www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပထမဆုံးသော ကချင်အလှမယ်ပြိုင်ပွဲ ရန်ကုန်တွင် ပြုလုပ်

သဲသဲ
ကချင် တိုင်းရင်းသူများ၏ ပထမဦးဆုံးသော အလှမယ်ပြိုင်ပွဲကို ကြာသပတေးနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ကချင်တိုင်းရင်းသူ ဖက်ရှင် ဒီဇိုင်း ပညာရှင်များ ဖြစ်သော ဆန်းဘောက်ရာနှင့် ဆိုင်းအင်တို့ ဦးစီးသော “INGRA” Rida Maka (ချည်ထည် ရက်လုပ်ခြင်း နှင့် ကချင်ရိုးရာ ဒီဇိုင်းအကွက်များ ဖန်တီးခြင်း) အမည်ရှိ အဖွဲ့က စီစဉ်သော အလှမယ် ပြိုင်ပွဲက ကချင်အမျိုးသမီးငယ်များ၏ ဘ၀ မြင့်မားစေရန်၊ ကချင်ရိုးရာ ၀တ်စားဆင်ယင်မှုများ မပျောက်ပျက်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။ ပြိုင်ပွဲကို Miss INGRA 2009 ဟု အမည် ပေးထားသည်။

ပြိုင်ပွဲတွင် Miss INGRA အဖြစ် ရွေးချယ်ခံရသူ SENG LU TSIN (ဓာတ်ပုံ - အလင်းတန်းဂျာနယ်)

အလှမယ်ပြိုင်ပွဲ နှင့်အတူ INGRA အဖွဲ့မှ ကချင် အမျိုးသမီးငယ် ၁၀ ဦး၏ ဒီဇိုင်းလက်ရာများကို ပြသသည့် ပွဲလည်း ဖြစ်သည်။

“အတန်းပညာမပြည့်ဝဘဲ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ကချင်အမျိုးသမီးလေးတွေကို ကျမတို့က အသက် မွေးဝမ်းကျောင်း အတတ်ပညာတခု အနေနဲ့ သင်ကြားပေးပြီး သူတို့ရဲ့ လက်ရာတွေကို ပရိသတ် သိအောင်ပြတဲ့ သဘောနဲ့ လုပ်ဖြစ်တာပါ" ဟု ဒီဇိုင်နာဆန်းဘောက်ရာက ဧရာဝတီကို ပြောသည်။

INGRA အဖွဲ့တွင် ကချင်အမျိုးသမီးများအတွက် ဗဟုသုတ နှင့် အသိဉာဏ် တိုးပွားစေမည့် အစီအစဉ်များ ရှိနေကြောင်း၊ ကချင်ရိုးရာဝတ်စုံ နှင့် အဆင်ဆန်းများ မပျောက်ပျက်စေရန်၊ ခေတ်နှင့်အညီ ဖန်တီးနိုင်စေရန်အတွက် ရက်ကန်းရုံထောင်၍ သင်တန်းပေးနေကြောင်း သိရသည်။

ရက်ကန်းရက်ခြင်း တခုတည်းမဟုတ်ဘဲ ရိုးရာ ၀တ်စုံဒီဇိုင်းများကို သင်တန်းသူများ၏ အတွေးသစ်၊ အမြင်သစ်များဖြင့် ပြန်လည် ဆန်းသစ် တီထွင်နိုင်ကြစေရန်လည်း လေ့ကျင့်ပေးသည်ဟု ဆိုသည်။

“ရက်ကန်းရက်တဲ့ မိန်းကလေးတွေက ဘာမှ မသိနားမလည်တဲ့ နုံအတဲ့ပုံစံမျိုးဆိုတဲ့ အရင်က အမြင်တွေကို ပြောင်းလဲချင်တာပါ" ဟု ဒီဇိုင်နာဆန်းဘောက်ရာက ရှင်းပြသည်။

အဖွဲ့၏ တနှစ်မြောက် နှစ်ပတ်လည် အမှတ်တရ အဖြစ် Miss INGRA ရွေးချယ်ပွဲ နှင့် ဒီဇိုင်းပြပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလှမယ် ပြိုင်ပွဲ နှင့် ဒီဇိုင်းပြပွဲကို ကချင်လူငယ်များ၏ ရိုးရာဂီတ တီးခတ်မှု၊ သီဆိုမှုများဖြင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

အလှမယ် ပြိုင်ပွဲအတွက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ကချင်တိုင်းရင်းသူ၊ ကချင်သွေးစပ်သူများကို ဖိတ်ခေါ်ခဲ့သည်။ ဘာသာရေး၊ လူမှုရေး လုပ်ငန်းများ၊ ကချင်အမျိုးသမီးတို့၏ဘ၀ တိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေသူများကို ဦးစားပေး ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

ပါဝင်ယှဉ်ပြိုင်ရန် လျှောက်ထားသူများ၏ စိတ်ဓာတ်ရေးရာနှင့် ပတ်သက်၍ အနယ်နယ် အရပ်ရပ်ရှိ ဘုရားရှိခိုးကျောင်းများထံမှ ထောက်ခံမှု တောင်းယူခဲ့သည်ဟု ဆိုသည်။ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည့် အမျိုးသမီးငယ် ၁၉ ဦး ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့ကြောင်း သိရသည်။

ကချင်ရိုးရာဒီဇိုင်းကို အခြေခံ ဖန်တီးထားသည့်ဝတ်စုံ ၃ မျိုးဖြင့် ယှဉ်ပြိုင်ကြရာ Miss INGRA ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ Miss Photogenicဆု၊ Miss Popular ဆု စသည့် ဆုများ ပေးအပ်ခဲ့သည်။ ဒီဇိုင်းဖန်းတီးသူများကိုလည်း ရွေးချယ်ပြီး ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

Miss INGRA အဖြစ်ရွေးချယ်ခံရသူမှာ INGRA ၏ လှုပ်ရှားမှုများတွင် တနှစ်ပတ်လုံး မော်ဒယ်လ်အဖြစ် ပါဝင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။

အနုပညာ အသိုင်းအ၀န်းတွင် ထင်ရှားကြသော ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ မောင်မျိုး (ကြောင်နှစ်ကောင်)၊ ဓာတ်ပုံ မိုးမင်း(Rays)၊ စိုင်းစိုင်းခမ်းလှိုင်၊ ကေဂျာနူး၊ ဆန်းဘောက်ရာ တို့က ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ယနေ့ အောင်မြင်ကျော်ကြားသော တေးသံရှင်များထဲ၌ ကချင်တိုင်းရင်းသား အများအပြား ပါဝင်နေသည်။

ကချင်တိုင်းရင်းသားတို့က အောင်မြင်သောအနုပညာရှင်များဖြစ်လာသည့်အပြင် ယခုအခါ မော်ဒယ်လ်၊ ဒီဇိုင်းပညာ စသည့် လုပ်ငန်းများတွင်လည်း နေရာ ယူလာနိုင်ခြင်းကြောင့် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ၁၉၇၀ ဝန်းကျင်တွင် စတင် ထင်ရှားလာသည့် အဆိုတော် ကေဂျာနူးက ဧရာဝတီကို ပြောသည်။

“ကျမတို့ ခေတ်တုန်းက အခုလို Professional အနေနဲ့ ၀င်မယ့်သူလည်း နည်းတယ်။ ၀င်လာနိုင်ဖို့ကလည်း ခဲယဉ်းတယ်။ အခု ဆိုရင် အနုပညာလောကမှာ အခြေချ အောင်မြင်လာကြတဲ့ ကချင်လူငယ်တွေ အများကြီး တွေ့ရပါတယ်။ အရမ်းလည်း ၀မ်းသာတယ်" ဟု ကချင်အမျိုးသမီး ကေဂျာနူးက ပြောသည်။

ကချင်တိုင်းရင်းသားများမှာ များသောအားဖြင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည့်အတွက် တေးဂီတပိုင်းနှင့် ရင်းနှီး ထိစပ် နေခြင်းကြောင့် လည်းကောင်း၊ ဓလေ့ထုံးစံအရ သာရေးနာရေး အခမ်းအနားများတွင် သီဆို တီးခတ်မှုများ ပါဝင်သောကြောင့် ဂီတနှင့် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သည်။ ထို့ကြောင့်လည်း ဂီတလောကကို အောင်မြင်စွာ ထိုးဖောက် ၀င်ရောက်လာနိုင်ခြင်း ဖြစ်ကြောင်း ကေဂျာနူးက သုံးသပ်သည်။

ကချင်လူမျိုးများ၏ အနုပညာ ကြိုးပမ်းမှုတရပ် ဖြစ်သော "အမြဲစိမ်း တောမှာ အချစ်ရှာသူ" မြန်မာစာတန်းထိုး ဒီဗီဒီ ဇာတ်ကားသည်လည်း မကြာသေးမီက ထွက်ပေါ်လာရာ အောင်မြင်မှုရကြောင်း တွေ့ရသည်။

ထိုဇာတ်ကားတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးနှင့် ကချင်ဒေသ ရှု ခင်းများ၊ ကချင်ရိုးရာဓလေ့များကို အဓိကထား ရိုက်ကူးထားပြီး ကချင်တိုင်းရင်းသားများပါဝင်သရုပ်ဆာင်ထားသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers