www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

“အာနာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာ ရေးသားခဲ့သူ ဆုရရှိ

သန်းထိုက်ဦး
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို “အာနာရူးကြီး” ဟု ဝေဖန်ရေး သားခဲ့သော ကဗျာဆရာ စောဝေအား အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch) က Hellman/Mammett Award ဆုချီးမြှင့်လိုက်သည်။

ကဗျာဆရာ စောဝေ

ယခုနှစ်အတွက် Hellman/Mammett Award ချီးမြှင့်ခဲ့သူ ၃၇ ဦးထဲတွင် မြန်မာနိုင်ငံသား ကဗျာဆရာစောဝေ လည်း ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ ထိုဆုကို ကမ္ဘာအရပ်ရပ်တွင် နိုင်ငံရေးအရ ပစ်မှတ်ထား ဖိနှိပ်ခံနေရသော စာရေးဆရာများအတွက် HRW အဖွဲ့ကြီးက နှစ်စဉ် ချီးမြှင့်ခြင်းဖြစ်သည်။

HRW အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဆုပေးအပ်သည့် ကော်မတီ တာဝန်ရှိသူ Marcia Allina က“Hellman/ Hammett ဆုက အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ၊ အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ စာရေး ဆရာတွေကို ကူညီဖို့ရည် ရွယ်ပါတယ်”ဟု ဖော်ပြထားသည်။

ထိုဆုသည် အမေရိကန် ပြဇာတ်ရေးဆရာမတဦးဖြစ်သူ Lillian Hellman ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယုံကြည်ချက် အမြင်များကို ဖော်ထုတ်ပြီးနောက် ငွေကြေးလိုအပ်နေသည့် စာရေးဆရာများကို ကူညီရေးအတွက် သူ၏ ပိုင်ဆိုင်မှုများကို အသုံးပြုရန် ပြဇာတ်ရေးဆရာမ က သေတမ်းစာ ရေးသား မှာကြားခဲ့သည်။ ဆုပေးသည့် အစီအစဉ်ကို ၁၉၈၉ ခုနှစ်တွင် အစပြုခဲ့ခြင်းဖြစ်သည်။

ကဗျာဆရာ စောဝေ၏ ဇနီး နန်းစန်းစန်းအေးက“ ဒီလို ကောင်းတဲ့ ဆုတွေကိုပေးတဲ့ အတွက် သူလည်း ၀မ်းသာ မှာပါ၊ ကျမလည်း ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ကဗျာဆရာ စောဝေကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့စဉ် ၎င်းက စစ်အစိုးရ ကလွှတ်ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်၌ မပါသည့်အတွက် ၀မ်းမနည်းရန် အားပေးစကား ပြောကြားခဲ့သည် ဟု နန်းစန်းစန်းအေးက ဆိုသည်။

“လွတ်ငြိမ်းချမ်းသာခွင့်မှာ သူမပါတဲ့အတွက်ကြောင့် ကျမကို ၀မ်းမနည်းဖို့၊ စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ သူ့အနေနဲ့ ထောင်ထဲမှာ နေသားကျနေပြီး ခံနိုင်ရေ ရှိတဲ့အကြောင်း၊ သူက ကျမကိုပြန်ပြီး အားပေးလိုက်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။

ကဗျာဆရာ စောဝေသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ဆန်းပိုင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန် ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာတပုဒ် ကို ရေးသား ခဲ့သောကြောင့် ထောင်ဒဏ်၂ နှစ် ချမှတ်ခံခဲ့ရပြီး မန္တလေးတိုင်း ရမည်သင်းမြို့ရှိ အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသူ ဖြစ်သည်။

ကိုစောဝေသည် ဖြူးမိတ်ဆွေများစာကြည့်အသင်းအား ဦးဆောင်သူများတွင်လည်း ပါဝင်ခဲ့ပြီး ယင်းစာကြည့် အသင်း၏ ဆုပေးပွဲများကို ၆ နှစ် ၇ နှစ်တိုင် နှစ်စဉ်ကျင်းပရာတွင် ပါဝင်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း HIV ရောဂါ ကူးစက်ခံရသည့် မိဘမဲ့ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေသည့် အဖြူရောင်သက်တံကဗျာ ရွတ်ဆိုပွဲများကို ရန်ကုန်၊ မန္တလေးမြို့များတွင် အာဏာပိုင်တို့က တားဆီးပိတ်ပင်နေ သည့်ကြားမှ စီစဉ်နိုင်ခဲ့သူ တဦးလည်း ဖြစ်သည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers