www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြန်မာ့အရေး အိန္ဒိယအစိုးရ ဝင်ပြောပြီ

မြန်မာ့အရေးတွင် ကာလကြာမြင့်စွာ ရေငုံနှုတ်ပိတ်နေခဲ့သော အိန္ဒိယ အစိုးရက ပထမ ခြေလှမ်းအဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သည့်နောက် အိန္ဒိယ အစိုးရ၏ သဘောထားကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“မြန်မာအစိုးရအနေဖြင့် မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံရေး သဘောထားကို အမြန်ဆုံးပြင်ဆင်ရန် လိုအပ်နေသည်ကို အိန္ဒိယက အလေးထားပြောဆိုလိုသည်။ ယခုလက်ရှိ အဖြစ်များ သည် မြန်မာအစိုးရအဖို့ ငြိမ်းချမ်းရေးလမ်းမှ သွေဖယ်နေသည်။ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ် ပေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အခြေခံကျသော အချက်ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ ၁၁ ရက်နေ့ ရက်စွဲပါ ပြောကြားချက်ကို ဌာနပိုင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုနေကြစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်မချမီရက်များက မြန်မာ့အရေးစိတ်ဝင်စားသူ အထက်လွှတ်တော် အမတ်များ၊ ဥပဒေအရာရှိများက အိန္ဒိယပါလီမန် အစည်းအဝေးများတွင် မြန်မာ့အရေးအပေါ် အိန္ဒိယ အစိုးရ၏ သဘောထားအတွက် တင်ပြဆွေးနွေးမှုများ ရှိခဲ့သည်။
မြန်မာ့အရေး ဆွေးနွေးခဲ့သူ အိန္ဒိယ အထက်လွတ်တော်အမတ်နှင့် ဗဟိုတရားရုံးချုပ်ရှေ့နေ Ram Jethmalani က “အိန္ဒိယအစိုးရအနေနဲ့ ဒီထက်မက ထိထိရောက်ရောက် ပိုမို လုပ်ဆောင်နိုင်အောင် ကျနော်တို့ ဆက်ပြီး တိုက်တွန်းဖို့လိုမယ်၊ အခုဆို ပါလီမန်မှာ မြန်မာအကြောင်းကို ဆွေးနွေးလာကြတယ်၊ ဘယ်လိုလုပ်မယ်၊ ဘာလုပ်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မကျလာသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။
ဒီမိုကရေစီ အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် အမေရိကန် နှစ်နိုင်ငံတို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကို ပူးပေါင်းလုပ်ကိုင်နေသော ယခု အချိန်ကာလတွင် အိန္ဒိယ အစိုးရအနေဖြင့် ဒီမိုကရေစီ အရေးကို ပိုမိုအားပေး လုပ်ဆောင်သင့်သည်ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချလိုက်ခြင်းနှင့် ပတ်သက်၍လည်း သူက “မြန်မာအစိုးရရဲ့လုပ်ရပ်ဟာ အတော့်ကို ဒီမိုကရေစီ နည်းလမ်း မကျတာဘဲ။ ဒါဟာ ၁၉၉၆ လူ့အခွင့်အရေး ဥပဒေနဲ့လည်း မညီညွတ်ဘူး၊ ၁၉၄၈ ကုလသမဂ္ဂ လူ့အခွင့်ရေးကြေညာစာတမ်းနဲ့လည်း မညီညွတ်ဘူး။ ကျနော့်အနေနဲ့ကတော့ နိုဘဲလ် ဆုရှင်လည်း ဖြစ်၊ အမျိုးသမီးတဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားမိတယ်။ သူ့ကို ဒီလိုလုပ်တာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော တောင်အာရှနိုင်ငံများ လူမှုစွမ်းအားမြှင့်တင်ရေးအဖွဲ့ (SAFPI) ကလည်း အိန္ဒိယအစိုးရ၏ ဖွင့်ဟပြောကြားလာမှုကို ကြိုဆို ထောက်ခံကြောင်း ပြောသည်။
“အဓိကအကျဆုံးနဲ့ ပထမဆုံးလုပ်ရမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ပါပဲ။ အဲဒီအတွက် မြန်မာအစိုးရကို ဖိအားတွေဆက် ပေးသွားဖို့လိုပါမယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရကို အစိုးရချင်း တွေ့ဆုံဆွေးနွေးဖို့လည်း လိုပါမယ်” ဟု အထွေထွေအတွင်းရေးမှူး Sudhindra Bhadoria က ပြောဆိုသည်။
SAFPI အနေဖြင့် မြန်မာအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တိုက်တွန်းစာများကို မြန်မာသံရုံးများနှင့် ကုလသမဂ္ဂရုံးများသို့ ပေးပို့သွားမည်ဟု သိရသည်။
သူကဆက်၍ “မြန်မာအစိုးရရဲ့ အခုလိုလုပ်ရပ်အပေါ် အင်မတန် စိတ်ဆိုး စိတ်ပျက်မိပါတယ်။ ဒီလို လုပ်ရပ် ဟာ အင်မတန်ရှက်စရာကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီထဲကမှ မြန်မာအစိုးရ စွပ်စွဲသလို ဥပဒေ ချိုးဖောက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါဟာ သူတို့လုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်စေဖို့ တမင်လုပ်တာဆိုတာ ထင်ရှားပါတယ်” ဟုဆိုသည်။
အိန္ဒိယ အစိုးရက မြန်မာအစိုးရကို ဖိအားပေးလာချိန်တွင် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၁၀၀ ကျော်တို့ကလည်း နယူးဒေလီရှိ မြန်မာသံရုံးရှေ့နှင့် ဂျန်တားမန်တား ပန်းခြံတို့တွင် ဒေါ်အောင်ဆန်း စုကြည်ကို တရားစီရင်မှုနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်ဆန္ဒပြခဲ့သူ ကိုအေးမင်းက “ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအပြစ်ဒဏ်ချတာ လုံးဝမကျေနပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးမချင်း အခွင့်အရေးရတိုင်း မြန်မာသံရုံး ရှေ့လာပြီး ဆန္ဒပြရမှာပဲ” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ဆန္ဒပြသူများသည် မြန်မာသံရုံးရှေ့ အုတ်နံရံနှင့် တံခါးတို့တွင် ဒေါ်အောင်ဆန်းစုကြည် ပုံများကပ်၍ 'Free Aung San Suu Kyi' စာတမ်းများကို ဆေးရောင်စုံဖြင့်ရေးဆွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်း လွှတ်ပေးရန် ကြွေးကြော်ခဲ့ကြသည်။
မြန်မာသံရုံးရှေ့သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားခဲ့ရာ ဖမ်းဆီးဖြိုခွင်းခြင်း တစုံတရာ မရှိခဲ့သော်လည်း အိန္ဒိယရဲများက လူဦးရေ ၆၀ ကျော်ပါဝင်သော ဒုတိယအဖွဲ့၏ ကားသော့ကို ဖြုတ်သိမ်းထားသောကြောင့် ဆန္ဒပြသူများက မပြန်ဘဲ ဆက်လက်ဆန္ဒပြရန် ပြင်ဆင်သောအခါမှ သော့ပြန်ပေး၍ ထွက်ခွာခွင့်ပြုခဲ့သည်။ မြန်မာသံရုံးမှ တာဝန်ရှိသူများက ရုံးတွင်းမှနေ၍ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers