www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

တရုတ်မြန်မာ နယ်စပ် လုံခြုံရေး တင်းကျပ်

မနေ့ကညပိုင်းအထိ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်း ပစ်ခတ်သံတွေ ကြားနေရတုန်းပဲလို့ တရုတ်မြန်မာနယ်စပ် စစ်ရေးနဲ့နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗွီအိုအေကိုပြောပါတယ်။ တရုတ်မြန်မာနယ်စပ်မှာလည်း လုံခြုံရေး တွေတင်းကျပ်ထားပြီး စီးပွါးရေးလုပ်ငန်းတွေလည်းပုံမှန်အခြေအနေမှာမရှိတော့ဘူးလို့ဆိုပါတယ်။ နောက်ဆုံးအခြေအနေ တွေကိုသိရအောင် ဦးအောင်ကျော်ဇောကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကျော်အောင်လွင်။ ။ ဦးအောင်ကျော်ဇော ခင်ဗျ။ ကိုးကန့်နဲ့မြန်မာ တပ်ဖွဲ့တွေ ကြားမှာ ဖြစ်တဲ့ တိုက်ပွဲ အခြေအနေတွေ တင်းမာမှုတွေက အခုနောက်ဆုံး အခြေအနေမှာ ဘယ်လို ရှိပါသလဲ။

ဦးအောင်ကျော်ဇော။ ။ မနေ့က နေ့ခင်းပိုင်းလောက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက သူတို့နဲ့ အနီးကပ်ဆုံး စခန်းတွေကို တရုတ်ပြည် နယ်စပ်လုံခြုံရေးရဲတွေ တာဝန်ယူထားတဲ့ နီးစပ်ရာ ဌာနတွေကို အဖွဲ့အစည်း တဖွဲ့ပေါ့၊ ၀င်ရောက်ကြတယ်။ အများစုကတော့ လက်နက်ပါပါတယ်။ အနည်းစုက လက်နက်မပါပါဘူး။ အထဲမှာလည်း အတော်အသင့် ကျန်ရစ်ခဲ့တော့ မနေ့ညက ပိုင်းက တချို့နေရာမှာ ပျောက်ကျား ပစ်ခတ်မှုတွေ ရှိပါတယ်။ ကိုးကန့်တကြောမှာ မနေ့ညက ၂နာရီလောက်မှာ ၂ခါ ၃ခါ လက်နက်ငယ် သံတွေ ကြားရတယ်။ ၃နာရီခွဲ သာသာလောက်မှာလည်း သေနတ်သံအပြန်အလှန်ပစ်သံ၊ ဒီတခေါက်ကျတော့ ချင်းရွှေဝေါ်ရဲ့ တောင်ဘက်ခြမ်းလောက်မှာ သေနတ်သံမြည်ပါတယ်။

ကျော်အောင်လွင်။ ။ လောက်ကိုင်မြို့က နောက်ဆုံး အခြေအနေရော ဘယ်လို ရှိပါသလဲခင်ဗျ။

ဦးအောင်ကျော်ဇော။ ။ ဗမာတပ်တွေ တဖွဲဖွဲ ၀င်နေတာတော့ တွေ့နေရတယ်။ လောက်ကိုင်မြို့ကတော့ ဒေသခံ အရပ်သားတွေနဲ့ မြို့ပျက်ကြီးလို ဖြစ်နေပါတယ်။

ကျော်အောင်လွင်။ ။ နောက်ဆုံးအခြေအနေအရ နယ်စပ်မှာ တင်းမာမှုတွေ ဆက်ပြီးရှိနေဦးမယ်ဆိုတော့ တရုတ် မြန်မာ နယ်စပ်ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ တရုတ်အာဏာပိုင်တွေဘက်က လုံခြုံရေး တာဝန်ယူမှုတွေနဲ့ နယ်စပ်ထိန်းသိမ်းမှုတွေ ဘယ်လို ရှိပါသလဲခင်ဗျ။

ဦးအောင်ကျော်ဇော။ ။ တရုတ်ဘက်က နယ်စပ်လုံခြုံရေးကို ပိုမို တင်းတင်းကျပ်ကျပ် လုပ်တာတွေ့ရတယ်။ ဒီလို တပ်ဖွဲ့တွေ ၀င်လာပြီးနောက်ပေါ့။ နောက်ပြီး နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာဘက်က ရှိတဲ့ လူထုကတော့ တော်တော် ခြောက်ခြောက်ခြားခြား ရှိပါတယ်။ မူဆယ်မြို့တွေ ဘာတွေမှာဆိုရင် ညဘက် ဘယ်သူမှ မထွက်ရဲတော့ဘူး။ ချော ဆွဲတယ်ဆိုတဲ့ သတင်းကလည်း အမျိုးစုံ ထွက်ပါတယ်။ ကားတွေ ကို ချောဆွဲကြတာပေါ့။ လားရှိုးမြို့တင်မဟုတ်ဘူး။ လားရှိုးကနေ မူဆည်လမ်းတလျောက် မြို့ပြတွေမှာ ညဘက်ဘယ်သူမှ မထွက်ဘူး။

ကျော်အောင်လွင်။ ။ တရုတ်မြန်မာနယ်စပ် စီးပွားရေး အခြေအနေကရော ဘယ်လို ရှိပါသလဲခင်ဗျ။
ဦးအောင်ကျော်ဇော။ ။ နောက်တရက် နှစ်ရက်မှာ နည်းနည်း လျှော့ သွားရင်တော့ မပြောတတ်ဘူး။ ဒီ သုံးလေးရက်မှာတော့ ကား ဘယ်သူမှ သိပ်ထွက်ရဲမှာ မဟုတ်ပါဘူး။ ဟိုတနေ့က ကုန်သည်ကား တချို့က ထွက်လို့မရဘူး၊ တချို့ထွက်လို့ရတဲ့ကားတွေလည်း အချောဆွဲခံရတာ ဖြစ်တဲ့အတွက် နယ်စပ်စီးပွားရေးကတော့ ကာလတပိုင်းတော့ အတော်ထိခိုက်သွားပါတယ်။

ကျော်အောင်လွင်။ ။ကျွန်တော်တို့ သတင်းတွေ တချို့မှာ တွေ့တာက ဒီပစ်ခတ်မှုတွေ ဒီနေ့ဆိုရင် ၄ရက်မြောက်လာပြီး ပစ်ခတ်မှုတွေကြောင့် တရုတ်နိုင်ငံဘက်မှာ ၁ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ဒါဇင်နဲ့ ချီရှိတယ်လို့ ကြားရပါတယ်ခင်ဗျ။ ဦးအောင်ကျော်ဇောဘက်က ထိခိုက်မှုတွေ၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သိထားပါသလဲ။
ဦးအောင်ကျော်ဇော။ ။ ၂၆ရက်နေ့ ညက တိုက်ပွဲမှာ ကျည်ကျော်ကျလို့ ၁ယောက်သေ၊ သုံးလေးယောက် ဒဏ်ရာရပါတယ်။ နောက်မနေ့က ဗမာစစ်တပ်က အမြောက်တွေနဲ့ ပစ်တဲ့အခါမှာလည်း တရုတ်ပြည်ထဲ ကျပြီး ထိခိုက်ဒဏ်ရာရပါတယ်။

ကျော်အောင်လွင်။ ။ သေတဲ့သူက တရုတ်နိုင်ငံသားလား၊ ကိုးကန့်လား ဘယ်သူပါလဲ။

ဦးအောင်ကျော်ဇော။ ။ ချင်းခန်း ခရိုင်ထဲက သာမန် အရပ်သားတွေ ဖြစ်ပြီး၊ သေဆုံးတာရော၊ ဒဏ်ရာရတာရော အရပ်သား၊ တရုတ်ပြည်သားတွေ ဖြစ်ပါတယ်။

ကျော်အောင်လွင်။ ။ တရုတ်စစ်တပ်က နယ်စပ်မှာ လုံခြုံရေးတာဝန်ယူထားပြီလားခင်ဗျ။
ဦးအောင်ကျော်ဇော။ ။ တရုတ်စစ်တပ်ထက် အခုလောလောဆယ် အများစု မြင်သာထင်သာရှိနေရတာကတော့ နန်ဆာ တ၀ိုက်မှာ လူ ၁၂၀၀လောက်ရှိတဲ့ တရုတ်နယ်စပ်လုံခြုံရေး ရဲတွေ၊ နယ်စပ်ဒေသမှာ တပ်ခွဲလိုက် တပ်စုလိုက် ဟိုတဖြန့် ဒီတဖြန့်မှာ တဲတွေ ထိုးပြီးတော့ ရှိနေကြတာ တွေ့ရပါတယ်။

မနေ့ကညပိုင်းအထိ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်း ပစ်ခပ်သံတွေကြားနေရတုန်းပဲလို့ တရုတ်မြန်မာနယ်စပ် စစ်ရေးနဲ့နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗွီအိုအေကိုပြောပါတယ်။ တရုတ်မြန်မာနယ်စပ်မှာလည်း လုံခြုံရေး တွေတင်းကျပ်ထားပြီး စီးပွါးရေးလုပ်ငန်းတွေလည်းပုံမှန်အခြေအနေမှာမရှိတော့ဘူးလို့ဆိုပါတယ်။ နောက်ဆုံးအခြေအနေ တွေကိုသိရအောင် ဦးအောင်ကျော်ဇောကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကျော်အောင်လွင်။ ။ ဦးအောင်ကျော်ဇော ခင်ဗျ။ ကိုးကန့်နဲ့မြန်မာ တပ်ဖွဲ့တွေ ကြားမှာ ဖြစ်တဲ့ တိုက်ပွဲ အခြေအနေတွေ တင်းမာမှုတွေက အခုနောက်ဆုံး အခြေအနေမှာ ဘယ်လို ရှိပါသလဲ။

ဦးအောင်ကျော်ဇော။ ။ မနေ့က နေ့ခင်းပိုင်းလောက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက သူတို့နဲ့ အနီးကပ်ဆုံး စခန်းတွေကို တရုတ်ပြည် နယ်စပ်လုံခြုံရေးရဲတွေ တာဝန်ယူထားတဲ့ နီးစပ်ရာ ဌာနတွေကို အဖွဲ့အစည်း တဖွဲ့ပေါ့၊ ၀င်ရောက်ကြတယ်။ အများစုကတော့ လက်နက်ပါပါတယ်။ အနည်းစုက လက်နက်မပါပါဘူး။ အထဲမှာလည်း အတော်အသင့် ကျန်ရစ်ခဲ့တော့ မနေ့ညက ပိုင်းက တချို့နေရာမှာ ပျောက်ကျား ပစ်ခတ်မှုတွေ ရှိပါတယ်။ ကိုးကန့်တကြောမှာ မနေ့ညက ၂နာရီလောက်မှာ ၂ခါ ၃ခါ လက်နက်ငယ် သံတွေ ကြားရတယ်။ ၃နာရီခွဲ သာသာလောက်မှာလည်း သေနတ်သံအပြန်အလှန်ပစ်သံ၊ ဒီတခေါက်ကျတော့ ချင်းရွှေဝေါ်ရဲ့ တောင်ဘက်ခြမ်းလောက်မှာ သေနတ်သံမြည်ပါတယ်။

ကျော်အောင်လွင်။ ။ လောက်ကိုင်မြို့က နောက်ဆုံး အခြေအနေရော ဘယ်လို ရှိပါသလဲခင်ဗျ။

ဦးအောင်ကျော်ဇော။ ။ ဗမာတပ်တွေ တဖွဲဖွဲ ၀င်နေတာတော့ တွေ့နေရတယ်။ လောက်ကိုင်မြို့ကတော့ ဒေသခံ အရပ်သားတွေနဲ့ မြို့ပျက်ကြီးလို ဖြစ်နေပါတယ်။

ကျော်အောင်လွင်။ ။ နောက်ဆုံးအခြေအနေအရ နယ်စပ်မှာ တင်းမာမှုတွေ ဆက်ပြီးရှိနေဦးမယ်ဆိုတော့ တရုတ် မြန်မာ နယ်စပ်ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ တရုတ်အာဏာပိုင်တွေဘက်က လုံခြုံရေး တာဝန်ယူမှုတွေနဲ့ နယ်စပ်ထိန်းသိမ်းမှုတွေ ဘယ်လို ရှိပါသလဲခင်ဗျ။

ဦးအောင်ကျော်ဇော။ ။ တရုတ်ဘက်က နယ်စပ်လုံခြုံရေးကို ပိုမို တင်းတင်းကျပ်ကျပ် လုပ်တာတွေ့ရတယ်။ ဒီလို တပ်ဖွဲ့တွေ ၀င်လာပြီးနောက်ပေါ့။ နောက်ပြီး နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာဘက်က ရှိတဲ့ လူထုကတော့ တော်တော် ခြောက်ခြောက်ခြားခြား ရှိပါတယ်။ မူဆယ်မြို့တွေ ဘာတွေမှာဆိုရင် ညဘက် ဘယ်သူမှ မထွက်ရဲတော့ဘူး။ ချော ဆွဲတယ်ဆိုတဲ့ သတင်းကလည်း အမျိုးစုံ ထွက်ပါတယ်။ ကားတွေ ကို ချောဆွဲကြတာပေါ့။ လားရှိုးမြို့တင်မဟုတ်ဘူး။ လားရှိုးကနေ မူဆည်လမ်းတလျောက် မြို့ပြတွေမှာ ညဘက်ဘယ်သူမှ မထွက်ဘူး။

ကျော်အောင်လွင်။ ။ တရုတ်မြန်မာနယ်စပ် စီးပွားရေး အခြေအနေကရော ဘယ်လို ရှိပါသလဲခင်ဗျ။
ဦးအောင်ကျော်ဇော။ ။ နောက်တရက် နှစ်ရက်မှာ နည်းနည်း လျှော့ သွားရင်တော့ မပြောတတ်ဘူး။ ဒီ သုံးလေးရက်မှာတော့ ကား ဘယ်သူမှ သိပ်ထွက်ရဲမှာ မဟုတ်ပါဘူး။ ဟိုတနေ့က ကုန်သည်ကား တချို့က ထွက်လို့မရဘူး၊ တချို့ထွက်လို့ရတဲ့ကားတွေလည်း အချောဆွဲခံရတာ ဖြစ်တဲ့အတွက် နယ်စပ်စီးပွားရေးကတော့ ကာလတပိုင်းတော့ အတော်ထိခိုက်သွားပါတယ်။

ကျော်အောင်လွင်။ ။ကျွန်တော်တို့ သတင်းတွေ တချို့မှာ တွေ့တာက ဒီပစ်ခတ်မှုတွေ ဒီနေ့ဆိုရင် ၄ရက်မြောက်လာပြီး ပစ်ခတ်မှုတွေကြောင့် တရုတ်နိုင်ငံဘက်မှာ ၁ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ဒါဇင်နဲ့ ချီရှိတယ်လို့ ကြားရပါတယ်ခင်ဗျ။ ဦးအောင်ကျော်ဇောဘက်က ထိခိုက်မှုတွေ၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သိထားပါသလဲ။
ဦးအောင်ကျော်ဇော။ ။ ၂၆ရက်နေ့ ညက တိုက်ပွဲမှာ ကျည်ကျော်ကျလို့ ၁ယောက်သေ၊ သုံးလေးယောက် ဒဏ်ရာရပါတယ်။ နောက်မနေ့က ဗမာစစ်တပ်က အမြောက်တွေနဲ့ ပစ်တဲ့အခါမှာလည်း တရုတ်ပြည်ထဲ ကျပြီး ထိခိုက်ဒဏ်ရာရပါတယ်။

ကျော်အောင်လွင်။ ။ သေတဲ့သူက တရုတ်နိုင်ငံသားလား၊ ကိုးကန့်လား ဘယ်သူပါလဲ။

ဦးအောင်ကျော်ဇော။ ။ ချင်းခန်း ခရိုင်ထဲက သာမန် အရပ်သားတွေ ဖြစ်ပြီး၊ သေဆုံးတာရော၊ ဒဏ်ရာရတာရော အရပ်သား၊ တရုတ်ပြည်သားတွေ ဖြစ်ပါတယ်။

ကျော်အောင်လွင်။ ။ တရုတ်စစ်တပ်က နယ်စပ်မှာ လုံခြုံရေးတာဝန်ယူထားပြီလားခင်ဗျ။
ဦးအောင်ကျော်ဇော။ ။ တရုတ်စစ်တပ်ထက် အခုလောလောဆယ် အများစု မြင်သာထင်သာရှိနေရတာကတော့ နန်ဆာ တ၀ိုက်မှာ လူ ၁၂၀၀လောက်ရှိတဲ့ တရုတ်နယ်စပ်လုံခြုံရေး ရဲတွေ၊ နယ်စပ်ဒေသမှာ တပ်ခွဲလိုက် တပ်စုလိုက် ဟိုတဖြန့် ဒီတဖြန့်မှာ တဲတွေ ထိုးပြီးတော့ ရှိနေကြတာ တွေ့ရပါတယ်
VOA
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers