www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ယနေ့ စီးကရက်ဖြတ်လိုက်လျှင်

စီးကရက်သည် အဆုတ်ကင်ဆာ ဖြစ်စေသည်။
စီးကရက်သည် နာတာရှည် ရင်ကျပ်ပန်းနာရောဂါ ဖြစ်စေသည်။
စီးကရက်သည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသည်။
ဆိုသည့် အချက်များကို စာရှုသူတိုင်း ကြားဖူးကြပါလိမ့်မည်။

နောက်ပိုင်းကာလတွင်-
စီးကရက်က ပန်းသေ ပန်းညှိုးတတ်သည်။
စီးကရက်က ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် သေးငယ်သော ကလေးကို မွေးဖွားစေသည်။ ကလေးပျက်ကျ စေတတ်သည်။

စီးကရက်က ခန္ဓာကိုယ်တွင်း ကိုယ်ခံအားကို ကျဆင်းစေသည်။ ခန္ဓာကိုယ်တွင်း ရောက်လာတတ်သော အဆိပ်အတောက်များ
ကို အားပေးတတ်သည်။ စသည့်စာတန်းများ ပေါ်လာပြီးနောက် ယခုနောက်ဆုံး စီးကရက်၌ ရေဒီယိုဓာတ်ရောင်ခြည်တွေ ပါရှိ
သည်။ စီးကရက်ကို တစ်နေ့အလိပ် 30 သောက်သုံးသူ တစ်ယောက်တွင် တစ်နှစ်လျှင်ရရှိမည့် ဓာတ်ရောင်ခြည်သည် ရင်ဘတ်
ကို ဓာတ်မှန်အကြိမ် 300 ရိုက်သကဲ့သို့ ဒဏ်ခံရလိမ့်မည်ဟု စာတမ်းတစ်ခုက အထောက်အထား များဖြင့် ပေါ်လာပြန်သည်။

သို့ကြောင့် စီးကရက်က ပေးသော ကောင်းကျိုးလုံးဝမရှိပါဟု ဆိုနိုင်ပါသည်။ သို့သော် စီးကရက်ကို စွဲနေပြီးသူ တစ်ယောက်အဖို့
ယခုမှ ဖြတ်လိုက်ခြင်းဖြင့် အကျိုးရှိပါဦးမည်လားဆိုသည့် အချက်မှာ စဉ်းစားစရာ ဖြစ်လာပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ အဖြေမှာ.... ဗြိတန်နိုင်ငံမှ ဆေးစွဲသူ ၁၇၈ ဦးအား မေးမြန်းချက်အရ ဘိန်းဖြူမီသာတုန်း စသည်တို့ထက် စီးကရက်ကို ဖြတ်ရခက်ပါသည်ဟု ဆိုကြသည်။ စီးကရက် ဖြတ်လိုက်သည့် အခါ ခံရမည့် လက္ခဏာတို့မှာ စီးကရက်စွဲခဲ့သည့် ကာလနှင့် နေ့စဉ် သောက်တတ်သည့် စီးကရက်အပေါ် မူတည်သည် ဆိုသည်။ ဆေးလိပ်ဖြတ်ပြီး ကြုံရတတ်သည့် ပြဿနာမှာ နေ့လည်နေ့ခင်း အချိန်၌ အိပ်ငိုက်နေပြီး ညအချိန်၌ အိပ်မပျော်ပဲမျက်လုံးကြောင်နေခြင်းဖြစ်သည်။အချို့ကျတော့ချိုသောအစား
အစာကို တမ်းတပြီး၊ အချို့အော့အန်ကာ ၀မ်းပျက်ဝမ်းချုပ်သော လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

ဆေးလိပ်ဖြတ်ရာကဖြစ်ပေါ်သောဒဏ်ကပထမ24နာရီတွင်အမြင့်ဆုံးဖြစ်ပေါ်၍(ရ)ရက်လောက်တိုင်အောင်တစ်ဖြေးဖြေးလျော့သွား
သည်။ ပြီးမှ နောက်နှစ်လတိုင်အောင် ဝေဒနာကို ဆက်လက်ခံစားကြရတတ်သည်။ စီးကရက်ကို ရုတ်တရက် ဓါးနှင့်ဖြတ်သလို ဖြတ်လိုက်သူများက အခံရ သက်သာတတ်သည်။ တစ်နေ့နည်းနည်းစီ စီးကရက်ကို လျှော့မည်ဆိုသူတွေက ပို၍ခံရလေ့ရှိသည်။ အောက်ပါတို့ကို အသုံးပြုသင့်သည်ဟု ဆေးလိပ် ဖြတ်ပြီးသူများ အသင်းက အကြံပြုထားပါသည်။


(၁)ပါတီ၊ဧည့်ခံပွဲနှင့် ဆေးလိပ်သောက်နေကြ အပေါင်းအသင်းကို ရှောင်ပါ။

(၂)စီးကရက်ဖြတ်ချိန်၌ အရက်ဖြင့်အစားထိုးတတ်သည်။ ဒါမျိုးကိုရှောင်ပါ။ စီးကရက် တမ်းတခြင်းမှာဒီရေအလားတက်လာတတ်
သည်။ မိနစ်အနည်းငယ်သာ ကြာသည့်ဤကာလကို စိတ်ဖြင့်တင်းထားပါ။

(၃)စီးကရက်သောက်ချင်စိတ် ပေါ်လာသည့်အခါ အခြားနေရာကို စိတ်ပြောင်းပါ။ ဥပမာ မိသားစုနှင့်အတူ ပျော်ရွှင်စွာနေခဲ့သော
အချိန်ကို စဉ်းစားနေလိုက်ပါ။
(၄)ယခုမသောက်သေးဘူး၊ ငါးမိနစ်လောက်တော့ သည်းခံကြည့်ဦးမည်ဆိုသည့် စိတ်မျိုးကိုသုံးပါ။ စီးကရက်သောက်လိုစိတ် ပျောက်ကွယ်သွားပါမည်။
(၅)အချို့ကျတော့ စီးကရက်ကြောင့် ရမည့်ရောဂါ (ဥပမာ) အဆုတ်ကင်ဆာ၊ ရင်ကြပ်ပန်းနာ တို့ကို စဉ်းစားလိုက်ခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် ပျောက်သွားတတ်သည်။
(၆)အသက်ကို ပြင်းပြင်းရှုလိုက်ခြင်း၊ စိတ်ဝင်စားရာ အားကစားတစ်ခုခုကို ပြုလုပ်လိုက်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း စသည့်နည်း
တို့ကို သုံးပါ။

ဆေးလိပ်ဖြတ်ပြီးသူ ၁၅%သာ လုံးဝပြတ်သွားလေ့ရှိသည်။ အများစုက စီးကရက်ပြန်သောက်တတ်ကြသည်။ ဒီလိုမဖြစ်ရအောင် ငါအောင်မြင်မှု ရပြီးသောစိတ်က အလျော့ပေးလိုက်မှာလား စသည်ဖြင့် မိမိကိုယ်မိမိ အားပေးသောစိတ်ကိုမွေးပါ။ နောက်ဆုံးပေါ် နီကိုတင်းဆေးဖြင့် ဖော်စပ်ထားသော နီကိုးရပ်ကော်သကြားလုံးက များစွာအကူအညီပေးပါမည်။ ဤသကြားလုံးကို ၀ယ်လို့ရပါက စားကြည့်ပါ။ (ဒေါ်လာနှင့်)

မည်သူမဆို စီးကရက်ဖြတ်ဖို့ နောက်ကျသွားသည် ဟူ၍မရှိပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ် (world health)စာစောင်၌ ဖေါ်ပြထားချက်မှာ---

(၁) လူ့သက်တမ်း
အသက်၂၅နှစ်အရွယ် လူတစ်ယောက် တစ်နေ့စီးကရက်နှစ်ဘူးသောက်က သူ၏သက်တမ်းသည် 8.3 နှစ်တိုသည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၂) အဆုတ်ကင်ဆာ
ဆေးလိပ်သောက်သူတွင် အဆုတ်ကင်ဆာရရန် မသောက်သောသူထက်ဆယ်ဆပိုသည်။10-15နှစ်ကြာအောင်ဆေးလိပ်ဖြတ်
ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၃) လည်ချောင်းကင်ဆာ
ဆေးလိပ်သောက်သူတွင် ဆေးလိပ်ကင်ဆာ ရောဂါဖြစ်ဖို့ 2.9 မှ 17.7ဆပိုသည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၄) ပါးစပ်ကင်ဆာ၊အစာမျိုလမ်းကင်ဆာ
ဆေးလိပ်သောက်သူတွင် ၃-၁၀ဆ ပိုဖြစ်နိုင်သည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၅) ဆီးအိမ်ကင်ဆာ
ဆေးလိပ်သောက်သူများတွင် 7-10 ဆပိုသည်။

(၆) နှလုံးသွေးကြောကျဉ်းရောဂါ
ဆေးလိပ်ကြောင့် နှလုံးရပ်သွားသူ တစ်နှစ်လျှင် 120000 ဦးရှိသည်။10-15နှစ်ကြာအောင်ဆေးလိပ်ဖြတ်ပြီးပါကထိုသူ၏သက်
တမ်းမှာ ဆေးလိပ် မသောက်သူ အတိုင်း ပြန်ဖြစ်သွားမည်။

(၇) နာတာရှည်၊ရင်ကြပ်ပန်းနာ
ဆေးလိပ်သောက်သူတွင် ၂၅ ဆ ပိုဖြစ်သည်။ ဆေးလိပ်ဖြတ်နိုင်က တစ်လအတွင်း ရောဂါသက်သာ လိမ့်မည်။

(၈) ကိုယ်ဝန်ဆောင်မိခင်
ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးလိပ်သောက်က ကလေးများအရွယ်သေးငယ်မည်။ ပျက်ကျတတ်သည်။ ကိုယ်ဝန်လေးလ
မတိုင်မီ ဆေးလိပ်ကိုရပ်နိုင်က ကလေး၏ကျန်းမာရေးကို ထိခိုက်မည်မဟုတ်ချေ။

(၉) အစာမကြေ၊ရင်ညွန့်အောင့်ရောဂါ
အစာအိမ်ရောဂါရှိသူများ ဆေးလိပ်သောက်က ရောဂါတာရှည်မည်။ ဆေးလိပ်ဖြတ်က ရက်ပိုင်းအတွင်းရောဂါ အလွယ်တကူကျက်သည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ရန်မည်သူမျှ နောက်မကျဟုဆိုရမည်။

ဆရာဝန်တင်ရွှေ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers