www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မလေးရှားက ဒုက္ခသည်များကို ယာယီ နေခွင့်ပြုရန် စီစဉ်


ကိုထွေး
ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများကို မလေးရှား အစိုးရက ယာယီနေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးရန် ပထမဆုံး အကြိမ်အဖြစ် စီစဉ်နေကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေအတွင်းရေးမှူး Mahmood Adamက လက်မှတ် ပြုလုပ်ပေးမည့် အချိန်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဆွေးနွေးမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ပြောဆိုကြောင်း တနင်္ဂနွေနေ့ထုတ် AP သတင်းတပုဒ်တွင် ရေးသားထားသည်။

မလေးရှားအာဏာပိုင်တို့က တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်များလည်း မကြာခဏ အဖမ်းခံရလေ့ ရှိသည်။ ယခု ထုတ်ပေးရန် စီစဉ်နေသည့် ယာယီနေထိုင်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားပါက ဖမ်းဆီးထိန်းသိမ်းမှုမှ ကင်းလွတ်မည် ဖြစ်သည်။

မလေးရှားအစိုးရ၏ ယာယီနေထိုင်ခွင့် လက်မှတ် အစီအစဉ်ကို UNHCR နှင့် မလေးရှားအခြေစိုက် လူမှု ကူညီရေး အဖွဲ့များက ကြိုဆိုလိုက်သည်။

UNHCR ပြောခွင့်ရ ပုဂ္ဂိုလ် Yante Ismailက “ဒုက္ခသည်တွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး မလေးရှား အစိုးရနဲ့ ကျမတို့ ဆွေးနွေးခဲ့ပါတယ်၊ မလေးရှားအစိုးရက အဲဒီအတိုင်း ဆောင်ရွက်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မလေးရှား အခြေစိုက် ချင်းဒုက္ခသည် ကော်မတီမှ အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးတင်မောင်ဆွေက “ဒီကတ်ထုတ်ပေး လိုက်လို့ လွတ်လွတ် လပ်လပ် နေထိုင်ခွင့် အလုပ် လုပ်ခွင့် ရှိမယ် ဆိုရင်တော့ တတိယနိုင်ငံသွားတဲ့ ကဏ္ဍကို နည်းနည်း မေ့သွားမလား ဆိုပြီးတော့ မြင်တယ်” ဟု ပြောသည်။

ရခိုင် ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးက “ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက မြန်မာပြည်က ဒုက္ခသည်တွေကို တနည်းနဲ့ လက်ခံလိုက်တဲ့ သဘောပေါ့” ဟု ပြောသည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်များ ခိုလှုံခွင့် ဆိုင်ရာ သဘောတူစာချုပ်ကို မလေးရှားက လက်မှတ် ရေးထိုး ထားခြင်းမရှိသေးပေ။

မလေးရှားတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ တရားမ၀င် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရန် UNHCR ၏ အကူအညီကို တောင်းခံသူ အများအပြား ရှိကြောင်း သိရသည်။

တချို့သော မြန်မာပြည်သားများက ပြည်တော်ပြန်လျှင် အန္တရာယ် မရှိသော်လည်း မလေးရှားတွင် ဆက်လက်နေထိုင်ရန်၊ တတိယနိုင်ငံတခုသို့ သွားရောက်ခွင့်ရရန် စသည့် ရည်ရွယ်ချက်များဖြင့် UNHCR ကို ချဉ်းကပ်ကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ နိုင်ငံစုံမှ လူပေါင်း ၇၅၆၀၀ ခန့်ရှိကြောင်း UNHCR၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒုက္ခသည်တွေရဲ့ ၉၁ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်” ဟု UNHCR အရာရှိ Yante Ismail က ဆိုသည်။




ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers