊ မြန်မာနိုင်ငံဓမ္မ တက္ကသိုလ် အဆောက်အုံသစ် ၁၀ နှစ်ခန့်ဆောက်လုပ်ခွင့် ပိတ်ထားတဲ့ ကိစ္စတွေကို ပြန်ပြီးမြင်ယောင်လာပါ တယ်။ လူ့အခွင့်အရေးနဲ့ဆိုင်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၄၉ တွင် “ နိုင်ငံတော်သည် မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်း သာတို့ကို အကြောင်းပြ၍ ခွဲခြားမှုမရှိစေရ” လို့ဖော်ပြထားတယ်။ နောက်ပြီး ပုဒ်မ ၃၆၂ မှာ “ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်မှုဘာသာတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟုအတည့်အလင်းကြေဌာ ထားပါလျက်နဲ့ ဤ ကဲ့သို့သောပြဿနာများဖြစ်လာသည်မှာ အလွန်စဉ်းစားဖွယ်ကောင်းပါသည်။ ပုဒ်မ ၃၆၃ တွင် “ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသနာများကို တတ်နိုင်သမျှကူညီစောင့်ရှောက်မည်” ဟုဖော်ပြထားသော်လည်း ကူညီဖို့ဝေးစွ၊ လုံခြုံစွာဖျက်ဆီးနိုင်ရန် လုံခြုံရေးပင်ယူထားပေးသည်ကို ၀မ်းနည်းစွာ မြင်တွေ့ရပါသည်။ ဒီမိုကရေစီလမ်းစဉ်သွားမည် ကုလားမပါ၊ တရုတ်မပါ၊ တိုင်းရင်းသားတွေမပါ စတဲ့သဘော သက်ရောက်နေပါတယ်။ အထူးဝမ်းနည်းဖို့ကောင်းတာက ဘက်လိုက်မှုမရှိရသော မီဒီယာများတွင် ဤကိစ္စ သည် အသေးအဖွဲ သတင်း အဖြစ်သာပါဝင်ခဲ့ပါသည်။ မှားယွင်းမှုကို မီးမောင်းမထိုးပြနိုင်ခဲ့ပါ။ နောင်လာနောင် သားများအတွက် အတုခိုးမှားနိုင်သော ပြဿနာများလည်းဖြစ်ပါသည်။ တရားဝင် ဥပဒေများ ပြဌာန်းထား ပါလျက်နဲ့ ဤသို့လက်လွတ်စပယ်ပြုကျင့်မှုများ၊ ဥပဒေမဲ့ပြုကျင့်မှုများသည် ယဉ်ကျေးသောလူ့အဖွဲ့ အစည်း တွင်း မရှိသင့်တော့ပါ။ ဥပဒေအကြောင်းအရသာ သွားရမည့်ကိစ္စများသာဖြစ်ပြီး ဥပဒေအရကြည့်ပါက ဘုန်းတော်ကြီးများသည် ဥပဒေချိုးဖောက်သည် ဟုပင်ယူဆရပေမည်။ ယနေ့အချိန်အထိ ခေါ်ယူစစ်ဆေးခြင်း၊ တရားခံရှာခြင်း၊ အပြစ် ရှိသူကို အပြစ်ပေးခြင်းလည်းမရှိပါ။ ဒီမိုကရေစီအရေးအလှမ်းဝေးသည်ဟု ရိုးသားစွာ ဆိုပါရစေ။

အစ္စလာမ်ဘာသာသည် ခရစ်ယာန်၊ ဟိန္ဒူဘာသာများနှင့် တန်းတူသတ်မှတ်ထားခြင်းခံရသောဘာသာ ဖြစ်ပါသည်။ အစ္စလာမ်ဘာသာအားထိုသို့ပြုမူပါက ကျန်ဘာသာများကိုလည်းမပြုနိုင်ဘူးဟု မည်သူမျှအာမ မခံနိုင်ပါ။ ယခင်က ဥပဒေ၏ အထက်တွင် စစ်ဗိုလ်ချုပ်များသာရှိသည်ဟု ထင်ခဲ့သော်လည်း ယခု သံဃာများ လည်းရှိသေးသည်ဟု ဤပြဿနာက မီးမောင်းထိုးပြလျက်ရှိသည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers