www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

စစ်အစိုးရခေါင်းဆောင်များ မူးယစ်ဆေးဝါးပတ်သက်မှု ဖွင့်ချမည်ဟု UWSA ပြော

ရန်ပိုင်
ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) တပ်ဖွဲ့အား မူးယစ်ဆေးဝါး အကြောင်း ပြချက်ဖြင့် စစ်ရေးအရ တိုက်ခိုက်လာပါက ယင်း မူးယစ်ဆေးဝါး ကိစ္စတွင် စစ်အစိုးရ ခေါင်းဆောင် များလည်း ပါဝင်ပတ်သက် နေမှုကို UWSA က ဖွင့်ချမည် ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ထိုသို့သော အကြောင်းပြချက်ဖြင့် စစ်ရေးအရ UWSA ကို တိုက်ခိုက်မည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် UWSA ကလည်း ယခုကဲ့သို့ ပြန်လည်၍ ဖွင့်ချရန် စီစဉ်လာခြင်းဖြစ်သည်ဟု သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာဦးခွန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

“မူးယစ်ဆေးဝါးကိစ္စက နှစ်ဘက် အသွားရှိတဲ့ဓားလိုပဲ၊ နအဖ ထိပ်သီးတွေ ဘယ်လိုပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ မှတ်တမ်း ရှိပါတယ်”ဟု ၀ခေါင်းဆောင်ပိုင်းက ပြောကြောင်း ဦးခွန်ဆိုင်း ကဆိုသည်။

စစ်အစိုးရ နှင့် ၀ ၊ ကိုးကန့်ခေါင်းဆောင်များ မူးယစ်ဆေးဝါးကိစ္စများတွင် အပြန်အလှန်ပတ်သက်မှုများ ရှိခဲ့ ကြောင်း၊ UWSA တပ်ဖွဲ့များ၏ စီးပွားရေးလုပ်ငန်းများကို ပြည်တွင်း၌ လုပ်ပိုင်ခွင့်ပေးပြီး ငွေကြေး ခ၀ါချမှုများကို ပြုလုပ်ခွင့် ပေးထားခဲ့ကြောင်းလည်း ၎င်းက ထောက်ပြသည်။

ကိုးကန့်ဒေသတိုက်ပွဲများ ပြီးဆုံးသည့်နောက်ပိုင်းတွင် စစ်အစိုးရသည် မူးယစ်ဆေးဝါး အရေးယူမှုများကို ပိုမိုပြု လုပ်လာခဲ့ပြီး၊ နောင်တွင်လည်း ယခုထက်ပိုမိုလုပ်ဆောင်မည် ဖြစ်ကြောင်းစစ်အစိုးရ သတင်းစာများတွင် ရေးသားဖော်ပြလာသည်ကို တွေ့ရှိရသည်။

အမေရိကန်နိုင်ငံ ဦးဆောင်သည့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးသက်ရောက်မှုသည်မူး ယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် အနှောင့်အယှက် အဟန့်အတားဖြစ်စေကြောင်း ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင်လည်း ဖော်ပြထားသည်။

ထိုသို့ စစ်အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အပြင်းအထန်လုပ်ဆောင်နေခြင်းမှာ စီးပွား ရေးပိတ်ဆို့မှု များကိုရုပ်သိမ်းစေလိုခြင်း၊ အမေရိကန်ငွေကြေးစနစ်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုခြင်း၊ UWSA တပ်ဖွဲ့များ ၏ ဘဏ္ဍာရေးအခန်းကဏ္ဍတွင် အရေးပါသည့် တရားမ၀င်စီးပွားရေးလမ်းကြောင်းများကို ပိတ်ဆို့လို ခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဦးခွန်ဆိုင်းကသုံးသပ်သည်။

“ရည်ရွယ်ချက် နှစ်ခုနဲ့လုပ်နေတာ၊ ပိတ်ဆို့မှုရုပ်ဖို့နဲ့၊ အပစ်ရပ်တွေရဲ့ငွေရပေါက်စီးပွားရေးလမ်းတွေကို ပိတ်ဆို့ဖို့ပဲ” ဟု ဦးခွန်ဆိုင်းကဆိုသည်။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့်အတွက် ဦးဖုန်ကျားရှင်ဦးဆောင်သည့် ကိုးကန့် အဖွဲ့အား ပြီးခဲ့သည့် သြဂုတ်လ ၂၃ရက်နေ့တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်အစိုးရက မူးယစ် ဆေးဝါး ထုတ်လုပ်မှု၊ တရားမ၀င်လက်နက်ထုတ်လုပ်မှုများ ရှိသည်ဟုအကြောင်းပြခဲ့သည်။

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်ခံထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့( DKBA ) အဖွဲ့သည် ရာဘ ခေါ် မူးယစ်ဆေးဝါးများကို တပတ်လျှင် ဆေးပြား ပေါင်း ၅၀၀၀၀ ထုတ်လုပ်၍ ထိုင်းနိုင်ငံသို့ တင်ပို့နေ ကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် (HURFOM) ၏ ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ထုတ် အစီရင် ခံစာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ၏ တွဲဖက်အတွင်းရေမှူး(၁) ဗိုလ်မှူး စောလှငွေက“စစ်အစိုးရက မူးယစ် ဆေးဝါးကို တကယ်နှိမ်နင်းချင်စိတ်ရှိရင် ၊ DKBA ကိုလည်း နှိမ်နင်းရမယ်၊ သူတို့လည်း မူးယစ်ဆေးဝါးနဲ့ နာမည် ပျက် နေတာ”ဟုထောက်ပြပြောဆိုသည်။

ဝ တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ နှင့် အမေရိကန် အစိုးရတို့က ၀ခေါင်းဆောင် ၈ဦးကို အလိုရှိနေကြောင်း သိရသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers