www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

၅၀၀၀ ကျပ်တန် ယနေ့စတင် ထုတ်ပေး

၅၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များကို ယနေ့စတင်ပြီး စစ်အစိုးရဘဏ်များနှင့် စစ်တပ်ပိုင် မြ၀တီဘဏ်မှ ထုတ်ပေးနေကြောင်း ရန်ကုန်မြို့ခံများ အဆိုအရ သိရသည်။

အဆိုပါ ၅၀၀၀ တန် များကို စစ်ဘက်အရာရှိများ၏ လစာငွေများတွင် ထည့်သွင်း ထုတ်ပေးနေကြောင်း ၊ အရပ်သား များ အားတဦးလျှင် ကျပ်ငွေ ၁၀၀၀၀ ဖိုးရှိ ၅၀၀၀ တန် ၂ ရွက် လဲလှယ်ပေးမည်ဖြစ်ကြောင်း မြဝတီဘဏ်နှင့် နီးစပ်သူတဦးက လည်း ပြောသည်။

“လစာအကုန်ကိုတော့ ၅၀၀၀ တန် ချည်းပဲပေးတာမဟုတ်ဘူး၊ ရောပြီးပေးတာ၊ဒီနေ့ပဲ အလုံးအရင်းနဲ့ စထုတ်ပေးနေပြီ”ဟု ၎င်းကဆိုသည်။

မြ၀တီဘဏ်သည် စစ်တပ်နှင့် အစိုးရ ဖက်စပ် တည်ထောင်ထားသည့် ဘဏ်တခုဖြစ်ပြီး စစ်အရာရှိများ လစာ ထုတ်ပေးရာ ဘဏ်တခု ဖြစ်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်မြို့ရှိ ဘဏ်များတွင် လစာထုတ်သူများ ငွေထုတ်သူများ အများအပြားရှိကြောင်း၊တချို့သော ပုဂ္ဂလိကဘဏ် များ၏ ငွေထုတ်ပေးမှုများတွင် ၅၀၀၀ကျပ်တန်ငွေစက္ကူအားမတွေ့ရသေးသော်လည်း မကြာမီရက်ပိုင်းအတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်လိမ့်မည်ဟုထင်ကြောင်း ရန်ကုန်မြို့ခံတဦးလည်းကပြောသည်

ယခုငွေစက္ကူသစ်ထုတ်ခြင်း နှင့် ပတ်သက်၍ ငွေကြေးဖောင်းပွမှုများဖြစ် လာနိုင်ပြီး ကုန်ဈေးနှုန်းများတက်လာနိုင်သော ကြောင့် ရွှေဘုံသာလမ်း ရွှေဈေးကွက်တွင် အရောင်းအ၀ယ်များ ခေတ္တရပ်ဆိုင်းထားကာ အခြေအနေကို စောင့်ကြည့်နေကြ ကြောင်း ရွှေလုပ်ငန်းရှင် တဦးကပြောသည်။

“ရွှေဈေးကတော့ မနေ့ကဈေးပဲ၊ တက်လည်းမတက်ဘူး၊ ကျလည်းမကျဘူး၊ အရောင်းအ၀ယ်လုပ်လားဆိုတော့ မလုပ်ဘူး” ဟု ၎င်းကပြောသည်။

ယနေ့ ရွှေဈေးနှုန်းမှာ က အရည်မီ အခေါက် ၁ကျပ်သားကို ၅၉၂၀၀၀ကျပ်ဖြစ်ပြီး၊ ငွေကြေးဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာ မှာ ၁၁၁၀ကျပ် နှုန်း၊ FEC တယူနစ်လျှင် ၁၀၆၀ကျပ်နှုန်း ရှိကြောင်း ၊ မည်သူမျှ အရောင်းအ ၀ယ်မပြုလုပ်ဘဲ ဈေးကွက်ကိုစောင့်ကြည့်နေကြောင်းသိရသည်။

ဆန်ဈေးကွက်တွင်လည်း လွန်ခဲ့သည့် စက်တင်ဘာ ၂၇ရက်ခန့်ကတည်းက စီးပွားရေးဦးပိုင်လီမိတက် ကိုယ်စားလှယ်များ က ဈေးကွက်အတွင်း နိုင်ငံခြားတင်ပို့သည် ဧည့်မထဆန်ကြမ်း ဈေး မတက်စေရန် ထိန်းချုပ်သည့် အနေဖြင့် ၀ယ်ယူမှု ရပ်ဆိုင်းခဲ့ကြောင်း၊ ယမန်နေ့က နိုင်ငံခြားသို့ဆန်ပို တင်ပို့မည့် သဘောင်္ဆိုက်ကပ်လာသည့်အတွက် ပြန်လည်ဝယ်ယူမှုများ ပြုလုပ်နေကြောင်း ဘုရင့်နောင်ပွဲရုံတန်းရှိ ဆန် လုပ်ငန်းရှင် တဦးက ပြောသည်။

“ဆန်သမားတွေကလည်း မရောင်းရရင်နေပါစေဆိုပြီး၊ ပစ္စည်းလက်ထဲကိုင်ထားတာ အောက်ဈေးနဲ့ ဘယ်သူမှမရောင်းဘူး၊ ဈေးကောင်းပေးမှပဲရောင်းမှာပေါ့”ဟု အဆိုပါဆန်လုပ်ငန်းရှင်ကဆိုသည်။

ဆန်ကုန်သည်များက ယနေ့ဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့် သာရောင်းချမည်ဖြစ်ပြီး၊ ဆန်တင်ပို့ရန်အတွက် စာချုပ်များ ချုပ်ဆိုထားသော ကုန်သည်ကြီးများအနေဖြင့် လက်ရှိပေါက်ဈေးနှုန်းများဖြင့် ၀ယ်ယူရမည်ဖြစ်ကြောင်း၊ ထိန်းချုပ်၍ ရမည်ထင်ကြောင်း အဆိုပါ ဆန်ကုန်သည်ကသုံးသပ်သည်။

ယင်းသို့ အစိုးရက ငွေစက္ကူသစ်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး နယ်စပ်ဒေသ ငွေကြေးလဲလှယ်နှုန်းများလည်း မတည်မငြိမ် ဖြစ်ကာ ယနေ့တွင် တရုတ်မြန်မာ နယ်စပ်ရှိ ငွေလဲလှယ်နှုန်းမှာ မြန်မာငွေ ကျပ် ၁ သိန်း လျှင် ၆၂၅ ယွမ် ရှိပြီး ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့ ရှိ ငွေလဲနှုန်းမှာ မြန်မာ ကျပ်ငွေ ၁၀၀ လျှင် ထိုင်းဘတ် ၂ ဘတ် ခွဲ ရှိသည်ဟုသိရသည်။

အဆိုပါ ငွေစက္ကူအသစ်များ ထုတ်လုပ်ခြင်းကြောင့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ယခုချက်ခြင်း ဈေးနှုန်းများမြင့်တက်လာမည် မဟုတ်ဘဲ၊ မကြာမီအချိန်အတွင်း တဖြည်းဖြည်းနှင့် ကုန်ဈေးနှုန်းများ တက်လာနိုင်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers