www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

အမေရိကန် ဆရာဝန်တယောက်နဲ့ အစားအသောက်အကြောင်း

မေး။ နှလုံးရောဂါရှိတဲ့လူတွေ လေ့ကျင့်ခန်းလုပ်ရင် အသက်ရှည်တယ်ဆိုတာ ကြားဘူးပါတယ် ဆရာ။


ဆရာဝန်။ နှလုံးဆိုတာ အမြဲတန်းခုန်နေရတာမို့ သူခုန်ရမှာထက်ပိုအခုန်ခိုင်းရင် ပစ္စည်းမျာလိုဘဲ ကြာကြာသုံးလေ ပွန်းလေ-ဟောင်းလေ မဟုတ်လားဗျာ။ သူ့ကို ထပ်ခုန်အောင် လုပ်ခိုင်းတာဟာ ကားကို ကားသက်ရှည်အောင် အမြန်မောင်းသလိုဘဲ။ လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်မနေပါနဲ့၊ အိပ်သာနေပါဗျာ။

မေး။ ကျွန်တော် အသားလျော့ပြီး၊ အသီးအနှံပိုစားရင် ကောင်းမလားဆရာ။
ဆရာဝန်။ ဒီလိုတည့်တည့်စဉ်းစားကြည့်ဗျာ။ နွားတွေဘာစားလဲ မြက်တို့၊ ပြောင်းတို့စားတာမဟုတ်လား။ အဲတာတွေကကော ဘာတွေလဲ။ အသီးအနှံတွေလေ။ ဒါ့ကြောင်း အမဲသား(စတိခ်)ဟာ ခင်ဗျားကိုယ်ခန္ဓာအတွက် အသီးအနှံတွေကို ထိထိရောက်ရောက် ပြောင်းပေးထားလိုက်ပြီးသားဗျ။ အစေ့အဆံလိုသလား။ ကြက်သားစားဗျာ။ အမဲသားဟာ အရွက်ကြော်ကောင်းတခွက်ဘဲ။ ၀က်သားစဉ်းကောကနေ ခင်ဗျာ့အတွက် အသီးအရွက်လိုအပ်ချက် ရာနုန်းပြည့်ရပါတယ်။

မေး။ ကျွန်တော် အရက်လျော့သောက်ရမလား။

ဆရာဝန်။ လုပ်မနေပါနဲ့။ ၀ိုင်ဆိုတာ အသီးအနှံကနေလုပ်တာ။ ဘရန်ဒီကလဲ ၀ိုင်ကိုချက်တာ။ တိတိကျကျပြောရင် သူ့ထဲကနေ ရေထုတ်လိုက်တာလေ။ ဒီတော့ ပိုမကောင်းပါလား။ ဘီယာကရော အစေ့အဆံကနေလုပ်တာ။ ဒီတော့ သောက်တာသောက်ပါ ကိုယ့်လူရာ။

မေး။ ကျွန်တော့်ကိုယ်အလေးချိန်နဲ့ အဆီအချိုးကို ဘယ်လိုတွက်ရမလဲ။
ဆရာဝန်။ ခင်ဗျားမှာ ကိုယ်ခန္ဓာရှိရင် အဆီရှိမှာဘဲ။ တကိုယ်ထဲရှိတော့ တစ်အချိုး တစ်ပေါ့။ နှစ်ကိုယ်ရှိရင်တော့ တစ်အချိုး နှစ်။

မေး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ရတဲ့ အကျိုးကျေးဇူးတွေ ပြောပါအုံး။
ဆရာဝန်။ တခုမှ စဉ်းစားမရဘူးဗျ။ ကျွန်တော့ ဖီလော်ဆော်ဖီကတော့ ကိုယ့်အသားအနာမခံရေးဘဲ။

မေး။ ကြော်ထားတဲ့အစားတွေက ဘယ်လိုဆိုးကျိုးပေးပါသလဲ။
ဆရာဝန်။ ခင်ဗျား ကျွန်တော်ပြောတာ နားထောင်မှ မနေဘဲ။ ကနေ့ကာလမှာ အစားအစာမှန်သမျှ အသီးအနှံဆီနဲ့ ကြော်တာတွေချည်းဘဲ။ ဟုတ်ပါတယ်။ အစားအစာတွေထဲ ဆီကစိမ့်ဝင်တာပေါ့။ ဒီတော့ အသီးအနှံတွေများများဝင်တာ ခင်ဗျားအတွက် ဆိုးမတဲ့လားဗျာ။

မေး။ ထိုင်-ထ လုပ်တာကြောင့် ခါးကျပါသလား။

ဆရာဝန်။ မဟုတ်ရေးချ မဟုတ်။ ကြွက်သားဆိုတာ လေ့ကျင့်ခန်းလုပ်လေ ကြီးလေမဟုတ်လား။ ခင်ဗျား ဗိုက်ထွက်ချင်ရင်တော့ ထိုင်ထလုပ်ပေါ့ဗျာ။

မေး။ ချော့ကလက်က ဘာဆိုးလဲ။

ဆရာဝန်။ ရူးနေသလား ခင်ဗျား။ ကိုကိုးကဘာလဲ၊ အသီးအစေ့ဘဲ။ အကောင်းဆုံးဗျ။ ကောင်းတာစားပြီး ကောင်းကောင်း ဇိမ်ခံပါလေ။

မေး။ ရေကူးတာ ကိုယ်ခန္ဓာလှမလား။

ဆရာဝန်။ ရေးကူးလို့ ကိုယ်ခန္ဓာအချိုးအစား လှ-မလှသိချင်ရင် ဝေလငါးကြည့်လေ။

မေး။ လူ့(လိုက်ဖ်-စတိုင်)မှာ ကိုယ်ခန္ဓာပုံပန်းရှိဘို့ အရေးကြီးပါသလား။
ဆရာဝန်။ ၀တာကော ပုံပန်းတခုမဟုတ်ဘူးလားဗျ။

ဆရာဝန်။ ဒါတွေကတော့ အစားအသောက်နဲ့ပတ်သက်ပြီး အယူအဆမှားတွေပေါ့ဗျာ။ တခုသတိထားပါအုံး။ လူ့ဘ၀ဆိုတာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်အချိုးအစားလှလှလေးနဲ့ သင်းချိုင်းကို အန္တရာယ်ကင်းကင်း ရောက်အောင် သွားရမဲ့ခရီးလို့ သဘောမထားသင့်ဘူး။ လက်တဖက်မှာ ချော့ကလက်၊ တဖက်မှာ ၀ိုင်ပုလင်းဆွဲ၊ ကိုယ်ခန္ဓာကိုလဲ ကျကျနနကြီး အသုံးချပြီးသကာလ၊ နောက်ဆုံး ၀ူ့း၊ ဝေါင့်း ကောင်းလိုက်တာ- ကောင်းလိုက်တာလို့ ပီတိသောမနဿဖြစ်ဘို့က ပိုမကောင်းဘူးလား။

ဆရာဝန်။ ရှိသေးတယ်။ ကိုယ်စားတာကိုယ် သတိထားနေသူများ။ သူများတွေ ဘာစားသောက်ကြလို့ ဘယ်လိုဖြစ်ပါသလဲကြည့်။
• ဂျပန်တွေဟာ အဆီနဲနဲစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

• မက်ဆီကန်တွေဟာ အဆီတွေ တအားစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

• တရုတ်တွေဟာ ၀ိုင်နည်းနည်းသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

• အီတာလျန်တွေဟာ ၀ိုင်အများကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

• ဂျာမန်တွေဟာ ဘီယာကို တ၀ကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။


ဆရာဝန်။ နိဂုံးချုပ်လိုက်ရင်၊ ကြိုက်တာကို ကြိုက်သလိုစားပါလေ၊ ကြိုက်သလောက် သောက်ပါလေ။

ဘာသာပြန်တင်သူ၏ ဖြည့်စွက်ချက်။
ကျွန်တော်တင်ထားတဲ့ (ထရန့်စ်-ဖက်) ကျန်းမာရေးနဲ့မညီသောအဆီ ဆိုတာကို ဖတ်ပြီး၊ အင်္ဂလန်ရောက်နေတဲ့ ဆေးမှူးတဦးကနေ (ကွန်မင့်)မှာ ရေးလိုက်တာကတော့ သူအဆီကို မရှောင်ဘူး။ Simvastatin 40 mg ဆေးကို ညတိုင်းသောက်ပါသတဲ့။

ကဲဗျာ ခင်ဗျားတို့ ဆေးဆရာတွေ သူများကို မျက်စေ့နောက်အောင်မလုပ်ပါနဲ့လို့ပြောရင်တော့ ခံရမှာဘဲ။ တယောက်တမျိုး ပြောနေကြတယ် မဟုတ်လား။

ကျွန်တော်ဆရာဝန်ဖြစ်လာတော့ လူနာတွေ၊ အထူးသဖြင့် ခင်မင်သူတွေက တခြားဆရာဝန်တချို့ထက် ကျွန်တော့်ဆီကိုလာပြတာ ပိုများတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုမေးရင် အရက်နည်းနည်းပါးပါး ကိစ္စမရှိပါဘူးတို့၊ အစားအသောက်လည်း အများကြီး မရှောင်ချင်နေပါ စသဖြင့် ပြောတတ်တာကို။ ကျွန်တော်ကလည်း သိနေတယ်လေ၊ ဒီလူနာက အရက်ဖြတ်ပါဆို ဖြတ်မဲ့သူမှ မဟုတ်တာ။ ဆားအရှောင်ခိုင်းလည်း ငါးပိက ပြေးမလွတ်ဘူးမဟုတ်လား။

ဆရာဝန်လုပ် သက်ရင့်လာတော့ လူကြီးသူမတွေပြောလေ့ရှိတဲ့ ကျန်းမာရေးဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းလေးပါးကြောင့် အကောင်း-အဆိုးဖြစ်ရတယ်ဆိုတဲ့ ကိုယ်သင်ရဘူတဲ့ဆေးကျမ်းတွေမှာ မပါတာကို ပိုပြီး လက်ခံချင်လာတယ်။

ဒီတော့ အာဟာရတခုတည်းသာကြည့်မယ်ဆိုရင် အမေရိကန်ဆရာဝန်ပြောတာသလို ကျန်တဲ့ အကြောင်းသုံးပါးကို ဘေးချိတ်ပြီး၊ လိုက်ချင်လိုက်ပေါ့။

ကံကိုလည်း မယုံတယုံ၊ ဓမ္မပဒ(၁)မှာဟောထားတဲ့ စိတ်သာလျင် ရှေ့သွားရှိကုန်၏ကိုလည်း မဖတ်ဘူး (မယုံဘူး)ဆိုရင်၊ နွေဆိုတာပူလို့ အပူကြိုက်တဲ့ပိုးတွေ သောင်းကျန်းတာတို့၊ ဆောင်းဆိုတာအေးလို့ တုပ်ကွေး-နှာစေး-အအေးမိတတ်တာတို့၊ ဆိုတာတွေကိုလည်း ဘေးချိတ်လိုက်ပေတော့။

ဆရာ-ဆရာမတွေက ကျောင်းသား-ကျောင်းသူတွေကို တချိန်တည်းမှာ အတူတူသင်ပေးတာပါ။ အောင်စာရင်းထွက်တော့ အမှတ်တွေ ဘယ်တူလို့လဲ။ အမှတ်တူသူတွေလဲ ကြီးတော့ အကျိုးပေးက တယောက်တမျိုး။ ၀င်ငွေကောင်းတာချင်း တန်းတူပေမဲ့ အသက်ရှည်တာခြင်း၊ မတူဘူး မဟုတ်ပါလား။

အသက်ကို ဥာဏ်စောင့်၊ ဥစ္စာကို ကံစောင့်ပါသတဲ့။ ဥာဏ်ကောင်းကြပါစေ၊ ကံကောင်းကြပါစေ။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers