www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

စိတ်ကြွဆေးပြား သုံးသန်းခန့်နှင့် ဘိန်းဖြူများ ဖမ်းမိခဲ့ဟု စစ်အစိုးရ ထုတ်ပြန်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့အနီးတွင် ဘိန်းဖြူ၊ ဘိန်းဖြူဘလောက်တုံးများ အပါအဝင် စိတ်ကြွဆေးပြား သုံးသန်းနီးပါးကို သြဂုတ်လ ၂၄ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်လိုက်သည်။

တာချီလိတ် မူးယစ်အဖွဲ့မှ တာဝန်ရှိသူများက ဟောင်လိတ်ကျေးရွာအုပ်စု ဝမ်လိနှင့် ဝမ်လုံရွာတို့မှ နေအိမ်နှစ်အိမ်မှ သီးခြားစီ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သတင်းစာတွင် ပါရှိသည်။

ရှေးဦးစွာရှာသော နေအိမ်မှ ပန်းရောင် စိတ်ကြွဆေးပြား ၉၆၄ဝဝဝ၊ ဘိန်းဖြူဘလောက်တုံး ၁၀၂ တုံး၊ ဘိန်းဖြူမှုန့် ၂၁ ကီလိုဂရမ်တို့ကို သိမ်းဆည်းမိခဲ့သည်ဟု ဖော်ပြသည်။ ထို့အပြင် MADSEN တံဆိပ်ပါ သေနတ်အရှည် တလက်၊ STEYR M9-41 အမျိုးအစား ပစ္စတိုတစ်လက်၊ ၉ မမ လူဂါ ကျည် ၁၀၈ တောင့်တို့ ဖမ်းဆီးရမိကြောင်ုး စစ်အစိုးရ ထိန်းချုပ်ထားသော သတင်းစာက ရေးသားထားသည်။

စိုင်းဝင်းနိုင်(ခ) အားဖင် (၃၀ နှစ်)၊ အားယောင် (၂၉ နှစ်)၊ အားပေါင်း (ခ) သန်းဦး (၁၈ နှစ်)၊ မအားရှင် (၃၀ နှစ်) တို့ ၄ ဦးအား ဖမ်းဆီး စစ်ဆေးလျက် ရှိသည်ဟု ပါရှိသည်။

စစ်ဆေးချက်အရ ဟောင်လိတ် အုပ်စုဝင်ပင်ဖြစ်သော ဝမ်လုံရွာရှိ နေအိမ် တအိမ်အား ထပ်မံရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံး ၂ တုံး၊ စိတ်ကြွဆေးပြား ၁၉ သိန်း ၆ သောင်းကျော်နှင့် Ice အိုင့် မူးယစ်ဆေး ၁၀ ကီလိုတို့ ထပ်မံ ဖမ်းမိခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။

မြန်မာ့အလင်း သတင်းစာ၌ ဘိန်းဖြူဘလောက်တုံး စုစုပေါင်း ၁၀၄ တုံးဖမ်းမိပြီး နှစ်တုံးထဲတွင်ပင် အလေးချိန် အလေးချိန် ကီလိုဂရမ် ၇၀၀ ကျော်ဟု ဖော်ပြထားသော်လည်း မဇ္ဈိမသို့ သီးခြား သတင်းပေးပို့သော အာဏာပိုင်များနှင့် နီးစပ်သည့် မြို့ခံတဦး ကမူ သတင်းစာက မှားယွင်းစွာ ရေးသား ဖော်ပြထားခြင်း ဖြစ်ပြီး အမှန်တကယ်မှာမူ ဘလောက်တတုံးလျင် ၃၅၀ ဂရမ်သာ ရှိကြောင်းပြောသည်။

ထို့အပြင် အဆိုပါမြို့ခံ၏ အပြောအရ ဟောင်လိတ်ကျေးရွာအုပ်စု တော်ကော့ (အပြင်) ရွာရှိ အိုက်ခွက်ဆိုသူ၏ နေအိမ်သို့ ယင်းနေ့ ညနေ ၄ နာရီတွင် ဆက်လက်သွားရောက် ရှာဖွေရာ Ice အိုင့် မူးယစ်ဆေးအမှုန့် ၂၄ ဂရမ် တွေ့ရှိခဲ့သည်ဟု ပြောသည်။ သို့သော် တဦးတယောက်မျှ ဖမ်းဆီးရမိခြင်းမရှိဟု ဆိုသည်။

တာချီလိတ် ရဲစခန်းက မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ရှိသည်ဟု အတည်ပြုသော်လည်း ၎င်းတို့ထံတွင် အမှုဖွင့်ထားခြင်း မရှိ သဖြင့် အသေးစိတ် မသိကြောင်း ပြောသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်မြို့ တာချီလိတ်တွင် ယခုလ အစောပိုင်းကလည်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers