www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒါရိုက်တာမောင်မျိုးမင်း “ငရဲလမ်းပြ” ရိုက်မည်

သဲသဲ
တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး “ငရဲလမ်းပြ” (Road To Hell) အမည်ရှိ လူကုန်ကူးမှု ဖြစ်ရပ်မှန်များကို အခြေခံ ရိုက်ကူးမည့် ဇာတ်လမ်းအား ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကိုယ်တိုင် ဇာတ်ညွှန်း ရေးသား ရိုက်ကူးရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားရိုက်ကူးဖြစ်ရခြင်းမှာ တရုတ်နိုင်ငံ Jangxi (ကျန်ဇီး) ပြည်နယ်ရှိ Nanchang (နန်ချမ်း) မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် ၁၈ ကြိမ်မြောက် ရွှေကြက်ဖနှင့်ပန်းတရာ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော “မျှော်လင့်ခြင်းများစွာ” ဟူ သည့် ရုပ်ရှင်ဇာတ်ကားသွားရောက်ပြသပြီးနောက် United Nations Population Fund (UNFPA) မှ ဒါရိုက်တာ မောင်မျိုးမင်းအား ကမ်းလှမ်းလာခြင်းဖြစ်သည်။

“မြန်မာပြည်က ဆုရထားပြီးတဲ့အချိန်မှာ ကမ္ဘာအထိပြနိုင်မယ့်ဇာတ်ကားမျိုးရိုက်ချင်တယ်လို့ပြောလိုက်တယ်။ အခု လူကုန်ကူးမှုက အရမ်းများနေတော့ အဲ့ဒါမျိုးရိုက်ချင်တယ်လို့ပြောလိုက်တော့ သူတို့ကလည်း သဘောတူတယ်” ဟု ဒါရိုက်တာ မောင်မျိုးမင်း က ဧရာဝတီကိုပြောသည်။
ဧရာဝတီ

ငရဲလမ်းပြ ဇာတ်ကားတွင် သရုပ်ဆောင်များအနေဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံလုံးမှ သရုပ်ဆောင်များ ပါဝင် ကြ မည်ဖြစ်ပြီး အဓိကပါဝင်မည့်သရုပ်ဆောင်များကို မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။

ဇာတ်ကားရိုက်ကူးရေးအတွက် စက်ပိုင်းဆိုင်ရာလိုအပ်ချက်များကို တရုတ်မှ အတတ်ပညာရှင်များက ဦးဆောင်သွား မည် ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ် နှင့် မြန်မာပြည်တို့တွင် ရိုက်ကူးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

၎င်းဇာတ်ကားနှင့်ပတ်သက်၍ တာဝန်ရှိသူတဦးဖြစ်သည့် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးသိန်းထွန်း အောင်ကို အသေးစိတ်သိရှိရန် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမပြုခဲ့ပေ။

ငရဲလမ်းပြ ဇာတ်လမ်းအား လူသားတဦးကို ကုန်ပစ္စည်းတခုကဲ့သို့ ကူးသန်းရောင်းဝယ်ခြင်းခံရသူ တဦး၏ အကောင် အထည်ဖော်ပြ၍ မရနိုင်သော စိတ်ပိုင်းဆိုင်ရာခံစားမှု ဆိုးဝါးပုံကို အဓိကထားရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဆိုသည်။

“လူဆိုတာ စိတ်ကော ရုပ်ကောတွဲလျက်ရှိတာလေ။ ကုန်ပစ္စည်းဆိုတာက ရုပ်ပဲရှိတယ်။ လူကုန်ကူးခံရပြီဆိုတည်း က သူ့စိတ်ကပါသွားပြီလေ။ တခြားရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေက ပြန်ပြုပြင်လို့ရပေမယ့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တွေ ကျတော့ တော်တော်ခံရခက်တယ်”ဟု ၎င်း၏ ခံစားချက်အမြင်ကိုပြောသည်။

ငရဲလမ်းပြဇာတ်လမ်းတွင် အလုပ်အကိုင်မရှိသည့် ယောက်ျားအားအိမ်ထောင်ထပ်ပြုလိုက်သည့် မုဆိုးမတဦးမှာ အဆို ပါ ဒုတိယအိမ်ထောင်အပြင် ၁၁ နှစ်အရွယ် သမီးတယောက်နှင့် ၆ နှစ်အရွယ် သားတယောက်တို့ကို နယ်တကာသို့ သွားရောက်၍ မှောင်ခိုကူးသည့်လုပ်ငန်းလုပ်ကိုင်ကာ ကျွေးမွေးလာခဲ့သည်။ ၎င်းမရှိချိန်တွင် ယောက်ျားလုပ်သူက ကလေးငယ်နှစ်ဦးနှင့် အိမ်ကိုရောင်းချ၍ထွက်သွားရာ ရောင်းစားခံရသည့် ကလေးနှစ်ဦးကို ပြန်ရှာရန်အတွက် ကိုယ် တိုင် အရောင်းစားခံကာ လူမှောင်ခိုလောက၌ လိုက်လံရှာဖွေသည့် ဇာတ်လမ်းအသွင် ဖန်တီးရန် စီစဉ်ထားကြောင်း သိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers