www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒေါက်တာ တူးဂျာ ဘာလို့ နုတ်ထွက်လဲ

စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခြင်း ခံနေရသော အပစ်ခတ်ရပ် အဖွဲ့တခုဖြစ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးက နုတ်ထွက်သွားခြင်းက မြန်မာ့နိုင်ငံရေးအတွင်း ဂယက်ငယ်တခု ဖြစ်သွားခဲ့သည်။ ဒေါက်တာတူးဂျာကို မဇ္ဈိမသတင်းထောက် က မေးမြန်းထားသည်။

ဒေါက်တာ တူးဂျာအနေနဲ့ ကေအိုင်အိုအဖွဲ့ကနေ ဘယ်လိုအကြောင်းများကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်သလဲရှင်။

ဒါကတော့ မြို့ပေါ် နိုင်ငံရေးကို ပိုပြီး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ ကေအိုင်အိုကနေ နုတ်ထွက်လိုက်တာပါ။ မြို့ပေါ် နိုင်ငံရေး လုပ်မယ်ဆိုရင် အဖွဲ့အစည်းကနေ နုတ်ထွက်ရမယ်။ ပါတီနိုင်ငံရေး ထောင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြည်သူတယောက် အနေနဲ့ မြို့နိုင်ငံ နိုင်ငံရေး လုပ်ဆောင်နိုင်ဖို့ မိမိအဖွဲ့ကနေ ထွက်လိုက်တာပါ။

ပါတီနိုင်ငံရေး တည်ထောင်ဖို့အတွက် ဘယ်လို ရည်ရွယ်ချက်ကြောင့်ပါလဲ။

ပါတီထောင်ဖို့က ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့အတွက် စစ်အစိုးရက လမ်းပြမြေပုံ ချမှတ်ပြီးတော့မှ အကောင်အထည် ဖော်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲပါဝင်ဖို့ သူတို့က နိုင်ငံရေး ပါတီထောင်ဖို့ လုပ်လာမယ်။ အဲဒီအချိန်မှာ ကျနော်တို့က တိုင်းရင်းသား ပြည်သူလူထုအတွက် လူမျိုးဘာသာ မခွဲခြားဘူး၊ နိုင်ငံရေး စိတ်ပါဝင်စားတဲ့လူတွေ အားလုံး စုပေါင်းပြီးတော့မှ ပါတီတခု ထူးထောင်ပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာမှာ ပါဝင်ကြဖို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လူတွေက ကချင်ပြည်နယ်ရဲ့ လွှတ်တော်မှာ လွှတ်တော်အမတ် ဖြစ်လာမယ်။ နောက်ပြီးတော့ နောက်တက်လာမယ့် ကချင်ပြည်နယ် အစိုးရတရပ်မှာလည်း ပါဝင်သွားနိုင်မယ်လေ။ အဲဒီအခါကျတော့ ကချင်ပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ပြည်နယ်သားများရဲ့ အကျိုးစီးပွားကို အဲဒီလမ်းကြောင်းအတိုင်း လုပ်ဆောင်သွားတာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ပါတီထောင်လိုက်တာပါ။

အခုလို ကေအိုင်အိုအဖွဲ့ကနေ နုတ်ထွက်လိုက်တဲ့အခါမှာ ကေအိုင်အိုထဲမှာ စိတ်ဝမ်းကွဲတာမျိုးများ ရှိလာနိုင်မလား။

အားလုံး တိုင်ပင်ပြီးသား ဖြစ်တဲ့အတွက် ကေအိုင်အို ဗဟိုအနေနဲ့လည်း အစိုးရက ချမှတ်တဲ့ နည်းလမ်းအတိုင်း ပြည်သူဘက်မှ ရပ်တည်သွားဖို့ လက်ခံတယ်။ အားပေးတယ်။ မကန့်ကွက်ပါဘူး။ စိတ်ဝမ်းကွဲတဲ့သဘော လုံးဝ မရှိပါဘူး။ ဗဟိုဌာနက နုတ်ထွက်မိန့်ကိုတော့ စက်တင်ဘာလ ၃ ရက်နေ့မှာပါ။

ကေအိုင်အိုအဖွဲ့ဝင် ၆ ယောက် နုတ်ထွက်လိုက်တဲ့အပေါ်မှာ ကေအိုင်အိုအဖွဲ့မှာ အင်အား လျော့နည်းသွားတာမျိုး ရှိလာနိုင်မလား။

ဒါကတော့ ကျနော်တို့ ကေအိုင်အိုက အဖွဲ့အစည်း အကြီးကြီး တခုပဲလေ။ ကျနော်တို့ ၄-၅ ယောက် ထွက်သွားရုံနဲ့ အင်အား မလျော့သွားပါဘူး။

ပါတီဖွဲ့စည်းဖို့ အစိုးရအနေနဲ့ ဖိအားပေးတာမျိုး ကန့်ကွက်တာမျိုးရှိလား။

ကျနော်တို့ကို အစိုးရအနေနဲ့ ဖိအားပေးတာလည်း မရှိဘူး။ ကန့်ကွက်တားမြစ်တာလည်း မရှိပါဘူး။

ပါတီထဲမှာ ဘယ်လို အဖွဲ့အစည်းတွေ ပါဝင်ပါသလဲရှင်။

ပါတီထဲမှာ ဦးဇခုန်တင်ယိမ်းအဖွဲ့ ကချင်အမျိုးသားဒီမိုကရက်သစ် တပ်မတော် (NDAK) အဖွဲ့က တချို့ပါလာမယ်။ ကေအိုင်အိုခွဲထွက်အဖွဲ့ လဆန်အောင်ဝါ အဖွဲ့လည်း ပါတယ်။ နောက်ကချင် အတိုင်ပင်ခံအဖွဲ့နဲ့ ကေအိုင်အို အဖွဲ့အချို့လည်း ပါမယ်။ အများစုက အရပ်သားတွေ ပိုများမယ်။ လူထုဘက်က ဖြစ်လာမယ်။ နိုင်ငံရေး စိတ်ပါဝင်စားတဲ့ လူတွေ အားလုံးပါလာနိုင်တယ်။

ကေအိုင်အိုတပ်ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့ဖို့အစား ကေအိုင်အိုတပ်တခုလုံး ပါဝင်တဲ့ (KRGF) တပ်ဖွဲ့ဖို့ တောင်းဆိုချက်ကို ဘယ်လို မျှော်လင့်ပါသလဲ။

အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးမှသာ အဖြေထွက်လာမှာဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ဆိုရင် လိုတိုးပိုလျှော့ လုပ်ရမှာပဲ။ အစိုးရလည်းပဲ လိုက်လျောမယ်လို့ ယူဆပါတယ်။ လိုက်လျော ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကချင်ပြည်သူလူထုအတွက် ဘယ်လို ပြုပြင်ပြောင်းလဲတဲ့ အခွင့်အလမ်းမျိုး ရနိုင်မယ်လို့ မျှော်လင့်ပါသလဲရှင်။

ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်ထောင်စုတခုလုံးအနေနဲ့ ပြုပြင်ပြောင်းလဲရမှာပဲ။ ကျနော်တို့ ပြည်နယ်အတိုင်းအတာအနေနဲ့လည်း အစိုးရက လမ်းဖွင့်ပေးခဲ့တဲ့အတိုင်း လမ်းဖွင့်ပေးသလောက် ကျနော်တို့က လက်တွေ့ကျကျ လုပ်ကိုင်ပြီးတော့ ပိုမိုကောင်းမွန်လာအောင် ကျနော်တို့ ကြိုးစားသွားမှာပါ။
မဇ္ဈိမ

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers