www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

လေးဖြူနှင့် နာမည်ကြီးအဆိုတော်များ ရန်ကုန်တွင် ဖျော်ဖြေမည်

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ သြဂုတ်လ ၁ ရက်နေ့၊ စနေနေ့တွင် ကျင်းပမည့် Iron Cross (IC) Unplugged စင်မြင့်ဖျော်ဖြေပွဲ အတွက် ပွဲကြည့်ပရိသတ်များ လက်မှတ်ရရန် အပြေးအလွှား ဝယ်နေကြကြောင်း ကြားသိရသည်။


(ဓာတ်ပုံ - အလင်းတန်းဂျာနယ်)

“ကျမ တို့မှာလက်မှတ်မရလို့ မကြည့်ရတော့ဘူး နဲ့တူပါတယ်။ ဒါပေမယ့် ပွဲနေ့ကျရင်တော့ သုဝဏ္ဏကွင်းရှေ့ ကို စောစော သွားပြီး အဲ့ဒီရှေ့ မှာရောင်းမယ့်မှောင်ခို လက်မှတ်ကိုပဲမျှော်ရတော့မှာပဲ။ အရင် ဒီ သုဝဏ္ဏ မှာလုပ်တဲ့ IC နာဂစ်ရှိုးတုန်းကလည်းဒီလိုပဲ မရတော့ဘူး ဆိုပြီး နောက်မှ ရတယ်” ဟု IC ၏အမြဲတမ်းပရိသတ် တဦးကပြောသည်။

အဆိုပါ Unplugged ဖျော်ဖြေပွဲတွင် IC တေးဂီတအဖွဲ့နှင့်အတူ “A.O.C” အမည်ရှိ တယောအဖွဲ့ နှင့် လေမှုတ် တူရိယာများ ပါဝင်တီးခတ်မည် ဖြစ်ပြီး IC ၏ ပင်တိုင် အဆိုတော်များဖြစ်ကြသည့် လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း တို့သီဆိုဖျော်ဖြေမည်ဟု ၎င်းတေးဂီတအဖွဲ့မှ ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောသည်။

“လက်မှတ်မရဘူး ဆိုရင် ပွဲကောင်းတခုလွတ်သွားသလို ခံစားရမှာပေါ့။ နောက်ဒီလိုပွဲမျိုး လာမယ်၊ မလာဘူး ဆိုတာ မသေချာဘူးလေ” ဟု ယနေ့ နေ့လယ်အထိလက်မှတ်မရသေးသော IC ပရိသတ် တဦးက ဧရာဝတီ ကိုပြောသည်။

I.C ပွဲကို ဆိုင်းဘုတ်တွင် Unplugged With A.O.C Orchestra ဟုကြေညာထားသည်ကို မြင်တွေ့ ကတည်းက “သွားကြည့်ကိုကြည့်ရမယ်” ဟုဆုံးဖြတ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင်၂၀၀၈ ခုနှစ် သြဂုတ် လ ၂၆ ရက်နေ့ နာဂစ်ရံပုံငွေအဖြစ် ဖျော်ဖြေခဲ့စဉ်ကလည်း ယခုကဲ့သို့ပင် ရန်ကုန်ပရိသတ်များ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြသည်။အဆိုပါ ပွဲသည် IC ၏ ပင်တိုင်အဆိုတော် လေးဖြူ မှာ စတိတ်ရှိုးသီဆိုမှုကို ၃ နှစ်ကျော် နားထားရာမှ ပထမဆုံး အနေဖြင့် ပြန်လည် သီဆိုခဲ့ခြင်းလည်းဖြစ်သည်။

စင်မြင့်ဖျော်ဖြေပွဲကို ခုံဖြင့် ကြည့်ရှုအားပေးနိုင်ရန် စီစဉ်ထားပြီး လက်မှတ်များကို ကျပ် ၂၀၀၀၀ ၊ ၁၅၀၀၀ ၊ ၁၂၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ၊ ၆၀၀၀ ဟူ၍ သတ်မှတ် ထားကာ ရန်ကုန် Alpine ရုံးချုပ် ၊ မန်းသီရိတေးသံသွင်း နှင့် Ko Ko Nyi Nyi Beauty Salon တို့တွင် ရနိုင်သည်ဟု သိရသည်။ ၆၀၀၀ တန်းမှာ လုံးဝပြတ်လပ်သွားပြီဟုလည်း သိရသည်။

Iron Cross Music Entertainment အဖွဲ့သည် လာမည့် သြဂုတ်လ ၅ ရက်နေ့တွင်လည်း စင်ကာပူသို့ Unplugged ဖျော်ဖြေရန် သွားရောက်မည်ဟု ကိုခင်မောင်သန့်က ပြောသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers