www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU ပြောဆို

DKBA တပ်နှင့် နအဖ စစ်အစိုးရတပ်များနေရာချဲ့ထွင်လာပြီး KNU တပ်မဟာ ၆ နယ်မြေ၌ အခိုင်အမာနေရာချရန် စီစဉ်နေခြင်းကြောင့် တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU အဆိုအရ သိရသည်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲ့ကသာရွာတွင် ယခုလ ၂ ရက်နေ့က ဗိုလ်အေဝမ်းနှင့် ဗိုလ်စိုးမိုး ခေါင်းဆောင်သည့် အင်အား ၄ဝ ကျော်ရှိ DKBAတပ်များ ဝင်ရောက်နေရာယူခဲ့ကြပြီး ၎င်းတို့ကို ထောက်ကူရန် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် အင်အား ၅ဝ ခန့်ရှိ ခလရ ၂၈၃ လည်း လိုက်ပါလာကြောင်း သိရခြင်း ဖြစ်သည်။ ဗိုလ်အေဝမ်း ခေါင်းဆောင်သည့် DKBA တပ်ဖွဲ့ဝင်များသည် မဲ့ကသာရွာသို့ ရောက်ရှိလာပြီး ရွာသားများအား လုပ်အားပေး ခေါ်ဆောင်၍ စစ်တိုက်ရာတွင် အသုံးပြုသည့် ခံတုတ်ကျင်းများ တူးခိုင်းနေသည်။

“ဒီတခါတော့ သူတို့ ခံတုတ်ကျင်းတွေ တူးပြီးတော့ အခိုင်အမာတည်မယ့်ပုံ ရှိတယ်။ တကယ်လို့ သူတို့ အဲဒီမှာ အခိုင်အမာယူမယ်။ ရန်သူတပ်ကလည်း နောက်က ပါလာမယ်ဆိုရင်တော့ သူတို့ ထိုးစစ်လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ဘက်ကတော့ တန်ပြန်ပြီးတော့ ပြောက်ကျားနဲ့ ခုခံပစ်မယ်။ အခွင့်သာရင် သာသလိုပေါ့ဗျာ။ ချေမှုန်းစစ်လုပ်မှာပေါ့” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။

မဲ့ကသာဒေသ တဝိုက်တွင် တန်းဖိုးကြီး သဘာဝဘေးမဲ့ သစ်တောများရှိပြီး စစ်အစိုးရက DKBA တပ်မှူး ဗိုလ်နှုတ်ခမ်းမွှေးအား သစ်တန်ချိန် ၅ဝဝဝ ထုတ်လုပ်ခွင့် ပေးသည့်သတင်း ကြားရကြောင်း သူက ပြောသည်။

KNU တပ်မဟာ ၆ အတွင်း၌ ယင်းကဲ့သို့ စစ်ပြင်နေမှုများ မပြုလုပ်မီ ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်း၌ KNU နှင့် DKBA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ DKBA ဘက်မှ ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း DKBA တပ်ရင်းမှူး တဦးက ဆိုသည်။

DKBA အနေဖြင့်မူ ထိုးစစ်ဆင်ရန် အထက်အမိန့် မရသေးသော်လည်း KNU ဘက်က စစ်ရေးသိက္ခာ ပြန်ဆယ်လိုသည့်အနေဖြင့် နယ်မြေစိုးမိုးရေး တိုက်ပွဲများ ပြန်ဆင်လာနိုင်ကြောင်းနှင့် လက်ရှိအနေအထားတွင် စစ်ရေးအရ တင်းမာမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

“သူတို့ ပိုပြီးလှုပ်ရှားနိုင်တယ်လို့ ယူဆတယ်။ သူတို့ကလည်း နယ်မြေ လက်လွှတ်ဆုံးရှုံးရတယ်လေ။ အဲဒီ ဆုံးရှုံးရတဲ့ နယ်မြေကို တနည်းနည်းနဲ့ ပြန်တိုက်ချင်တဲ့သဘော ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် စပြီးတော့ ပြန်ပြီးလုပ်ဖို့တော့ အထက်ကအမိန့် ဘာမှမလာသေးဘူး” ဟု DKBA တပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

KNU တပ်မဟာအမှတ် ၇ နှင့် ၆ အား စစ်အစိုးရတပ်က DKBA နှင့် ပူးပေါင်း၍ တိုက်ခိုက်နှိမ်နှင်းနိုင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

“ဒါက ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူတို့ အပိုင်အနိုင်ရဖို့ဆိုရင် သူတို့ ဖွဲ့စည်းပုံထဲမှာ ရေးထားတဲ့အတိုင်းပေါ့ဗျာ။ သူတို့ကို မနှောင့်ယှက်နဲ့ပေါ့ဗျာ။ အဓိက အင်အားစုတွေကိုတော့ ဆိုက်ဝါး Psy*-*War အရရော၊ လက်တွေ့အရရော ပိုပြီးတော့ မလှုပ်နိုင်အောင် သူတို့က လုပ်မှာပဲ။ ဒါကတော့ နိုင်ငံရေး ရည်ရွယ်ချက်လို့ ပြောရမှာပဲ” ဟု သူက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA သည် ၁၉၉၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ ၆ နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNU ၏ တပ်မတော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် KNLA အရာရှိတဦးက မဇ္ဈိမကို ပြောဆိုခဲ့သည်။
မဇ္ဈိမ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers