www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဂျပန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက မြန်မာတက်ကြွ လှုပ်ရှားသူများကို တွေ့ဆုံ

ဆလိုင်းဟံသာစန်း
ဂျပန်အစိုးရက မြန်မာနိုင်ငံ အပေါ် အသစ်တဖန် စိတ်ဝင်စားလာပုံ အနေဖြင့် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တီဆူရိုဖူကူယာမာ (Tesuro Fukuyama) က ဗုဒ္ဓဟူးနေ့က မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် မြန်မာပြည် ဆိုင်ရာ ဂျပန်မူဝါဒအကြောင်း ဆွေးနွေးခဲ့သည်။

ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ညွန့်ပေါင်း အဖွဲ့ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။

တိုကျိုရှိ NCUB ကိုယ်စားလှယ်ဖြစ်ပြီး အစည်းအဝေးတွင် ဦးမောင်မောင်နှင့်အတူ တက်ရောက်ခဲ့သည့် ဒေါက်တာမင်းညိုက " ဖူကူယားမားက မြန်မာပြည်အရေးကို ထောက်ခံအားပေးဖို့ သူ အတိုက်အခံဘဝနဲ့ကို တက်ကြွနေတာ" ဟု ပြောသည်။

ဂျပန်နိုင်ငံကို ရာစုနှစ် တဝက်ကျော် အုပ်ချုပ်ခဲ့သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို အနိုင်ယူပြီးနောက် သြဂုတ်လ အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က အစိုးရဖွဲ့နိုင်ခဲ့သည်။

ယခင်ကမူ ဂျပန်နိုင်ငံသည် ခပ်မဆိတ် သံတမန်ရေး နည်းလမ်းများကို အသုံးပြုပြီး စစ်အစိုးရက ထိတ်လန့်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့်တိုင် မကြာခဏပင် ဝေဖန် ပြောကြားခြင်း မပြုခဲ့ပါ။

သို့သော် မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး အကြီးအကျယ် ပြောခဲ့သည့် ယခုအစိုးရသစ်ကမူ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပိုမိုထောက်ခံမှုများ ပြုလုပ်လာလိမ့်မည်ဟု ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့များက အကျယ်အပြန့် မျှော်လင့်နေ ကြသည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers