www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကိုးကန့် တိုက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များပါ ဆင့်ခေါ်နေ

သြဂုတ်လကုန်တွင် ဖြစ်ပွားခဲ့သည့် ကိုးကန့် လက်နက်ကိုင်ငြိမ်းချမ်းရေးနှင့် နအဖစစ်အစိုးရ အကြားတိုက်ပွဲများ အရှိန်တန့်သွားသော်လည်း စစ်ရေးပြင်ဆင်မှုများ ရှိနေသေးပြီး အင်အားဖြည့်တင်းရန် အတွက် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ ရဲတပ်သားများကိုပါ ဆင့်ခေါ်နေသည်ဟု ရဲတပ်သားတဦးက ပြောဆိုသည်။

ယမန်နေ့က ထုတ်ပြန်သော ဆင့်ခေါ် အမိန့်တွင် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ စခန်းတပိုင်တွင် ၁၀ယောက် ကိုးကန့်ဒေသသို့ အင်အားဖြည့်သွားရမည့်အကြောင်း ပါရှိသည်ဟု သိရပြီး မနက်ဖြန်တွင် ထိုဒေသသို့ ထွက်ခွါရမည်ဟု ဆိုသည်။

ရန်ကုန်မြို့လယ် မြို့နယ်တခုတွင် တာဝန်ကျနေသော ရဲတပ်သား တဦးက သူ့အနေဖြင့် သွားရမည့် စာရင်းထဲပါရှိနေပြီး မနက်ဖြန်ထွက်ခွါရန် အသင့်ပြင်ထားရမည်ဟု ညွှန်ကြားချက် ရထားသည်ဟု ဆိုသည်။

သူ့အနေဖြင့်မူ ရဲတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်ရေး တပ်သားများ မဟုတ်သဖြင့် ကိုးကန့်ဒေသသို့ သွားရမည်ကို စိုးရိမ်လျက်ရှိကြောင်း တဘက် ကိုးကန့် လက်နက်ကိုင်အဖွဲ့များမှာ ရက်စက်သည်ဟု သတင်းကြီးနေပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ အခက်အခဲရှိနိုသည်ဟုလည်း ဆိုသည်။ သူတို့အနေဖြင့် စစ်တိုက်ဖူးသည့် အတွေ့အကြုံမရှိသည့် အတွက်ကြောင့်လည်း ပိုမိုစိုးရိမ်သည်ဟု အမည်မဖေါ်လိုသည့် ရဲတပ်သားတဦးက ထုတ်ဖေါ်ပြောဆိုသည်။

အလားတူပင် ပဲခူးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်ရဲများကို ကိုးကန့်ဒေသ သို့အင်အားဖြည့်သွားရန် ညွှန်ကြားထားသည်ဟု ပဲခူးမြို့မှ လာသောသတင်းတရပ်က ဆိုသည်။

ယမန်နေ့ထုတ် သတင်းစာများတွင် ရဲတပ်ဖွဲ့ဝင်အများအပြား သေနတ်ဒဏ်ရာများဖြင့် အလောင်းချင်းထပ်လောက်အောင် သေဆုံးနေသည့် သတင်းဓါတ်ပုံများကို ဖေါ်ပြထားခြင်း ကြောင့်လည်း ကိုးကန့် လက်နက်ကိုင်များအပေါ် ကြောက်ရွံ့မှုပိုမို တိုးပွားစေခဲ့သည်။ ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးဓါးစားခံအဖြစ် ဖမ်းဆီးခံရပြီး ပြန်လည်ကယ်ဆယ်ရန်ကြိုးစားရာတွင် ၂၅ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ပစ်သတ်ခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၁၄ဦး၏ အလောင်းများကို နယ်မြေ သိမ်းပိုက်ပြီးနောက် ပြန်လည်တွေ့ရှိရသည်ဟု ဖေါ်ပြထားသည်။ နအဖ စစ်တပ်ဘက်မှ ၁၁ဦး သေဆုံးပြီး ၃၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု လည်းဖေါ်ပြထားသည်။

ယခင်က ရဲတပ်သားများကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် တိုက်ခိုက်ရာတွင် ခေါ်ယူ အသုံးပြုလေ့မရှိပဲ ယခုတကြိမ်တွင် အင်အားဖြည့်ခေါ်ယူနေခြင်းမှာ ထူးခြားသည်ဟု ရန်ကုန်မြို့မှ သတင်းစာဆရာ တဦးက ကောက်ချက်ချသည်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers