www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

လောက်လေးခွနှင့် တုတ်များ စစ်တပ် တပ်ရင်းများတွင် ပြုလုပ်

ရခိုင်ပြည်နယ် အခြေစိုက် စစ်တပ် တပ်ရင်းများကို လောက်လေးခွနှင့် တုတ်များ ပြုလုပ်ရန် အထက်က ညွန်ကြားထားသည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ လောက်လေးခွနှင့် တုတ်များပြုလုပ်ရန် ညွန်ကြားခံရသော စစ်တပ် တပ်ရင်းများထဲတွင် ဘူးသီးတောင် အခြေစိုက် တပ်ရင်းများ အပါအ၀င် ပလက်ဝ အခြေစိုက် ၂၈၉၊ ပုဏ္ဍားကျွန်း အခြေစိုက် တပ်ရင်း ၅၅၀၊ ရသေ့တောင် အခြေစိုက် ၃၇၈၊ စစ်တွေ အခြေစိုက် ၃၄၄ နှင့် နစက တပ်ဖွဲ့များလည်း ပါဝင်သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦး၏ အပြောအရ လောက်လေးခွနှင့် တုတ်များကို သြဂတ်စ်လတွင် အပြီး လုပ်ခိုင်ထားပြီး တပ်ရင်းတခုတွင် အနည်းဆုံး လောက်လေးခွ ၁၀၀ နှင့် တုတ် ၁၀၀ စီ ပြုလုပ်ရသည်ဟု သိရသည်။

“ လေးခွကတော့ သားရေတွေနဲ့ စနစ်တကျ လုပ်တာ ဖြစ်ပြီး တုတ်ကတော့ ကြိမ်လုံး တွေကိုတော့ (၂) ပေခန့်စီ ပိုင်းပြီး ရောင်အမဲသုတ်ကာ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အဓိကတော့ ဆန္ဒပြရင် နှိမ်နှင်းဖို့ ရည်ရွယ်ချက် အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။

အမည်မဖေါ်လိုသူ တောင်ကုတ်မြို့ခံ တဦးကလည်း “ ကျနော်တို့ တောင်ကုတ်မြို့မှာဆိုရင် ရဲသားတိုင်းမှာ လောက်လေးခွ တလက်၊ တုတ်တချောင်းစီ မြို့လုံခြုံရေးကို တိုးမြှင့်တိုင်း ယူလာပါတယ်။ လောက်လေးခွတွေကိုတော့ အိတ်ထဲမှာ ထည့်ထားပြီး တုတ်တွေကိုတော့ လက်မှာ ကိုင်ထားပါတယ်။ ဆန္ဒပြရင် အနီးကပ် တုတ်နဲ့ အရင် ဖြိုခွဲပြီး မရရင် အဝေးက လေးခွတွေနဲ့ ဖြိုခွင်းမယ့် သဘော ဖြစ်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့မှ နစကနှင့် နီးစပ်သူ တဦးကလည်း နစက ကျီးကန်းပြင်ဌာနချုပ်တွင် လောက်လေးးခွနှင့် တုတ်များကို ပြုလုပ်နေပြီး အထက်က ညွှန်ကြားချက်အရ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခိုင်းခြင်းမှာ ယခုနှစ်ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည်နေ့အတွင်း ရခိုင်ပြည်နယ်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သည်ဟု အာဏာပိုင်များက ယူဆထားသဖြင့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ကြိုတင် လက်ဦးမူယူကာ ဖြိုခွင်းနိုင်ရေး အတွက် ယခုကဲ့သို့ လောက်လေးခွနှင့် တုတ်များကို ပြုလုပ်ရန် ညွန်ကြားချက် ထုတ်ထားခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ် တဦးက ပြောသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers