www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကချင်ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့မည်

ခိုင်လင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံလိုက်သည့် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖွဲ့စည်းရန်အတွက် တပ်မြေနေရာ သတ်မှတ်ထားသည်။

အန်ဒီအေကေအား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး တပ်ရင်းအမှတ် (၁ဝဝ၁) ကို ချီဗွေမြို့ အရှေ့မြောက်ဘက်၊ တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်ကျေးရွာအနီးတွင်လည်းကောင်း၊ တပ်ရင်း အမှတ် (၁ဝဝ၂) ကို ချီဗွေနှင့် အန်ဒီအေကေဌာနချုပ် ပန်ဝါအကြားရှိ လုပိကျေးရွာအနီးတွင်လည်းကောင်း၊ တပ်ရင်းအမှတ် (၁ဝဝ၃) ကို ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးကျေးရွာအနီးရှိ စင်ကျိုင်ကျေးရွာတွင်လည်းကောင်း တပ်မြေနေရာ သတ်မှတ်ထားပြီးဖြစ်ကြောင်း အန်ဒီအေကေအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့သည့်လကတည်းကပဲ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က စစ်ဦးစီး ပထမတန်းအရာရှိနဲ့ မြေစာရင်းဌာနက မြေလာတိုင်းတာတွေ လုပ်ထားပြီးပြီ။ အခုတော့ ဘယ်တပ်ကို ဘယ်နေရာချမယ်ဆိုတာ အတည်ဖြစ်သလောက် ရှိနေပြီး တပ်ရင်းနံပါတ်ကတော့ ဂဏန်းလေးလုံးပဲ။ ရှေ့မှာ အက္ခရာတပ်မယ်၊ နခရလား မသိဘူး” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ရင်း (၁) ခုလျှင် နအဖစစ်တပ်ဘက်မှ (၂၇) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ (၂၉၉) ဦး၊ စုစုပေါင်း (၃၂၆) ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် နအဖက စတင်ကမ်းလှမ်းခဲ့စဉ်ကတည်းက ပြောဆိုထားခဲ့၍ ယခု အန်ဒီအေကေအဖွဲ့အား တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းလျှင် တပ်ရင်းဖွဲ့စည်းပုံ ပြည့်နိုင်မည်မထင်ကြောင်း အန်ဒီအေကေအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဖီမော်ဘက်မှာလည်း သုံးလေးရာ အလွန်ဆုံးကွာ။ အဲဒီထဲမှာ ထိန်ချုန်းဘက်က တရုတ်တွေက ပါသေးတယ်။ ပန်ဝါ၊ ကန်ပိုက်တီးဆိုတာကလည်း ဘာရှိတာမှတ်လို့။ ဒီအထဲမှာ နားချင်တဲ့သူ နားဆိုလို့ တချို့တွေ တပ်ကနေ ထွက်နေကြတယ်။ ဆိုတော့ အလွန့်အလွန်ဆုံး တပ်ရင်း (၂) ရင်းစာ လူ (၆၀၀) ဝန်းကျင်ပေါ့ကွာ၊ ဒါပဲရှိတာ။ သူတို့အစောပိုင်းက ညှိထားတဲ့အရဆို အမှန်တကယ်ရှိရမှာက (၉၀၀) လောက်ရှိမှဖြစ်တာ။ ဆွေးနွေးတုန်းကလို လူ (၃၂၆) ယောက်မဟုတ်ဘဲ (၂၀၀) ကျော်လောက်နဲ့ ဖွဲ့မလား မသိတော့ဘူး” ဟု ပြောသည်။

အမည်မဖော်လိုသည့် ဖီမော်ရှိ အန်ဒီအေကေ အရာရှိတဦးက တပ်ဖွဲ့ဝင်အချို့ မြစ်ကြီးနားမြို့နယ်၊ ပြင်ထောင်ကျေးရွာ စစ်သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေပြီး သူတို့ပြန်လာပါက ပြန်ပြီး သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး နအဖစစ်တပ်တွင် သင်တန်းသွားတက်စရာ မလိုကြောင်းသာ ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။

အန်ဒီအေကေ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းအပါအဝင် အသက်အရွယ်ကြီးသူ ခေါင်းဆောင်ပိုင်းအချို့ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ရန်ရှိနေသကဲ့သို့ ၂ဝဝ၅ ခုနှစ်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့အတွင်း အာဏာသိမ်းအရေးအခင်း၌ အရေးနိမ့်ကာ အန်ဒီအေကေအဖွဲ့ထံ ရှောင်တိမ်းခိုလှုံခဲ့ရသူ ဗိုလ်မှူးကြီး ဒွဲလာ အပါအဝင် အချို့ခေါင်းဆောင်ပိုင်းကမူ ဘယ်မှ မပါတော့ဘဲ အနားယူတော့မည်ဟု အန်ဒီအေကေ သတင်းရပ်ကွက်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲမှု အခြေအနေနှင့်ပတ်သက်၍ အန်ဒီအေကေ ခေါင်းဆောင်များကို ဖုန်းဆက်သွယ်၍ မရရှိပေ။
ခေတ်ပြိုင်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers