www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မန္တလေးတွင် မိုးခေါ်ပွဲများ ကျင်းပ

မိုးတွင်းကာလ ဖြစ်သော်လည်း အပူပိုင်း ခြောက်သွေ့ ဒေသ မန္တလေးမြို့တွင် မိုးခေါင်လွန်းသောကြောင့် ဒေသခံတို့၏ ဓလေ့ထုံးစံများ အရ ငါးရံ့မင်း လှည့်လည် ပူဇော်ခြင်း၊ လွန်ဆွဲပွဲများ ကျင်းပခြင်းဖြင့် မိုးခေါ်လျက် ရှိကြောင်း မန္တလေးမြို့ခံများက ပြောသည်။

မိုးခေါင်လွန်းသည့် နှစ်များတွင် ငါးရံ့မင်း ရုပ်တုကို ပင့်ဆောင်ပြီး လှည့်လည် အပူဇော်ခံပါက မိုးရွာမည်ဟု ဒေသခံများက ယုံကြည်ကြသည်။

အဆိုပါ ငါးရံ့မင်း ရုပ်တုမှာ မန္တလေးမြို့ အရှေ့ဘက် ပုသိမ်ကြီး မြို့နယ်ရှိ ရန်ကင်းတောင်၌ ၃ ပေခန့် အမြင့် ရှိသည့် ငါးရံ့မင်း စေတီတော်မှ ဖြစ်သည်။

ငါးရံ့မင်း လှည့်လည်ပွဲကို ရဟန်းသံဃာများ၊ သက်ဆိုင်ရာ မြို့နယ် အလိုက် အာဏာပိုင်များ၊ သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဦးစီးကြသည်ဟု သိရသည်။

“ဒီငါးရံ့မင်း ရုပ်တုတွေကို ကားပေါ်တင်ပြီး မြို့ကို လှည့်ပတ် ပူဇော်ရင် မိုးရွာတယ်လို့ ယုံကြည်ကြတယ်၊ မိုးခေါင်ရင် လွန်ဆွဲတယ်၊ ငါးရံ့မင်း လှည့်တယ်၊ ငါးရံ့မင်း ပရိတ် ရွတ်ဖတ်ကြတယ်” ဟု မြို့ခံတဦးက ပြောသည်။

“မိုးသိပ်ခေါင်ရင် ရာသီဥတုက သိပ်ပြင်းထန်တဲ့ အခါကျတော့ လူတော်တော်များများ ကလည်း နေထိုင်ရ ခက်တယ်၊ ဒီနှစ်ထဲမှာ သီးနှံတွေ တော်တော် များများ မဖြစ်ကြဘူး” ဟု အဆိုပါ ဒေသခံက ပြောပြသည်။

မိုးရွာသွန်းရန် မျှော်လင့်ချက်ဖြင့် ရိုးရာ အားကစားနည်းတခု ဖြစ်သော လွန်ဆွဲပွဲ တရပ်ကိုလည်း မန္တလေး ဆေးရုံကြီး တောင်ဘက်ရှိ ရပ်ကွက် တခုတွင် ကျင်းပခဲ့သည်ဟု ဆိုသည်။

“ရပ်ကွက်ထဲမှာ ရှိတဲ့ မိန်းမတဖက်၊ ယောက်ျားတဘက်၊ အပေါ်မှာလည်း လူရွှင်တော်၊ တီးဝိုင်းတွေနဲ့ တဘက်နဲ့ တဘက် အပြန်အလှန် လှောင်ပြောင်ကြ၊ ဒီပုံတွေကို ပန်းချီဆွဲကြ၊ အဲဒီလို လွန်ဆွဲခြင်းအားဖြင့် မိုးရွာမယ်လို့ ယူဆတယ်၊ အဲဒီ နောက်ရက်တွေတော့ မိုး ဖွဲဖွဲ ရွာတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ယခင်နှစ်များအတွင်း မန္တလေးတွင် မိုးများသဖြင့် မြစ်ရေလျှံခြင်း၊ ရေကြီးခြင်းတို့ကြောင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ဖြစ်ခဲ့ရပြီး ယခုနှစ်တွင်မူ မိုးခေါင်နေခြင်းဖြစ်သည် ဟုဆိုသည်။

မြန်မာပြည် အထက်ပိုင်း ဒေသများတွင်လည်း မိုးခေါင်သဖြင့် သီးနှံ အထွက် နည်းကြောင်း တောင်သူများ ထံမှ သိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

Followers