www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ် လက်မခံ

မြန်မာ စစ်အစိုးရက ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံကြောင်း ယနေ့ ပြုလုပ်သည့် ( ၆၂ ) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် တရားဝင်ပြောကြား လိုက်သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတပ်များ ထိန်း ချုပ်ထားသော ဘုရားသုံးဆူဒေသ၌ ကျင်းပသည့် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် ယခုကဲ့သို့ တရားဝင် ပြောကြား လိုက်ခြင်းဖြစ်သည်။

“လောလောဆယ် တပ်တွေ နေရာ ပြန်ချတာတို့ အသစ်ပြန်ဖွဲ့တာတို့ မလုပ်ဘူး၊ လက်မခံဘူး”ဟု မွန်ပြည်သစ်ပါ တီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဘန်ခိုင်က ဧရာဝတီသို့ပြောသည်။

အခမ်းအနား တက်ရောက်သူများကို လက်ရှိ ရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာနှင့် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကိစ္စများကို ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပြီး ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို လက်မခံပေ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက် အရွေးခံမည် မဟုတ်ဟု ကြေညာ ထားသော အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လက်နက်ကိုင် အပစ်ရပ် လူမျိုးစုများ၏ တပ်ကို တပ်မတော် လက် အောက်ပြောင်းထားရန် ဖိအားပေး စီစဉ်လျက်ရှိကြောင်း မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ယခုလုပ်ရပ်သည် အမျိုးသား အခွင့်အရေး ပြဿနာကို ပြီးပြတ်ပြေလည်အောင် မဖြေရှင်းခင် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အပစ်ရပ်အဖွဲ့ အများစုမှာ လက်မခံနိုင် ဖြစ်လာခဲ့ကြရသည်”ဟု ၎င်း ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

ထို့ကြောင့် ၎င်းတို့ အစီအစဉ်အတိုင်း မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ပါက ယနေ့ရရှိထားသော ပြည် တွင်း ငြိမ်းချမ်းရေးသည် များစွာ စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

အကောင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခွန်ထွန်းဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြ ရေးသားထားသည်။

တချို့သော အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အနေနှင့်မူ စစ်အစိုးရပေါ်တွင် အယုံအကြည်မရှိကြောင်း ဒေါ်အောင် ဆန်း စုကြည်ကဲ့သို့သော ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်ကိုပင် ဖမ်းချုပ်ထားသည့် အစိုးရအနေနှင့် ၎င်းတို့၏ နယ် ခြားစောင့် တပ်များကို အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောဆိုကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)၊ ဗကပ ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေး ကို လက်ခံထားသော အဖွဲ့များဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဗိုလ်မှူးချုပ်ထိန်မောင် ဦး ဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပြီး မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသကို တာဝန်ယူမည်ဟု သိရသည်။

ယခုမွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင်“မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိဘဲ ပါတီ နှင့် တပ်ခွဲထားခြင်း၊ဖျက်သိမ်းခြင်းကို လက်ခံနိုင်မည် မဟုတ်ပါ”ဟု ဖော်ပြထားသည်။


ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers