www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ရန်ကုန်တွင် မိုးသည်းထန် ရေလွှမ်း

မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ယမန်နေ့ ညနေက ရန်ကုန်မြို့ရှိ လူနေအိမ်တချို့နှင့် ဘုရင့်နောင် ပွဲရုံတန်း၏ နေရာတချို့တွင် ရေများဝင်ရောက် လာကြောင်း၊ ပဲခူးတိုင်း ပြည်မြို့ တွင်လည်း ယင်းသို့ မိုးရွာသွန်းမှုကြောင့် ဆည်တခု ကျိုးခဲ့ကာ လူနေအိမ်ခြေများ ရေလွှမ်းမိုးခံခဲ့ရကြောင်း သိရသည်။


ယမန်နေ့က မိုးသည်းထန်း၍ ရန်ကုန်မြို့တနေရာတွင် ကားများရေမြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့ အင်းစိန်ဈေး၊ ပေါက်တောဝ ၊ သမိုင်းလမ်းဆုံ၊ အင်းစိန်လမ်းမကြီး၏ နေရာတချို့၊ ဘုရင့် နောင်ပွဲရုံတန်း နှင့် လှိုင်သာယာမြို့နယ်တို့တွင် မိုးသည်းထန် စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် ကုန်သိုလှောင်ရာ ဂိုဒေါင်များ အတွင်းသို့ ရေများဝင်ရောက်လာကာ အပျက်အစီးတချို့ရှိခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများဖြစ်ပွားခဲ့ရသည်ဟု ဒေသခံ များ က ပြောဆိုသည်။

“ညကရွာတဲ့မိုးက အိမ်တောင်မြုပ်တော့မလိုပဲ၊ မိုးနဲ့ပေါင်းပြီး ဒီရေပါတက်တာ၊ မအိပ်ဘဲ ထိုင်စောင့်ကြည့်နေရတယ် အခု တော့ ရေပြန်ကျသွားပြီ”ဟု အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက်ရှိ ကျောင်းဆရာမ တဦးက ဧရာဝတီသို့ပြောသည်။

မိုးရွာသွန်းနေစဉ် လှိုင်မြစ်အတွင်း၌ ပင်လယ်ဒီရေသည်လည်း တက်နေကြောင်း ထို့နောက် ည ၁၀နာရီခွဲ ခန့်တွင် တဖြည်း ဖြည်းရေပြန် ကျသွားသည်ဟုသိရသည်။

ပြည်လမ်းမှလွဲ၍ အင်းစိန်လမ်းမပေါ်ရှိ တချို့နေရာများနှင့် သမိုင်းလမ်းဆုံ၊ ဘုရင့်နောင် ပွဲရုံတန်း၊ အင်းစိန်ဈေး ၊ ပေါက် တောဝဘက်ခြမ်းများတွင် ရေများဖုံးလွှမ်းနေသောကြောင့် ယာဉ်အသွားအလာများ ပြတ်တောက်ခဲ့ရကြောင်းသိရသည်။

“သမိုင်းလမ်းဆုံမှုာ ရေက ခါးလောက်ရောက်နေလို့ တခြားလမ်းကပြန်လာရတယ်၊ အခုလည်း တချို့နေရာတွေကျန်သေး တယ်” ဟု မရမ်းကုန်းမြို့နယ် ရှစ် မိုင်တွင် နေထိုင်သည့် အထက်တန်းကျောင်းသူတဦးကပြောသည်။

ဝန်ထမ်းများ နှင့် ကျောင်းသားများ အိမ်ပြန်ချိန်တွင် မိုးရွာသွန်းခြင်းဖြစ်ပြီး၊ တချို့ကားလိုင်းများ အသွားအလာ ရပ်ဆိုင်း ထားကြောင်း၊ ဘုရင့်နောင်ပွဲရုံတန်းဘက်မှ ရှစ်မိုင် သို့မောင်း နှင်လာသော ကားများသည် ဗဟိုလမ်းမှ နေပြီး လှိုင်တက္ကသိုလ် နယ်မြေအတွင်းမှ သွားရကြောင်းသိရသည်။

“အင်းစိန်ကတော့ အဆိုးဆုံးပဲ၊ လိုင်းကားတွေမသွားလို့လမ်းဆင်းလျောက်ရတော့ လူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်၊ အိမ်ကိုည၁၀နာရီထိုးမှ ပြန်ရောက်တယ်”ဟု လှိုင်သာယာမြို့နယ်မှ ၀န်ထမ်း တဦးက ဆိုသည်။

ဘုရင်နောင်ပွဲရုံတန်းရှိ ဆန်လုပ်ငန်းရှင်တဦးကလည်း“ယုဇနလမ်း၊ အောင်ဘောဂလမ်းကတော့ တော်တော်ဝင်တယ်၊ ဆန်နဲ့ ဆန်ကွဲကတော့ ပျက်စီးမှာပဲ” ဟု ပြောသည်။

အလားတူ ပဲခူးတိုင်း ပြည်မြို့နယ်အတွင်းရှိ မတောင့်တဆည် ကျိုးသွားသောကြောင့် အနီးရှိ ကျေးရွာများမှ အိမ်ခြေပေါင်း ၂၂၀ ခန့် ရေလွှမ်းမိုးခံခဲ့ရပြီး ဘေလီတံတား တစင်းလည်း ကျိုးသွားကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မိုးရွာစအချိန်တွင် လေပြင်းပါတိုက်လာကြောင်း၊ တနာရီလျှင် မိုင်လေးဆယ်နှုန်းခန့် တိုက်ခတ်ကြောင်းနှင့် အစိုးရ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနကလည်း တောင်တရုတ်ပင်လယ်ကို ဗဟိုပြုနေသည့် ကတ်ဆနာအမည်ရှိ တိုင်ဖွန်း မုန်တိုင်းကြောင့် မိုးရွာသွန်းနိုင်သည်ဟု မြန်မာ့ရုပ်မြင်သံကြား(MRTV 4)တွင် သတိပေးကြေညာချက် ထုတ် ပြန်ခဲ့ကြောင်း အထက်ပါ ကျောင်းဆရာမက ပြောပြသည်။

ဖိလစ်ပိုင် နိုင်ငံတွင်လည်း လွန်ခဲ့သည့် ၅ရက်ခန့်က တိုက်ခတ်ခဲ့သည့် အဆိုပါ ကတ်ဆနာ တိုင်ဖွန်းမုန်တိုင်း ကြောင့် လူပေါင်း ၂၄၆ ဦးသေဆုံးခဲ့ပြီး လူပေါင်းလေးသိန်းခွဲခန့် နေရာရွေ့ပြောင်းခဲ့ရကြောင်း၊ ၆နာရီခန့် ကြာ ရွာသွန်းခဲ့သည့် မိုးရေချိန်သည် တစ်လတာရွာသွန်းရမည့်မိုးရေချိန်နှင့် တူညီပြီး နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးဝါးဆုံး ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်း ကတ်ဆနာ မုန်တိုင်းသည် ယမန်နေ့က ဗီယက်နမ် နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း ၃၈ ဦးခန့်သေဆုံး ခဲ့ပြီး လူပေါင်း ၂ သိန်းခွဲခန့် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ၊ ယခုအခါတွင် ကမ္ဘောဒီးယား နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်နေပြီး၊ လော နိုင်ငံဘက်သို့ ဦးတည်နေကြောင်းသိရသည်။

ယမန်နေ့ကလည်း ပစ္စဖိတ်သမုဒ္ဒရာအတွင်းတွင် ငလျင်လှုပ်ခဲ့သည့်အတွက် အမေရိကန် ပြည်ထောင်စုအနီးရှိ ဆာမိုအာ ကျွန်းစုကို ဆူနာမီရေလှိုင်း ရိုက်ခတ်ခဲ့သောကြောင့် ကျေးရွာများ ပျက်စီးပြီး အသေအပျောက်စာရင်း အတိအကျမသိရ သေးကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers