www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား

လင်းနိုင်ဦး

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် အန်ဒီအေ (ကချင်) နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်သည့် တပ်မှူး၊ တပ်သား၊ ပြည်သူ့စစ်များအား ၎င်းတို့၏ လက်နက်များကို ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားကြောင်း တပ်မှူးဟောင်းတဦးက ပြောသည်။

၎င်းက “ဦးဆခုံတန့်ယိန်း လက်မှတ်နဲ့ ညွှန်ကြားချက်ထုတ်ထားတယ်။ နယ်ခြားစောင့်တပ်ဖွဲ့မှာ မပါတော့တဲ့ တပ်သားအားလုံးရဲ့ လက်နက်တွေကို စာရင်းနဲ့တကွ အမြန်ဆုံး ပြန်အပ်ကြရမယ်။ ပြီးရင် အရင်က ဗိုလ်မှူးအဆင့်နဲ့အထက် တာဝန်ယူခဲ့သူတွေက လက်နက်ကိုင်ဆောင်ခွင့် ပြန်ပြီး လျှောက်ထားတင်ပြနိုင်တယ်။ အဲဒါ စိစစ်ပြီး သင့်တော်တဲ့သူတွေကို ချပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

ကေအိုင်အေလက်ထက်၊ ဗကပလက်ထက် အနှစ် (၂ဝ) ကျော်၊ အန်ဒီအေအနေဖြင့် အနှစ် (၂ဝ) နီးပါး၊ နှစ်ပေါင်း (၄ဝ) ကျော် စစ်အစိုးရအဆက်ဆက်ကို တိုက်ခိုက်ကိုင်စွဲလာသည့် လက်နက်ကို တိုင်းရင်းသားအခွင့်အရေး ဘာမှမရဘဲ စွန့်လွှတ်ရမည် ဆိုသည်မှာ အလွန်အသည်းနာဖို့ကောင်းကြောင်း အဆိုပါတပ်မှူးဟောင်းက ပြောသည်။

ယခု စစ်အစိုးရစစ်တပ်က ၎င်းတို့နယ်မြေကို အစစအရာရာ ထိန်းချုပ်လာနေပြီး နောက်ဆုံး နယ်မြေတွင်းမှ တပ်မှူး တပ်သားဟောင်းနှင့် ဒေသခံတို့ထံတွင် ကျန်နေသည့်လက်နက်များကို ဖြုတ်သိမ်းရန် လုပ်လာကြောင်း၊ ဒေသခံတို့တွင် လက်နက်များ မရှိတော့ပါက စစ်အစိုးရစစ်တပ်၏ လုပ်သမျှ ခါးစည်းခံရတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက နယ်ခြားစောင့်တပ်တွင် ပါဝင်ခြင်းမရှိသည့် ယခင် တပ်မှူး တပ်သားဟောင်းအားလုံး တပ်ထွက်လက်မှတ် ယူထားကြရန်၊ တပ်ထွက်လက်မှတ်ရပြီးနောက် မိမိ မည်သည့်ဒေသတွင် နေလိုသည်၊ မည်သည့်အလုပ် လုပ်ကိုင်စားသောက်လိုသည် ဆိုသည့်သဘောထား ရေးသားတင်ပြရန်လည်း ညွှန်ကြားထားကြောင်း မကြာသေးမီက တပ်ထွက်လက်မှတ်ယူခဲ့သူ တပ်မှူးတဦးက ပြောသည်။

၎င်းက “ကျနော်က ကောင်စီဝင်လည်း မဟုတ်ဘူး။ တပ်ထွက်လက်မှတ် လုပ်မထားရင် ဒီဒေသမှာ နေခွင့်ပေးမပေးတောင် မသေချာဘူး ပြောနေတော့ လက်မှတ်သွားလုပ်ထားလိုက်တယ်။ နောက်ပိုင်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ဖို့ တောင် လွယ်ပါ့မလား မသိဘူး” ဟု ပြောသည်။

ဦးဆခုံတိန့်ယိန်းအနေဖြင့် ၎င်း၏ကိုယ်ကျိုးစီးပွားတခုတည်းကိုကြည့်ပြီး လက်နက်အပ်၊ အညံ့ခံလိုက်ခြင်းဖြစ်ကြောင်း ဒေသခံ တပ်မှူးတပ်သားများက ဝေဖန်နေကြသည်။

ကချင်အထူးဒေသ (၁) သည် ယခင်က ကေအိုင်အေတပ်ဖွဲ့၏ လက်အောက်ခံ တပ်ရင်းနယ်မြေတခုဖြစ်ပြီး နောက်ပိုင်း ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်းတို့ ဦးဆောင်၍ ဗကပနှင့် ပူးပေါင်းကာ ဗကပ (၁ဝ၁) စစ်ဒေသ ဖြစ်လာသည်။

၁၉၈၉ ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး အန်ဒီအေ (ကချင်) တပ်ဖွဲ့ ကချင်အထူးဒေသ (၁) ဖြစ်လာကာ ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံသည့် ပထမဦးဆုံး တပ်ဖွဲ့ဖြစ်လာပြီး တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းနေသည်။

ယခုအခါ အန်ဒီအေ ကချင်နယ်မြေ ပန်ဝါနှင့် ကမ်ပိုက်တီးတွင် စစ်အစိုးရ စစ်တပ်၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ပူးပေါင်းထားသည့် စစ်တပ်၊ စရဖ၊ ရဲ၊ လဝက၊ နယ်စပ်ကူးသန်းသွားလာရေး၊ အကောက်ခွန် စသည့်အဖွဲ့များ ရောက်ရှိ တာဝန်ယူထားကြသည်။

ခေတ်ပြိုင်

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers