www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း ၅) Sunday, April 08, 2012

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း ၅)

၃၁-၃-၂ဝ၁၂
ယနေ့ ကြွရောက်လာတဲ့ ဆရာတော်ဘုရားနဲ့ ကျောင်းထိုင် ဘုန်းကြီး၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် လူကြီးနဲ့တကွ ဖိတ်ကြားထားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ၊ မိဘပြည်သူများ အားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ နှုတ်ခွန်း ဆက်သလိုပါတယ်။ ပထမဦးစွာ ကျမ်းစာတစ်ပိုဒ်ကို အရင်ဖတ်ပါမယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁း၁၊ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” နောက်ပိုင်းမှာအသေးစိပ် ရှိပါတယ်။ ဤကမ္ဘာ မြေကြီးကို ဘုရားသခင်ဖန်ဆင်းထားတာ သိပ္ပံပညာရှင်တွေက နှစ်ပေါင်းဘယ်လောက်ကြာပြီလို့ ပြောသလဲ။ ကျနော်ကြား သိရတာက နှစ်သန်းပေါင်း ၇ဝဝ ကျော်ပြီလို့ သိရတယ်။ တရုတ်ပြည်မှာ ရှေးကမြုပ်သွားတဲ့ မြို့တစ်မြို့ကို တူးဖေါ် တွေ့ရှိခဲ့တယ်။ အဲဒီမြို့ဟာ နှစ်သန်းပေါင်း ၃ဝဝကျော်ရှိပြီတဲ့။ ဒါဟာ ဖြစ်နိုင်တဲ့ အခြင်းအရာတွေပဲ။ ဘုရားသခင်ဟာ ကမ္ဘာ မြေကြီးကိုဖန်ဆင်းရာမှာ အလုံးစုံပါဝင်ခဲ့ပြီ။ Nhkaibum တောင်လဲပါဝင်ခဲ့ပြီ။ Mali Hka နဲ့ Nmai Hka တို့ဆုံဆည်းရာ မြစ်ဆုံလဲပါဝင်ခဲ့ပြီ။ လေးလေးနက်နက် စဉ်းစားတွေးခေါ် တတ်ဖို့လိုတယ်။

Mali Hka နဲ့ Nmai Hka မြစ်ဆုံမှာ ရေကာတာလုပ်လိုက်တဲ့အခါ ရေမျက်နှာပြင်ဟာ ပေ ၅ဝဝ-၆ဝဝ မြင့်သွားမယ်။ အကုန်လုံးမြုပ်သွားမယ်။ Mali Hka နဲ့ Nmai Hka အထက်ပိုင်းမှာလဲ မိုင်၁ဝဝ ကျော်အထိ ရေလွမ်းမိုးသွားမယ်။ သဘာဝအားဖြင့် ရေဆိုတာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားရမယ်။ ဒါပေမယ့် သဘာဝကို ဆန့်ကျင်ပြီး ရေကာတာ ဆောက်လိုက်တဲ့အခါ Mali Hka နဲ့ Nmai Hka ဟာပြောင်းပြန်ဘက်သို့ ဆုတ်သွားတော့မယ်။ ဒီလိုမဖြစ်ပါစေနဲ့လို့ “မြစ်ဧရာဝတီကို နောက်ကြောင်း ပြန်လှည့်ခွင့် လုံးဝ မပြုတော့ပါ” ဒါကို သဘောပေါက်ရင် အဓိပ္ပာယ်ရှိတယ်။ သဘာဝကိုဆန့်ကျင်နေတဲ့ ရေကာတာစီမံကိန်းအကြောင်း အမျိုးသားလွတ်တော်အမတ် ဦးဂျေယောဝူမှ နိုင်ငံတော် သမ္မတကို တင်ပြပေးတဲ့အတွက် သူ့ကိုအများကြီး ဂုဏ်ပြုရမယ်။ ကျနော်တို့က ရေကာတာစီမံကိန်း ရပ်ပစ်ဖို့ သမ္မတကြီး အမိန့်ကြေငြာတာပဲသိတယ်။ ဘယ်လိုဖြစ်လာခဲ့တဲ့ အကြောင်းရင်းတွေ ဘာမှမသိဘူး။

ရေကာတာစီမံကိန်းရပ်ပစ်ဖို့ သမ္မတကြီးရဲ့ အမိန့်ကြေငြာချက် ထွက်လာတဲ့အခါ ကျနော်တို့များစွာဝမ်းသာ ကျေးဇူးတင်တယ်။ ဂုဏ်လဲယူပါတယ်။ ဆက်လက်ပြီးတော့ တုံ့ပြန်သင့်ကြောင်း အခြေခံဥပဒေခေတ်မှာ သိရှိနားလည် ထားဖို့ရန်လဲ ပါရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးက ဘယ်သူလဲ။ နိုင်ငံတော်သမ္မတကြီးဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အမြင့်ဆုံးအကြီးအကဲ ဖြစ်တယ်။ သူထက်ကြီးတာ မရှိတော့ဘူး။ နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်ကြေငြာ တာကို တစ်ပြည်လုံးက လိုက်နာရမယ်။ ကျနော်တို့ဒီနေ့ ဘာအားငယ်စရာလိုသလဲ။ ဘာကြောက်စရာလိုသလဲ။ နိုင်ငံတော် ဆိုသည်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော တိုင်းပြည်မည်၏။ ကချင်ပြည်နယ်မှာပဲဖြစ်စေ၊ ဘယ်မှာပဲဖြစ်စေ၊ အားလုံးအေးချမ်းစွာ အတူလက်တွဲနေထိုင်ရန် ဖြစ်တယ်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်။ နိုင်ငံတော်တ၀ှမ်းလုံး၌အတည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်မှာပဲဖြစ်ဖြစ်၊ မြစ်ကြီးနားမှာပဲ ဖြစ်ဖြစ်၊ မေခ-မလိခမြစ်ဆုံမှာပဲဖြစ်ဖြစ် ပြည်ထုသူထုမှာ အာဏာရှိတယ်။

နောက်ဘာကျန်သေးလဲ။ နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထု တွင်ပါဝင်သော အရာတွေအားလုံး ပြည်သူလူထု ကပဲပိုင်ဆိုင်၏။ ဒါ့ကြောင့် ယနေ့ကျနော်တို့ဟာ ဒီကိစ္စကို ထပ်မံစဉ်းစားပြီးတော့ အချင်းချင်း သဘောထားအမြင် ဖလှယ်ဖို့ အင်မတန် အရေးကြီးတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီနေရာမှာ CPI ဥက္ကဌနဲ့ Asia World Company ကို ပြောကြားလိုတဲ့ အချက်လေးရှိပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ မြစ်ဆုံရေကာတာ လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းသည်ဟု တရားဝင် ကြေငြာခဲ့ပြီ။ ထို့ကြောင့်ဆက်လက်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းများ၊ စက်ကရိယာများ၊ အဆောက်အဦးများ၊ စီမံကိန်းလုပ်ကွက် နေရာများ၊ တူးဖေါ်ခြင်း၊ ယာဉ်များဖြတ်သန်းသွားလာခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဂိတ်စောင့်ခြင်း၊ စီတာပူရပ်ကွက် အိမ်အမှတ် MD. 56 တွင်နေထိုင်တည်းခိုခြင်း၊ စည်းရုံးဆက်သွယ်ခြင်း၊ လှုပ်ရှားခြင်း၊ အစိုးရအဖွဲ့ဝင်များနှင့် ပြောဆိုဆက်သွယ် လက်ဆောင်ပစ္စည်း ပန်းခြင်းဆက်သ ပေးကမ်းခြင်း၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားများမှ CPI, Asia World စသည်များမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော နည်းလမ်းဖြင့်သော်လည်းကောင်း လွန်ခဲ့သော ၆ လအတွင်း ပြုလုပ်လှုပ်ရှားသွားသော လုပ်ရပ်များ အားလုံးသည် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ Semptember ၃၀ရက်၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းထားခြင်း ကြေငြာချက်အမိန့်ကို ဆန့်ကျင်ခြင်း၊ အာဏာဖီဆန်ခြင်း၊ မထီမဲ့မြင်ပြုခြင်း ဖြစ်တယ်။ ယနေ့ကစပြီး CPI, Asia World Company မှဤအရာတွေ အားလုံးကို ရပ်ဆိုင်းဖို့ရန်ဖြစ်ပါတယ်။

တည်ဆဲပါလီမန်ဥပဒေအရ ဤအရာတွေအားလုံးဟာ ဥပဒေကျူးလွန်တဲ့ လုပ်ရပ်တွေဖြစ်တယ်။ ပြဿနာ တစ်ခုဖြစ်လို့ နိုင်ငံသားများအနေနဲ့ တရားစွဲဆိုမယ်ဆိုရင် ဒါကျနော်တို့လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါလဲကျနော်တို့အားလုံး သိရှိနားလည်ဖို့လိုပါတယ်။ တရုတ်နိုင်ငံတွင် သစ်ပင်တစ်ပင်ခုတ်ရင် ကျနော်ကြားသိထားတာက သေဒဏ်လို့ သိရပါတယ်။ အခုကျနော်တို့ ဒေသမှာတော့ ဘာမှမရှိတော့ဘူး။ သစ်ပင်၊ ၀ါးပင်၊ ဆေးဝါးမျိုးစုံ၊ ပန်းမျိုးစုံ၊ အကောင်တွေ ဆိုရင်လဲ အကြီးအငယ်၊ သက်ရှိသက်မဲ့ ဘာမှမရှိတော့ဘူး။ သယံဇာတအဖိုးတန်ရတနာ အားလုံးပြောင်သွားပြီ။ စောစောက ပြောခဲ့တဲ့အတိုင်း ရေလွမ်းမိုးမယ့်နေရာဟာ အထက်ဘက်ကို မိုင် ၁ဝဝ ကျော်တက်သွားမယ်။ ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ လျှိုမြောင်၊ ချိုင့်ဝှမ်းအားလုံး ရေဖုံးလွမ်းသွားမယ်။ ရေဖုံးလွမ်းသမျှ နေရာအားလုံး အနှစ် ၅ဝ တရုတ်တွေပိုင်သွားပြီ။ ကျနော်တို့နဲ့ ဘာမှမဆိုင်တော့ဘူး။

ရေကာတာလုံခြုံရေးအကြောင်းပြပြီး အားလုံးတရုတ်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတော့မယ်။ ရေအိုင်ကြီးနဲ့ ဘယ်နှစ်မိုင်အကွာမှာ ဒေသခံပြည်သူတွေ ဖြတ်သန်းသွားလာခွင့်မပြုရ ဟူသည့်အမိန့်တွေ ထုတ်ပြန်ထား တော့မယ်။ ကျနော်တို့က ရှေးဘိုးဘေးဘေဘင် ပဝေသဏီကာလမှ နေထိုင်လာခဲ့တဲ့ ကိုယ့်ဌာနီ၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာတွေကို စွန့်လွတ်ရတော့မယ်။ တရုတ်တွေဟာ နည်းပညာရှိတယ်။ အရင်းအနှီးရှိတယ်။ အားလုံးထုတ်ဖေါ် ထုတ်ယူသွားကြမယ်။ ကျနော်တို့အတွက် ဘာကျန်တော့မလဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် အားလုံးဟာ Zeroဖြစ်သွားမယ်။ ကျနော်တို့ ရဲ့ဘ၀က ကြံဖတ်နဲ့တူသွားတော့မယ်။ အားလုံးစုပ်ယူသွားမယ်။ ဘာမှကျန်တော့မှာမဟုတ်ဘူး။

တရုတ်နိုင်ငံဆိုတာ ကွန်မြူနစ်နိုင်ငံ၊ ဘာသာတရားမရှိဘူး။ စီးပွာရေးတစ်ခုပဲမြင်တယ်။ ရေကာတာလုပ်ရင် ၁၀ရာခိုင်နှုန်းပေးမယ် စသည်ဖြင့် ကလေးမုံ့ဖိုးပေးသလို ချော့နေတယ်။ ငါတို့ကိုအဲလို လာမစမ်းသပ်နဲ့။ ငါတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ပြည်သူလူထုမှာ အာဏာရှိတဲ့နိုင်ငံဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အမြောက်အများရှိတယ်။ ဒီမိုကရေစီ အကောင်အထည်ဖေါ်လာတဲ့နေ့မှာ ပံ့ပိုးမှုတွေ၊ ထောက်ပံ့မှုတွေ အများကြီး ရောက်လာမှာပဲ။ ဒီလောက်ထိ တရုတ်ကို ကျိုးနွံနေစရာ မလိုပါဘူး။ ကျနော်တို့မှာ လိုအပ်လာရင် တည်ဆောက်ဖို့ မြစ်ချောင်းတွေ အများကြီးရှိတယ်။ ကျွမ်းကျင်သူ ပညာရှင်လဲရှိတယ်။ ကိုယ်ထူကိုယ်ထနဲ့ လုပ်သွားရင်ရပါတယ်။ သူတို့ပေးမယ့် ၁၀% ဘာလုပ်မလဲ။ ကျနော်တို့ လိုလာရင် ၁ဝဝ%အပြည့် ထုတ်ယူအသုံးချကြမယ်။ သူတို့ရဲ့ ဒီစီမံကိန်းကို ဘာမှအထင်ကြီးနေစရာ မလိုဘူး။ သဘောကြစရာမလိုဘူး။ ဒီစီမံကိန်းကြောင့် ရရှိမယ့် ကောင်းကျိုးထက် ဆိုးကျိုးဟာ တိုင်းထွာလို့မရအောင် ကြံဖတ်အဆင့်သို့ ရောက်သွားကြမယ်။ ဆုံးရှုံးနစ်နာသွားမယ်။

ဒီရေကာတာ ရပ်ဆိုင်းလိုက်ရင် တရုတ်တွေဟာ သူတို့ကုန်ကျထားတဲ့ဟာကို လျော်ကြေးတောင်းတယ်တဲ့။ ဒေါ်လာသန်းပေါင်း ၃၅ဝဝ သူတို့တောင်းတယ်။ အဲဒါကို မြန်မာ့ငွေလဲနှုန်း တစ်ဒေါ်လာ ၆.၅ဝကျပ်ဖြင့် မြောက်ကြည့်ရင် မြန်မာနိုင်ငံ့ လူဦးရေ သန်း၅ဝ တို့တစ်ဦးလျှင် ကျပ်၅ဝဝစီ လျော်ပေးလိုက်ရင် ရပါတယ်။ ဘာမှမပူကြပါနဲ့။ ပေးလို့ရတာပဲ။ ဒါပေမယ့် လျော်ကြေးပေးစတမ်း စာရင်းရှင်းကြည့်မယ်။ သူတို့ထုတ်ယူသွားတဲ့ သယံဇာတတွေဟာ တန်ဖိုးသန်းပေါင်း ထောင်သောင်းမက ရှိခဲ့ပြီ။ တန်ဖိုးမဖြတ်နိုင်အောင် ထုတ်ယူသွားကြပြီ။ ပေ၄၀ ကျော်ရှည်တဲ့ မြွေကြီးလဲ ဖမ်းသွားကြပြီ။ ဒါတွေကို ဘယ်သူကပေးလို့ ယူသွားတာလဲ။ ဟိုမှာတူးလိုက်၊ ဒီမှာဖောက်လိုက်၊ ဟိုမှာနှိုက်လိုက်နဲ့ အကုန်လုံးထုတ်ယူ သွားကြပြီ။ နေရာတကာ တရုတ်ပြည်သွားတဲ့ ကားလမ်းတွေဖောက်လုပ်ထားကြပြီ။ ကျနော်တို့ ပြည်သူတွေက မိမိတို့မှာ အာဏာရှိမှန်း မသိကြဘူး။ ကြောက်ဖို့ပဲသိတယ်။ စိုးရိမ်စိတ်ပဲရှိတယ်။

နောက်ပြီးတော့ ရေမြေသဘာဝအကြောင်းလဲ ပြောချင်တယ်။ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေဟာ အင်မတန် ပြည့်စုံတယ်။ ဘုရားရဲ့လက်ရာကို လူတွေဖျက်ဆီးလို့ ဧရာဝတီမြစ်ကို ပိတ်ဆို့လိုက်ခြင်းအားဖြင့် မြေဆီလွာတွေ ခန်းခြောက်ကုန်မယ်။ အောက်ပြည်အောက်ရွာ သောက်ရေတောင် ရှာရခက်တော့မယ်။ ဒါကြောင့် ဒီမြစ်ဆုံကိစ္စကို မစမ်းသပ်သင့်ဘူးလို့ ကျနော်CPIကို ပြောချင်တယ်။ လာမစမ်းကြပါနဲ့။ သားစဉ်မြေးဆက် ဒုက္ခရောက်သွားမှာကို မလိုချင်ဘူး။ လျော်ကြေးလဲမလိုချင်ဘူး။ သူတို့ပေးတဲ့လျော်ကြေး ဘာလုပ်မလဲ။ ကျနော်တို့လဲ ဒီလောက်လေးတော့ နားလည်ပါတယ်။ CPIတို့ Asia World တို့ ဒီမှာနေလို့မရဘူး။ သမ္မတကြီးက ရပ်ပစ်လိုက်ပြီ။ အာဏာဖီဆန်လို့မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်ကို တင်ပြဖို့ ကျနော်တို့တာဝန်ဖြစ်တယ်။ ကျနော်တို့အားလုံးဟာ ယနေ့ကစပြီး ဒီကိစ္စကို အထက်အကြီးအကဲတွေ သိအောင်တင်ပြရမယ်။ လူထုမှာအချုပ်အခြာအာဏာ ရှိတယ်ဆိုတာကို သက်သေပြရမယ်။ ယခင်ကလို အာဏာပိုင်ဆိုတာ ပါတီကောင်စီတွေ မဟုတ်တော့ဘူး၊ အားလုံးပြောင်းလဲသွားပြီ။ အာဏာဆိုတာ ပြည်သူလူထုမှာရှိတယ်။ လူထုမကြိုက်တာ မလုပ်ရဘူး။ လူထုဆိုတာ ဆန္ဒပြခွင့်ရှိရမယ်။ ကျနော်တို့ဟာ ကချင်ပြည်နယ် ပိုင်ရှင်လဲဖြစ်ကြတယ်။ ဒေသခံတွေဖြစ်တယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့နေရာမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်။ နိုင်ငံသားတိုင်းဆိုတဲ့နေရာမှာ နိုင်ငံရေးပါတီတွေလဲပါရမယ်။ တပ်မတော်လဲပါရမယ်။

တရုတ်တွေကတော့ လာပြီးနယ်ချဲ့ကြတယ်။ စီးပွားရေးနယ်ချဲ့တယ်။ လက်နက်နဲ့မဟုတ်ပဲ စီးပွားရေးဖြင့် နယ်ချဲ့ကြတယ်။ ကျနော်တို့အတွက် ဘာမှ ကောင်းကျိုး ဖြစ်မလာပဲ မရေတွက်နိုင်တဲ့ ဆိုးကျိုးတွေ ဖန်တီးပေးတယ်။ အန္တရာယ်မျိုးစုံ ဖန်တီးပေးတယ်။ ဒါတွေကို သိရှိနားလည်ပြီး ကာကွယ်စောင့်ထိန်းဖို့ ကျနော်တို့အားလုံးဆီမှာ တာဝန်ရှိကြောင်း ထင်ဟပ်စေခြင်းဖြစ်တယ်။ ဘုရားသခင်က ကောင်းမြတ်အောင် ဖန်ဆင်းပေးထားတာကို လူ့လက်ဖြင့် မဖျက်ဆီးကြပါနဲ့။ ဒါကြောင့် ကျနော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ပြည်သူရဲ့ ဆန္ဒအမှန်ကို ထုတ်ဖေါ်ကြစို့လို့ တိုက်တွန်း နိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

Fr. Gregory Lazum Naw Din

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers