www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ရန်ကုန်တမြို့လုံး နေရာမလပ် လုံခြုံရေးများ တိုးမြှင့်ချထား

စက်တင်ဘာတလလုံးကို အရေးပေါ်ကာလဟု သတ်မှတ်ထားပြီးဖြစ်ကာ ယခုအခါ နအဖအာဏာပိုင်များက လုံခြုံရေးများကို နေရာမလပ် ချထားလျက်ရှိကြောင်း ရန်ကုန်မြိုခံများက ပြောသည်။

ပြီးခဲ့သည့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနှင့် တက္ကသိုလ်ရိပ်သာလမ်း အပါအ၀င် အခြားအိမ်ရာများတွင် လျှပ်စစ်မီးများ ဖြတ်တောက်အမှောင်ချကာ လုံခြုံရေးရဲများ ကင်းပုန်းလှည့်နေကြကြောင်း ကမာရွတ်မြို့နယ်တွင်း နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဘာတွေလုပ်မှန်းကို မသိတော့ဘူး။ မီးတွေကိုလည်း ဖြတ်တယ်၊ လုံခြုံရေးတွေ အများကြီးပဲ။ တက္ကသိုလ်ရိပ်သာလမ်းနဲ့  အင်းယားကန်စောင်းတွေမှာ၊ ဘာတွေသတင်းရတာလဲတော့ မသိဘူး။ သူတို့က ကင်းတွေလှည့်တာ အရေးမကြီးဘူး၊ လှည်းတန်းတ၀ိုက်ကို အမှောင်ချထားတာ ဆိုးတယ်” ဟု ပြောသည်။

ရန်ကုန်ရှိ အထင်ကရနေရာများဖြစ်သော ဘူတာကြီးဝန်းကျင်၊ ဆူးလေလမ်းမ၊ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း စသည်တို့တွင် လုံခြုံရေးချထားမှုများ အရေအတွက် ပိုများလာကြောင်း မျက်မြင်များက ပြောသည်။

“ကမ္ဘာအေးစေတီလမ်းမပေါ်က ကုက္ကိုင်းလမ်းဆုံဆိုရင် ညမှာ လုံခြုံရေးတွေ တအားများတယ်။ စစ်ဆေးမှုတွေ လုပ်တယ်။ ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည် အိမ်နဲ့နီးတာလည်း ပါမယ်ထင်တယ်” ဟု ညဘက်မောင်းသော တက္ကစီသမားတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လ လလယ်ပိုင်း၌ စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်ခဲ့ပြီး ဘတ်စ်ကားခများကို တရားဝင်တိုးမြှင့် သတ်မှတ်လိုက်ပြီးသည့်နောက်ပိုင်း လူထုဆန္ဒပြ လမ်းလျှောက်ခြင်းများ ဖြစ်ပေါ်လာခဲ့ရာမှ စက်တင်ဘာလတွင် တနိုင်ငံလုံး သံဃာတော်များအပါအ၀င် လူထုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

“အဲဒီလို ဖြစ်ပေါ်မှုတွေ နောက်ထပ်ဖြစ်ရင် သူတို့လုပ်မှာက ဖမ်းမယ်၊ ပြောမရရင် ပစ်သတ်မယ်။ ဒီလိုမျိုး စိတ်ဓာတ်ရှိတဲ့အတွက် ကျမတို့ ပြည်သူတွေက ဘာကိုမှ ပြောရေးဆိုခွင့် မရှိတော့ဘူးလေ။ မကောင်းတာဘဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် ငြိမ်နေရုံပဲ။ ကျမတို့ ကိုယ်တွေ့ကတော့ သံဃာတွေကိုတောင် ပစ်သတ်ခဲ့တာပဲ။ ကျမတို့ မျက်စိထဲက မထွက်ဘူး။ သာမန်အရပ်သား တွေကိုတော့ ပိုဆိုးမှာပေါ့” ဟု ရန်ကုန်မြို့လယ်၌ ပြီးခဲ့သည့်စက်တင်ဘာအရေးအခင်းတွင် ကိုယ်တွေ့ကြုံခဲ့သူတဦးက ပြောသည်။

ယခုရက်ပိုင်းတွင် လုံခြုံရေး ပိုမိုချထားသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းပုံစံဖြင့် မမြင်ကြတော့ကြောင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တဆိုင်၏ မန်နေဂျာက ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၀၇ က ဈေးရောင်းမကောင်းခဲ့ဘူး။ ဒီလိုမျိုးလပေါ့။ ပြေးကြ၊ လွှားကြပေါ့လေ။ ဒီနှစ်တော့ လုံခြုံရေးသာချတာ ဘာမှ မဖြစ်လောက်ပါဘူး” ဟု ၎င်းက ပြောသည်။ပီးခဲ့သည့် ၂၀၀၇ စက်တင်ဘာတွင် မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers