www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကတိနဲ့အညီ အကျဉ်းသားတွေ လွှတ်ဖို့ အတွင်းရေးမှူးချုပ် စစ်အစိုးရကို တိုက်တွန်း

မြန်မာ စစ်အစိုးရကိုယ်တိုင် လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုကို လာမယ့် သောကြာနေ့မှာ တရားရုံးက စီရင်ချက်ချမယ်လို့ ကြေညာထားနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားတာပါ။ စစ်အစိုးရဘက်က ကတိက၀တ်အတိုင်း လိုက်နာဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ပြီး တရားစွဲဆိုနေတဲ့ အပေါ် သူ့အနေနဲ့ စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုတ်သိမ်းပြီး ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း စစ်အစိုးရကို သူ ရှင်းရှင်းလင်းလင်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က လိုက်လျောလာအောင် သူ့ဘက်က ထပ်ပြီး တိုက်တွန်းတောင်းဆိုသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခရီးစဉ်က ပြန်လာခဲ့ကတည်းက မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

Followers