www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကချင် နိုင်ငံရေးပါတီရုံး မြစ်ကြီးနားတွင်ဖွင့်

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီတည်ထောင် ထားသည့် ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ရုံးသစ်ကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်လိုက် ကြောင်း ထိုရုံး၏ ရုံးအုပ် ဦးဘရန်တောင် ကပြောသည်။

မြစ်ကြီးနားမြို့၊ အမှတ် - ၆၁၊ မြို့သစ် ရပ်ကွက်၌ နှစ်ထပ်ဆောင်ရှိသည့် KSPP ရုံးခန်းသစ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

ဦးဘရန်တောင် (W.Brang Tawng) က “၁၈ ရက်နေ့က မနက် ၁၀ နာရီမှာ ရုံးသစ်ဖွင့်ပွဲ ဘုရားဆုတောင်း စည်းဝေးပွဲ လုပ်ကြတယ်။ ရပ်မိ၊ ရပ်ဘ လူကြီးတွေလာတယ်၊ မပခ က လူကြီးတွေလည်း လာတယ်။ နိုင်ငံတော်က စည်းမျဉ်း၊ စည်းကမ်းတွေချလာရင် KSPP ပါတီ ဆိုင်းဘုတ် ချိတ်ဖို့ စီစဉ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။

ယင်း ရုံးသစ်ဖွင့်ပွဲကို KIO ဥက္ကဋ္ဌဟောင်း ဦးဇော်မိုင်၊ KIO အထွေထွေ အတွင်းရေးမှူး ၂ ဒေါက်တာ လဂျာ၊ NDA - K ခွဲထွက် ခေါင်းဆောင် ဦးစခုန်တိမ်ယိန်း၊ ဒေါက်တာ ဆဘွမ်းဂျွမ်နှင့် တခြားသော ကချင်အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ၎င်း ပါတီ စည်းရုံးရေးလုပ်ငန်းစဉ်များကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များနှင့် ဆွန်ဖရာဘွန်၊ တနိုင်း၊ ဝိုင်းမော်၊ ရင်ကျန်ယန် အစရှိနယ်များတွင် စတင်နေပြီ ဖြစ်ပြီး ၎င်းပါတီအဖွဲ့ဝင် ၈၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း ဒေါက်တာ မနန် တူးဂျာက ပြောခဲ့သည်။

ပြီခဲ့သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လက ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့ကို ဒေါက်တာ မနန် တူးဂျာက ဦးဆောင်ပြီး ကချင်ပြည်နယ် အသွင်ကူးပြောင်းရေး အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းမှ တဆင့် ယခုနှစ် မတ်လတွင် ကချင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီအဖြစ် KSPP ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းတွင် ဒေါက်တာ မနန်တူးဂျာအပါအဝင် ၅ ဦးသည် KIO ခေါင်းဆောင် အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောခဲ့သည်။

ကချင်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အဖြစ်မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးကို KIO နှင့် မြန်မာ့တပ်မတော်အကြား အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း KIA ဘက်မှ လက်မခံခဲ့ပေ။

ကချင်ပြည်နယ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့် အဖွဲ့ ၄ ဖွဲ့ ရှိပြီး၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ အဖွဲ့နှင့် ဦးမထုနော် ခေါင်းဆောင်သည့် အထူးဒေသ ၅ အဖွဲ့တို့သည် ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်ခံခဲ့သည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် KIO အဖွဲ့သည် ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers